706 - 710

347 33 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 706 )  ရှဲ့နျန်ချင်း၏ တည်နေရာ

အကန့်သတ်မဲ့ကျယ်ပြောသော တောင်တန်းကြီး။

ဤတောင်ကြီးကြားတွင် မိုင်တစ်ရာခန့်ရှည်သော ချိုင့်ဝှမ်းကြီးတစ်ခု ရှိနေသည်။ ချိုင့်ဝှမ်းတစ်ခုလုံးမှာတော့ အလွန်တိတ်ဆိတ်နေ၏။ 

ယင်းက မြွေတစ်သောင်းချိုင့်ဝှမ်း ဖြစ်ချေသည်။ မြွေတစ်သောင်းချိုင့်ဝှမ်းအတွင်း၌ အဆိပ်ပြင်းသော မြွေမျိုးစုံ ရှိနေသည်။ အဆိပ်ပြင်းမြွေ အမျိုးအစား တစ်သောင်းအထိ ရှိ၏။ ထို့ကြောင့် အခြားနတ်ဆိုးသားရဲများသည် ဤနေရာသို့ မချဉ်းကပ်ဝံ့ဘဲ ချိုင့်ဝှမ်းတစ်ခုလုံး တိတ်ဆိတ်နေတော့သည်။ 

ထိုအချိန်တွင် လုမင်နှင့်ချီယွဲ့က ကျားသစ်နီရုပ်သေးကြီးကိုစီး၍ မြွေတစ်သောင်းချိုင့်ဝှမ်းအတွင်းသို့ ဆင်းသက်လာသည်။

ထို့နောက် ရုပ်သေးကိုသိမ်းဆည်းကာ ခြေလျင် လျှောက်သွားခဲ့၏။

"ဝှစ် ဝှစ်…"
၎င်းတို့ ဝေးဝေးမသွားခင်မှာပဲ အနက်ရောင်လျှပ်စီးလက်သကဲ့သို့ အဆိပ်ပြင်း မြွေကြီးတစ်ကောင်ဟာ ခုန်ပေါက် တိုက်ခိုက်လာသည်။

"ဝှစ်"
ချီယွဲ့က ပေါ့ပေါ့ပါးပါး ခြေလှမ်းလိုက်သောအခါ ကမ္ပည်းအစီရင်တစ်ခု ထွက်ပေါ်လာခဲ့၏။ ကမ္ပည်းအစီရင်မှ မြှားဒါဇင်ချီပြီး ထွက်ပေါ်လာကာ အနက်ရောင်အရိပ်ကို ပစ်ခွင်းလိုက်တော့သည်။

ထို့နောက် သူတို့နှစ်ယောက်ဟာ ဆက်လက် လျှောက်လှမ်းခဲ့ကြသည်။

ဤချိုင့်ဝှမ်းသည် အလွန်ကျယ်သည်။ အနည်းဆုံး  ဆယ်မီတာခန့်ရှည်သော ပေါင်းပင်များ၊ နွယ်ငန်းပင်များနှင့် ကျောက်တုံးများသည် ချိုင့်ဝှမ်းတွင်း၌ ပြည့်နှက်နေ၏။ အချို့နေရာများတွင် နံစော်နေသော ရွှံ့နွံအိုင်များပင် ရှိနေကြလေသည်။ ဤပတ်ဝန်းကျင်က အဆိပ်ပြင်းမြွေများ ပေါက်ဖွားကြီးပြင်းရန်အတွက် အသင့်တော်ဆုံး ဖြစ်သည်။

လမ်းတစ်လျှောက်တွင် အဆိပ်ပြင်းမြွေများစွာ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသော်လည်း အားလုံးက  သိုင်းဘိုးဘေးအဆင့်နှင့် ညီမျှသော အဆင့်ငါးအောက်တွင် ရှိပေသည်။ ထို့ကြောင့် လုမင် သို့မဟုတ် ချီယွဲ့အနေဖြင့် အလွယ်တကူ ဖယ်ရှားပစ်နိုင်ခဲ့ကြသည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Dove le storie prendono vita. Scoprilo ora