ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ - ထာဝရ
အပိုင်း ( 221 ) 'ဘယ်သူက ဘယ်သူ့ကိုသတ်မယ်ဆိုတာ ကြည့်ကြရအောင်'"ကြယ်တာရာနန်းတော်ဝင်တွေက ငါ့ရဲ့ ရှီဖန်းဓားဂိုဏ်းသားတွေကို ဘယ်လိုယှဉ်နိုင်မှာလဲ… ထွက်သွားစမ်း"
ချိုးဝူကျစ်က ဟိန်းဟောက်လိုက်ပါသည်။"ချိုးဝူကျစ်… သိပ်လွန်မလာနဲ့နော်၊ အခြားသူတွေက မင်းကိုကြောက်နိုင်ပေမယ့် ငါကတော့ ဂရုမစိုက်ဘူး"
ဆံနီအဘိုးအိုက ခြင်္သေ့တစ်ကောင်လို ရဲရင့်စွာ ဟိန်းဟောက်လိုက်ပါသည်။"မင်း…"
ချိုးဝူကျစ်၏မျက်နှာက သုန်မှုန်သွားခဲ့ပါသည်။အခြားသူတွေဆိုရင်တော့ ရှီဖန်းဓားဂိုဏ်း၏ အမည်ကြားတာနှင့် တုန်လှုပ်နေကြပေလိမ့်မည်။ သို့သော် ဆံနီအဘိုးကြီးကတော့ ရူးသွပ်နေသူတစ်ယောက်လို ဘယ်သူ့ကိုမှ ဂရုမစိုက်ပါချေ။
ထို့ကြောင့်ပင် ဆံနီအဘိုးအိုကို တော်ဝင်မိသားစုက စေလွှတ်ခဲ့ပုံရလေသည်။
"ချိုးဝူကျစ်… မင်းတိုက်ခိုက်ချင်ရင်လည်း လာခဲ့၊ စကားများနေစရာ မလိုဘူး… မဟုတ်ရင်၊ သွေးပုရွက်ဆိတ် လျှို့ဝှက်နယ်မြေကို ဝင်ခွင့်ကို လက်လွှတ်လိုက်ရမယ်"
ဆံနီအဘိုးကြီးက ဆက်ပြောလိုက်သည်။"ကောင်းတယ်… သိပ်ကောင်းတယ်၊ အဘိုးကြီး… ဒီကောင်လေးကို မင်းဘယ်လောက်ထိ ကာကွယ်နိုင်မှာလဲ… ဟေ့…ရှီဖန်းဓားဂိုဏ်းသားတွေ အမိန့်နာခံမယ်… ငါမင်းတို့ကို တာဝန်အသစ်ထပ်ပေးလိုက်မယ်… မင်းတို့ သွေးပုရွက်ဆိတ် လျှို့ဝှက်နယ်မြေကိုရောက်တာနဲ့ အဲဒီကောင်လေးကို အစွမ်းကုန်သုံးပြီး သတ်ဖြတ်ကြရမယ်… သူ့ကို သတ်နိုင်ရင် ဘယ်သူပဲဖြစ်ဖြစ် ငါကိုယ်တိုင်ဆုပေးမယ်"
ချိုးဝူကျစ်က လုမင်ကို လက်ညိုးထိုးကာ ပြောလိုက်သည်။"ကောင်းပါပြီ၊ အကြီးအကဲ မစိုးရိမ်ပါနဲ့… အဲဒီကောင်ကို ကျွန်တော် ကိုင်တွယ်လိုက်မယ်"
"အဲဒီကောင်ရဲ့အသက်က ကျုပ်အပိုင်ပဲဗျ"
ရုတ်တရက် ရှီဖန်းဓားဂိုဏ်းသားတွေဟာ လုမင်ကို သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် ကြည့်လိုက်ကြပါသည်။
YOU ARE READING
ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1
Adventureမူရင်းစာစဉ်အမည် - Everlasting Dragon Emperor (ထာဝရနဂါး တန်ခိုးရှင် ) အဓိကဇာတ်ကောင် - လုမင် အမျိုးအစား - ကျင့်ကြံခြင်း၊လှုပ်ရှားမှု၊စိတ်ကူးယဉ်၊ ရွှမ်ဟွမ် မူရင်း စာရေးဆရာ - Mu Tong Ting Zhu ဘာသာပြန်သူ - ထာဝရ လူငယ်လေးလုမင်ဟာ သွေးကြောလုယူခြင်းခံရပြီး အသ...