အခန်း ၁၀၇၆
ကျားဖြူကောင်းကင်မီးဖိုက အသန်မာဆုံးနတ်ဆိုးဘုရင်ကို အောင်နိုင်သွားခြင်းမြို့တော်သခင်ကျိုးက မီတာတစ်ထောင်အကွာအဝေးကို တစ်ဟုန်ထိုး ပြေးလာပြီးနောက်တွင် မသေမျိုးသစ်ပင်ရှိရာနှင့် ပို၍ နီးကပ်လာသည်။
သူ၏ နှလုံးသားမှာ နစ်မြုပ်နေသည်။ ပါးစပ်ကို အုပ်ထားပြီး ပူဆွေးမှုနှင့် မချိတင်ကဲ ဝေဒနာများကို ခံစားနေရကာ မျက်ရည်ဝဲလာသည်။
ဖုန့်ကွမ်ကျန်း၏စွမ်းအားက ထိုသို့ သန်မာလိမ့်မည်ဟု သူ မထင်မှတ်ထားပေ။
အရေးကြီးဆုံးမှာ ဖုန့်ကွမ်ကျန်းက မသေမျိုးသစ်ပင်နေရာတွင် မျက်နှာပြောင်တိုက်ပြီး လှုပ်ရှားလိမ့်မည်ဟု သူနှင့် လျှို့ကျန့်တျွေ့ မည်သည့်အခါမှ မထင်ထားပေ။
ထိုမျှသာမက ၎င်းက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ မြို့တော်သခင်နှစ်ယောက်ကို လုပ်ကြံခြင်းပင်။
ဖုန့်ကွမ်ကျန်း မသတီစရာကောင် ... သူက မြို့တော်သခင်တွေ သတ်ရတာကို အရူးအမူးစွဲလန်းနေတာလား ...
သူက မြို့တော်သခင်ရွှယ်ကို သတ်ခဲ့ပြီး အခုလည်း သူနဲ့ လျှို့ကျန့်တျွေ့ကို သတ်ချင်နေပြန်ပြီ ... အဲ့လိုရွံစရာကောင်က သေသင့်တယ် ...
သူ၏ရင်ထဲတွင် ဖုန့်ကွမ်ကျန်းကို စိတ်ဆိုးဒေါသဖြစ်စွာဖြင့် မည်သို့ ပြောဆိုနေပါစေ လျှို့ကျန့်တျွေ့ ပြဿနာ တက်နေပြီကို သူ ရှင်းရှင်းလင်းလင်းသိသည်။
သူ၏မူလဝိညာဉ်ကို လောင်ကျွမ်းလိုက်ခြင်းက စိတ်ဝိညာဉ်ကို လောင်ကျွမ်းစေခြင်းနှင့်တူသည်။ ကြီးမားလှသည့် စွမ်းအားကို အချိန်တိုအတွင်း ရရှိခဲ့သော်လည်း ထိုစွမ်းအား လျော့နည်းသွားသည်နှင့် သေဆုံးခြင်းနှင့် မဝေးတော့ဟု ဆိုလိုသည်။
ရက်စက်ကြမ်းကြုတ်သည့် ရှေးဟောင်းသားရဲအဖြစ် အသွင်ပြောင်းသွားသည့် ဖုန့်ကွမ်ကျန်း ... မြို့နော်သခင်ကျိုး ထိုကဲ့သို့စွမ်းအားမျိုးကို ယခင်က မမြင်ဖူးပေ။
ထို့ကြောင့် လျှို့ကျန့်တျွေ့ အသက်ရှင်ရန် မျှော်လင့်ချက်က တည်ရှိမနေပေ။
YOU ARE READING
အချက်အပြုတ် နတ်ဘုရား ( ပုဖန် ) Book 2 ( Ch 996 - ) (ခွင့်ပြုချက်ရပြီး)
Adventureအဇူး လေးမှာပြောစရာရှိပါတယ်။ ဒါလေးကတော့ လူတိုင်းသိကြမဲ့ IQ team လေးက ဘာသာပြန်ခဲ့တဲ့ အပုဒ်တွေထဲက တစ်ပုဒ်ဖြစ်ပါတယ်။Completed ဖြစ်ပြီးသားပါ။ ဒါလေးကိုကြိုက်လို့ IQ Team က အရှင်းလေးဆီကနေ တင်ပြဖို့ခွင့်သွားတောင်းလာပြီး ဒီမှာပြန်လာတင်ပေးခြင်းဖြစ်ပါတယ်။ ဒီ၀တ...