အခန်း ၁၂၇၁
ငါတို့စာရင်း ရှင်းဖို့ အချိန်ပဲလူတိုင်း ထိတ်လန့်စရာမြင်ကွင်းကြောင့် မှင်သက်သွားကြသည်။
သူဘယ်လိုလုပ်လိုက်တာလဲ... အဲ့တာ အလှတရားပင့်ကူတစ်အုပ်ကြီးလေ.... ဘုံနှစ်ပါးသူတော်စင်ငယ်တောင် အဲ့လိုပင့်ကူအုပ်နဲ့ဆုံရင် သေချာပေါက်သေမှာကို.. ဒါပေမဲ့ စားဖိုမှူးလေးက ပြန်တိုက်ခိုက်နိုင်သေးတယ်...
ဓားတစ်ချက်ဖြင့် အလှတရားပင့်ကူအားလုံး တစ်ပိုင်းပြတ်ပြီး သေသွားရသည်။ ပင့်ကူဘုရင်မကသာ ဒဏ်ရာပြင်းထန်စွာရပြီး လွတ်မြောက်သွားရသည်။
အခုလေးတင် ဘာတွေဖြစ်သွားတာလဲ...
လူတိုင်း စိတ်ရှုပ်ထွေးသွားကြသည်။သေရေးရှင်ရေး အခြေအနေဖြစ်နေပေမဲ့ စားဖိုမှူးလေးက ဘယ်လိုကြောင့် လွယ်လွယ်ဖြေရှင်းလိုက်နိုင်သွားတာလဲ...ပြီးတော့ နဂါးချောကြီးနီကိုးလက်စ်ဆိုတာဘာလဲ... ဘယ်သူက အဲ့လိုငတုံးနာမည်ကြီးရွေးမှာလဲ..
အလှတရားပင့်ကူများစွာကို သတ်ပြီးနောက်တွင် ဆံပင်ရွှေဝါရောင်နှင့်ပုဖန်က မူလနေရာတွင်သာရပ်နေဆဲဖြစ်သည်။ သူ့မျက်နှာပေါ်တွင် အပြုံးဖျော့ဖျော့လေးရှိနေပြီး သူ့လက်သူ နှုတ်ခမ်းပေါ်တင်ထားကာ သူ၏ရွှေရောင်ဆံပင်များက လေနှင့်အတူ လွင့်မျောနေသည်။ သူလုပ်နေသည့်ပုံစံက လူတိုင်းကိုအံ့ဩသွားစေပြီး ထူးဆန်းသောအမူအယာများဖြစ်လာကြသည်။
ဒါ သူတို့သိတဲ့ မျက်နှာသေကြီးနဲ့ စားဖိုမှူးလေးရော ဟုတ်သေးရဲ့လား... သူ့မျက်နှာက အကြောဆွဲနေတာတော့ မဟုတ်ပါဘူးနော်... အရမ်းကိုပြုံးရယ်နေလွန်းလို့ သူ့ပါးစပ်ကြီးလည်း မျက်နှာပေါ်က ပြုတ်ကျတော့မယ်...
ပရိတ်သတ်များက သူတို့စိတ်ထဲရှိ ပုဖန်၏ပုံရိပ်က လုံးဝအက်ကွဲသွားသလိုခံစားလိုက်ရသည်။
ထိုအချိန်တွင် လူများက တစ်စုံတစ်ခုကိုသိသွားရသည်။ ပုဖန်၏ဆံပင်အရောင်ပြောင်းသွားတိုင်း သူ၏စရိုက်ပြောင်းသွားကြောင်း သတိထားမိသွားကြသည်။
အနက်ရောင်ဆံပင်နှင့်ပုဖန်က မျက်မှာသေနှင့်ဖြစ်သည်။ သူကအေးစက်ကာ တည်ငြိမ်ပြီး စကားပြောရတာမကြိုက်ပေ။
YOU ARE READING
အချက်အပြုတ် နတ်ဘုရား ( ပုဖန် ) Book 2 ( Ch 996 - ) (ခွင့်ပြုချက်ရပြီး)
Adventureအဇူး လေးမှာပြောစရာရှိပါတယ်။ ဒါလေးကတော့ လူတိုင်းသိကြမဲ့ IQ team လေးက ဘာသာပြန်ခဲ့တဲ့ အပုဒ်တွေထဲက တစ်ပုဒ်ဖြစ်ပါတယ်။Completed ဖြစ်ပြီးသားပါ။ ဒါလေးကိုကြိုက်လို့ IQ Team က အရှင်းလေးဆီကနေ တင်ပြဖို့ခွင့်သွားတောင်းလာပြီး ဒီမှာပြန်လာတင်ပေးခြင်းဖြစ်ပါတယ်။ ဒီ၀တ...