1321 - 1325

246 34 0
                                    

အခန်း ၁၃၂၁
အချက်အပြုတ်နတ်ဘုရား စိတ်စွမ်းအင်၏ အရည်စက်များ

ပုဖန် မီးဖိုချောင်ထဲမှထွက်လာသည်။ သူ၏ဖြူဖျော့နေသော မျက်နှာဖြင့် နယ်သာရီနှင့်မြေခွေးလေးကိုကြည့်လိုက်သည်။ ဤသည်မှာ သူတို့အတွက် ပုဖန်ကိုဤမျှဆိုးရွားသည့်အခြေအနေဖြင့် မြင်ဖူးသည့်ပထမဆုံးအကြိမ်ဖြစ်ပေသည်။ သို့သော် သူ၏စိတ်မချမ်းမြေ့ဖွယ် အခြေအနေနှင့်ဆန့်ကျင်ဘက်ဖြစ်စွာဖြင့် သူ့မျက်နှာက အမူအရာမဲ့နေလျက်သာရှိသည်။ သူ နတ်ဘုရားကြက်သားသုံးခွက်ဟင်းကို စားပွဲပေါ်တင်လိုက်သည်။ ၎င်းက ဆွဲဆောင်မှုမရှိသကဲ့သို့ အနံ့လည်းမမွှေးသည့်ဟင်းပွဲဖြစ်သည်။ အခြားဟင်းပွဲများနှင့် ကွာခြားနေသည့်အရာတစ်ခုမှာ စိတ်ဝိဉာဉ်အဆီအနှစ်များ စိမ့်ထွက်နေခြင်းသာဖြစ်သည်။

ပုဖန်ဒါကိုချက်ခဲ့တာလား.... သူအခုလေးတင် မီးဖိုချောင်ထဲမှာချက်နေတာ ဒါပေါ့လေ....
နယ်သာရီက သူကို သံသယဖြစ်စွာကြညိ့နေသည်။

သူတကယ်ပဲချက်ခဲ့တာလား.... ဒါဆိုမီးဖိုချောင်ထဲမှာ ဘာလို့ သေခြင်းအငွေ့အသတ်တွေ ခံစားနေရတာလဲ... ဟင်းချက်တာက အဲ့လောက် အန္တရာယ်များလို့လား....

ပုဖန် ထိုင်ခုံတစ်ခုံကိုဆွဲယူပြီး ထိုင်လိုက်သည်။ နယ်သာရီ၏ ပဟေဠိဖြစ်နေသော အမူအရာကိုကြည့်ပြီး ခပ်တိုးတိုးပြောလိုက်သည်။
"မြည်းကြည့်လိုက်.... ငါမင်းအတွက်ချက်ပေးထားတာ..."

သူကငါ့အတွက်ချက်ပေးတာတဲ့လား....
နယ်သာရီ ပုဖန်ကို ကြည့်လိုက်သည်။ ထို့နောက် တူကိုမြှောက်လိုက်သည်။

ပုဖန်က နယ်သာရီ ထိုဟင်းပွဲကို စားတော့မည်မှန်း မြင်လိုက်ရ၍ အတော်လေးစိတ်သက်သာရာရသွားပြီး ထိုင်ခုံပေါ် လုံးဝမှီတွယ်ပြီး ထိုင်လိုက်သည်။ သူယခုလေးတင် ဖြစ်ပျက်သွားသမျှကို ပြန်လည်တွေးနေလိုက်သည်။

၎င်းက သူကြုံတွေ့ဖူးသမျှထဲတွင် အကြီးမားဆုံး အတားအဆီးကြီးဖြစ်ပြီး သူပင် သေလုနီးပါးပင်ဖြစ်သွားရသေးသည်။ အမှန်အတိုင်းပြောရလျှင် ဤသည်က သူ့အတွက် သေခြင်းတရားနှင့် အလွန်နီးကပ်သွားခဲ့ဖူးသော ပထမဆုံးအကြိမ်ဖြစ်သည်။ အန္တရာယ်အရင်းအမြစ်က မမြင်နိုင်သည့်ကျွမ်းကျင်သူတစ်ဦးထံမှမဟုတ်သလို သန်မာလှသည့် ရန်သူတစ်ယောက်ထံမှမဟုတ်လေဘဲ သူ့နှင့်အလွန့်အလွန်နီးစပ်လှသော စနစ်ထံမှဖြစ်လေသည်။ ၎င်းက သူ့ကို စနစ်၏ ဇစ်မြစ်အကြောင်း စတင်တွေးတောလာစေမိသည်။

အချက်အပြုတ် နတ်ဘုရား ( ပုဖန် ) Book 2 ( Ch 996 -      ) (ခွင့်ပြုချက်ရပြီး)Donde viven las historias. Descúbrelo ahora