1601 - 1605

69 6 2
                                    

အခန်း ၁၆၀၁
ဒီအသင့်စားခေါက်ဆွဲ‌တွေက အရသာရှိလိုက်တာ...

ကမ္ဘာလုံးဆိုင်ရာ အချက်အပြုတ်အတတ်ပညာပြိုင်ပွဲကြီးက ကမ္ဘာတစ်လွှားမှ နိုင်ငံအားလုံး၏ အာရုံစိုက်မှုကို ရရှိထားသည်။ လူနေမှုအဆင့်အတန်း တိုးတက်လာတာသည်နှင့်အမျှ လူအများက အစားအသောက်ကို ပိုပိုပြီး အာရုံစိုက်လာကြသည်။ သို့ဖြစ်၍ ကမ္ဘာ့အဆင့်ပြိုင်ပွဲကြီးက မရေမတွက်နိုင်သော ကြည့်ရှု့သူများကို ရရှိထားပြီး ၎င်း၏ ဆုကြေးငွေကလည်း ဒေါ်လာတစ်သန်းအထိ မြင့်သွားသည်မှာ ဆိုဖွယ်ရာမဟုတ်တော့ပေ။

ကင်မရာပေါင်းများစွာက ပြိုင်ပွဲကို ရိုက်ကူးနေကြစဉ်တွင် မျက်လုံးတိုင်းကလည်း ပြိုင်ပွဲကျင်းပသည့်နေရာသို့ ရောက်ရှိနေသည်။

ရှောင်အိုက်က ပုဖန်၏နောက်မှ လိုက်လာသည်။ သူမခြေထောက်များက တုန်ယင်နေပေသည်။ သူမက ကွန်ပြူတာနှင့် ဒေတာများကိုသာ တစ်နေကုန် ကိုင်တွယ်ဖြေရှင်းနေရတတ်သော မိန်းမချောလေးတစ်ယောက်သာဖြစ်၍ ဤကဲ့သို့ပြိုင်ပွဲကြီးမျိုးကို ယခင်က မကြုံတွေ့ခဲ့ဖူးပေ။ ယခုအချိန်တွင် သူမ၏ ရင်ခုန်သံများက မြန်ဆန်လွန်းနေသည်။ တစ်ဖက်မှ ယွီကောမှာမူ ဘေးပတ်ဝန်းကျင်သို့ စိတ်ဝင်တစားကြည့်နေသည်။

ပုဖန်က အခြားခက်ခဲသည့်ဟင်းပွဲမျိုးကို ချက်ပြုတ်ခြင်းမဟုတ်ဘဲ အသင့်စားခေါက်ဆွဲကိုသာ ချက်ပြုတ်ခဲ့ခြင်းဖြစ်၍ အခြားစားဖိုမှူးအများစုထက် စောစီးစွာအပြီးသတ်နိုင်ခဲ့သည်။

သူ လျှောက်လာသည်ကို ဒိုင်လူကြီးများက ကြည့်နေသည်။ သူတို့က ရှေ့တွင် ဟင်းပွဲအနည်းငယ်ကို မြည်စမ်းခဲ့ပြီဖြစ်ပြီး ဒိုင်များအနေဖြင့် စည်းကမ်းတင်းကြပ်မှုကို ပြသခဲ့ပြီးဖြစ်သည်။ အချို့သောဟင်းပွဲများကိုမူ ထိုဒိုင်လူကြီးများက တူဖြင့် အနည်းငယ်မွှေနှောက်လိုက်ရုံဖြင့် အရည်အချင်းမပြည့်မီဖြစ်သွားရသည်။ သူတို့က ထိုဟင်းပွဲများကို တစ်ချက်မှ မမြည်းကြည့်ပေ။ သူတို့၏ ဇီဇာကြောင်မှုက မရေမတွက်နိုင်သော ပါဝင်သူများကို ခေါင်းကိုက်စေခဲ့သည်။

အခြားဒိုင် အယောက် ၃၀၀က အလွန်အကြူးဇီဇာမကြောင်ကြပေ။ အဓိက ဒိုင်ငါးယောက်ကသာ ထိုသို့ဖြစ်နေခြင်းပင်။ သို့ရာတွင် အဓိကဒိုင်ငါးယောက်ပေးသော အမှတ်အများစုကို နောက်ဆုံးရမှတ်တွင် ထည့်ပေါင်းမည်ဖြစ်သည်။

အချက်အပြုတ် နတ်ဘုရား ( ပုဖန် ) Book 2 ( Ch 996 -      ) (ခွင့်ပြုချက်ရပြီး)Waar verhalen tot leven komen. Ontdek het nu