1566 - 1570

66 4 0
                                    

အခန်း ၁၅၆၆
အိမ်ရှေ့စံမင်းသမီး၏ အထောက်အထားအမှန်

နတ်တစ်ပိုင်းအဆင့်တစ်ယောက်က အမှတ်စဉ်နတ်ဆိုးဝိညာဉ်ကို ယောက်ချိုတစ်ချောင်းနဲ့ ပျံထွက်သွားအောင် လုပ်လိုက်တယ်ပေါ့လေ...

ကမ္ဘာကြီးအပေါ် သူမ၏ အမြင်များ ပြောင်းလဲသွားသည်ဟုပင် အားမော့ခံစားလိုက်ရသည်။ သူမအနားမှ အိမ်ရှေ့စံမင်းသမီးမှာ စကြဝဠာ၏ ကြီးမြတ်ဥပဒေသလေးခုကို သိမြင်ထားသူဖြစ်သော်လည်း ထိပ်တန်းနတ်ဘုရားဘုရင်တစ်ပါးကိုပင် မနည်းတိုက်ခိုက်ရမည့်လူဖြစ်သည်။ ယခုအချိန်တွင် သူမရှေ့မှနတ်တစ်ပိုင်းက ကောင်းကင်ကိုဖီဆန်နိုင်သည့်လူဖြစ်နေမည်ဟု မထင်ခဲ့မိပေ။ ထို့အပြင် သူ့လက်ထဲမှ ယောက်ချို၏စွမ်းအားက အံ့မခမ်းဖွယ်ဖြစ်သည်။

အိမ်ရှေ့စံမင်းသမီးက မျက်နှာကို ပဝါဖြင့်အုပ်ထားသော်လည်း သူမ၏ တောက်ပသောအကြည့်ကိုမူ ဖုံးကွယ်မထားနိုင်ပေ။
သူကတော့ အရင်အတိုင်း ဆန်းကြယ်တဲ့အရာတွေ ဖန်တီးပေးနိုင်တုန်းပဲပေါ့လေ...

" အဲ့... အဲဒီလူက ဘယ်သူပါလိမ့်..."
အားမော့ ရေရွတ်လိုက်သည်။

ဝုန်း...

ဝိညာဉ်ဆယ့်ခြောက်က နောက်ကို ပျံထွက်လာပြီး လေဟာနယ်ကိုပင် ပျက်စီးသွားစေသည်။ ရုတ်တရက် သူ့ခန္ဓာကိုယ်ကို တစ်ပတ်လှည့်ပြီး ကြယ်တာရာကောင်းကင်ထက်တွင် ဝပ်ချလိုက်သည်။ သူ့နဖူးပေါ်တွင် ဧရာမဘုကြီး ရှိနေသည်။

ထိုစားဖိုမှူးက သူ့ကို ယောက်ချိုဖြင့် ရိုက်လိုက်မည်ဟု သူ မထင်ထားခဲ့ပေ။
ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... ဝိညာဉ်ဆယ့်သုံးပြောတော့ အဲ့စားဖိုမှူးမှာ ဝှက်ဖဲ မရှိတော့ဘူးဆို... အဲဒါဆို ဒီယောက်ချိုကဘာလဲ... ဒါ တိုက်ဆိုင်တာပဲဖြစ်မယ်လို့ ငါထင်တယ်...

ဝိညာဉ်ဆယ့်ခြောက်က နောက်တစ်ကြိမ်ကြိုးစားကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ပုဖန်က တိုက်တန်နတ်ဘုရားမင်းဆက်သို့ တစ်ကြိမ်လာရောက်ခဲ့ပြီး စောင့်ရှောက်သူအပါအဝင် ဝိညာဉ်နတ်ဆိုးများစွာကို သတ်ဖြတ်ခဲ့ခြင်းဖြစ်၍ ဝိညာဉ်နတ်ဆိုးများအကြားတွင် အလွန်ကျော်ကြားသူဖြစ်သည်။ သို့ဖြစ်၍ သူတို့အားလုံး ပုဖန်ကို အထူးသတိထားနေကြပြီး အထင်မသေးရဲကြပေ။

အချက်အပြုတ် နတ်ဘုရား ( ပုဖန် ) Book 2 ( Ch 996 -      ) (ခွင့်ပြုချက်ရပြီး)Where stories live. Discover now