အခန်း ၁၆၂၆
ပျားရည်ငှက်တောင်ပံကင်အစပ်⚠️ WARNING ⚠️
(ရေးထားတဲ့အတိုင်းဘာပြန်ဆိုခြင်းဖြစ်ပါတယ် မည်သူ့ကိုမှ တိုက်ခိုက်စော်ကားလိုခြင်းအလျင်းမရှိပါ စိတ်ကူးယဥ်စာပေအနေအဖြစ်သာဖတ်ပေးဖို့ မေတ္တာရပ်ခံပါတယ် )ဖိုက်တာဂျက်လေယာဉ်ပျံက တဂျုန်းဂျုန်းမြည်နေသည်။ ထိုနေရာမှ အဝတ်စတစ်ခုကျလာပြီး ခေါင်းဆောင်လော့၊ ရှောင်အိုက်နှင့် အခြားလူများက ဖိုက်တာဂျက်လေယာဉ်ပေါ်မှ ခုန်ချလာသည်။ သူတို့ခန္ဓာကိုယ်များက အင်မော်တယ်များကဲ့သို့ မီတာသောင်းချီသောနေရာမှ ပြုတ်ကျလာသည်ကို ခံနိုင်ရည်မရှိသော်လည်း ဤအမြင့်နေရာမှဆိုလျှင် ခံနိုင်ရည်ရှိသေးသည်။
ကမ္ဘာကြီး၏ အမြင့်ဆုံးနေရာက အေးစက်နေသော်လည်း ခေါင်းဆောင်လေည့၏ အထူးစွမ်းအားက မီးဖြစ်သည်။ ၎င်းကို အသုံးပြုလိုက်ချိန်တိုင်းတွင် ဦးခေါင်းနေရာမှ မီးဟုန်းဟုန်းတောက်လာသည်။ သို့ဖြစ်၍ အေးစက်မှုကို မကြောက်လန့်ခြင်းဖြစ်သည်။ သို့ရာတွင် ရှောင်အိုက်နှင့် အခြားလူများကမူ စစ်ကုတ်အင်္ကျီ အလွှာအထပ်ထပ်ဖြင့် သူတို့ကိုယ်ကို ရစ်ပတ်ထားရသည်။
သူတို့က ပုဖန်ရှိရာသို့ ရောက်လာကြခြင်းဖြစ်သည်။ ရှောင်အိုက်က ဗီဒီယိုကင်မရာကိုကိုင်ထားဆဲဖြစ်သည်။ ပုဖန်က ရွှေရောင်ပံဧရာမငှက် သို့မဟုတ် ဂါရူဒါကိုချက်ပြုတ်နေသည့်မြင်ကွင်းအား ရိုက်ကူးထားလိုခြင်းဖြစ်သည်။ ထိုအတွေးကြောင့် သူမလက်များ တဆတ်ဆတ်တုန်ယင်လာသည်။ ၎င်းက အေးစက်မှုကြောင့် သို့မဟုတ် စိတ်လှုပ်ရှားမှုကြောင့်ဖြစ်သည်က်ို သူမ မသိပေ။
ဂါရူဒါက အိန္ဒိယရဲ့ မဟာနတ်ဘုရားလေ... သူက ကြီးမြတ်တဲ့ နတ်ဘုရားပဲ... ဟွားကို ရောက်လာတာနဲ့ ရက်ရက်စက်စက်အရိုက်ခံရပြီး စီနီယာဖမ်းတာခံလိုက်ရတာလေ... ငါဘာလို့ ဒီဟာကို စိတ်လှုပ်ရှားနေရတာလဲ...
ရှောင်အိုက်နှင့် ခေါင်းဆောင်လော့တို့ ပုဖန်ကိုချဉ်းကပ်လာချိန်တွင် သူက ဂါရူဒါတောင်ပံကို ကင်သည့်လုပ်ငန်းစဉ်ဆောင်ရွက်နေသည်။ ငွေရောင်နတ်ဘုရားမီးတောက်က ငြိမ်သက်စွာလောင်ကျွမ်းနေသည်။ ၎င်း၏အရောင်က ဘေးပတ်ပတ်လည်မှ နှင်းများနှင့် ဆင်တူဖြစ်ကာ အလွန်လှပနေသည်။ အပူရှိန်ပြင်းပြင်းဖြင့် လောင်ကျွမ်းနေခြင်းကြောင့် ရှောင်အိုက်နှင့် ခေါင်းဆောင်လော့ထံမှ အေးစက်မှုများပင် ပျောက်ကွယ်သွားသည်။
YOU ARE READING
အချက်အပြုတ် နတ်ဘုရား ( ပုဖန် ) Book 2 ( Ch 996 - ) (ခွင့်ပြုချက်ရပြီး)
Adventureအဇူး လေးမှာပြောစရာရှိပါတယ်။ ဒါလေးကတော့ လူတိုင်းသိကြမဲ့ IQ team လေးက ဘာသာပြန်ခဲ့တဲ့ အပုဒ်တွေထဲက တစ်ပုဒ်ဖြစ်ပါတယ်။Completed ဖြစ်ပြီးသားပါ။ ဒါလေးကိုကြိုက်လို့ IQ Team က အရှင်းလေးဆီကနေ တင်ပြဖို့ခွင့်သွားတောင်းလာပြီး ဒီမှာပြန်လာတင်ပေးခြင်းဖြစ်ပါတယ်။ ဒီ၀တ...