အခန်း ၁၅၄၁
ကြက်တောင်ပံကိုလာ အဆင်သင့်ဖြစ်ပါပြီ...ကြက်တောင်ပံကိုလာတဲ့လား...
ပုဖန်၏ နှုတ်ခမ်းများ အနည်းငယ် ရှုံ့မဲ့သွားသည်။ဒီဟင်းပွဲကလည်း အချက်အပြုတ်နတ်ဘုရားမီနူးထဲ ပါတာပဲလား... ဒီနေရာမှာ ဘယ်လိုလုပ်ပြီး ကိုလာကိုရှာရမှာလဲ ကိုယ့်ဘာသာလုပ်ရတော့မှာလား...
အချက်အပြုတ်နတ်ဘုရားမီနူးက ပို၍ပို၍ စိတ်ဝင်စားဖွယ်ကောင်းလာသည်ဟု ပုဖန်ထင်မိလာသည်။ ဤမီနူးကို ဖန်တီးခဲ့သူကလည်း ကမ္ဘာမြေမှရောက်ရှိလာသူဖြစ်ရပေမည်။ အဘယ့်ကြောင့်ဆိုသော် ကိုလာကို ကမ္ဘာမြေတစ်ခုတည်းတွင်သာ ရှာတွေ့နိုင်သောကြောင့်ပင်။ ကိုလာအကြောင်းတွေးမိသွားသည့်အခါ ၎င်း၏ လန်းဆန်းသောအရသာနှင့် သောက်လိုက်တိုင်းလျှာပေါ်တွင် ကျဉ်တက်သွားစေသည့်ခံစားချက်ကို ရုတ်ချည်း တမ်းတသွားမိသည်။
မီနူးထဲမှ အချက်အလက်များက သူ့ခေါင်းထဲ ဆက်တိုက်ဝင်ရောက်လာပြီး ကြက်တောင်ပံကိုလာကို ပြင်ဆင်ရမည့်နည်းလမ်းကြောင့် သူ အတွေးထဲနစ်မျောနေမိသည်။ ပုဖန် လက်နောက်ပစ်၍ရပ်နေပြီး မှတ်ဉာဏ်များကို အစီအစဉ်တကျဖြစ်အောင် ပြန်လည်ပြင်ဆင်နေသည်။ ချက်ပြုတ်ရန်အတွက် အလျင်မလိုနေပေ။
စနစ်... ကျုပ် ကိုလာကို ဘယ်ကနေရမှာလဲ...စနစ်က တွေးတောနေသကဲ့သို့ ချက်ချင်း ပြန်မဖြေပေ။ ခဏအကြာတွင်မှ ဂျုန်းခနဲအသံနှင့်အတူ စကားသံထွက်ပေါ်လာသည်။ ပုဖန်၏မျက်လုံးများ အရောင်လက်သွားရသည်။ လက်ကိုခါလိုက်ချိန်တွင် သူ့ရှေ့တွင် ပါဝင်ပစ္စည်းများ တစ်ခုပြီးတစ်ခုပေါ်လာသည်။ နောက်ဆုံးတွင် ပလစ်စတစ်ဘူးတစ်ဘူး သူ့ရှေ့သို့ရောက်လာသည်။ ရေခဲများ၏ပွတ်တိုက်သံကို ကြားလိုက်ရပြီး အေးစက်စက်အငွေ့များ မျက်နှာနားသို့ လာရောက်ရိုက်ခတ်သည်ကို ခံစားလိုက်ရသည်။
" ဟမ်..."
ပုဖန် ပလတ်စတစ်ဘူးကို သေချာကြည့်နေသည်။ ၎င်းက အနီရောင်ဖြစ်ပြီး အတွင်းတွင်လည်း ရေခဲတုံးများပါဝင်သည်။ သူ့ခန္ဓာကိုယ်ကို ရေခဲငွေ့များလာရောက် ပွတ်တိုက်နေသည်ကို ခံစားမိသည်။
" ဒါက ကိုလာလား... ပြီးတော့ အအေးခံထားသေးတယ်ပေါ့လေ..."
DU LIEST GERADE
အချက်အပြုတ် နတ်ဘုရား ( ပုဖန် ) Book 2 ( Ch 996 - ) (ခွင့်ပြုချက်ရပြီး)
Abenteuerအဇူး လေးမှာပြောစရာရှိပါတယ်။ ဒါလေးကတော့ လူတိုင်းသိကြမဲ့ IQ team လေးက ဘာသာပြန်ခဲ့တဲ့ အပုဒ်တွေထဲက တစ်ပုဒ်ဖြစ်ပါတယ်။Completed ဖြစ်ပြီးသားပါ။ ဒါလေးကိုကြိုက်လို့ IQ Team က အရှင်းလေးဆီကနေ တင်ပြဖို့ခွင့်သွားတောင်းလာပြီး ဒီမှာပြန်လာတင်ပေးခြင်းဖြစ်ပါတယ်။ ဒီ၀တ...