1496 - 1500

185 14 0
                                    

အခန်း ၁၄၉၆
ခွေးဘုရင်နောက်မှ အမျိုးသား

ပြိုင်ဘက်ကင်း ကြမ်းတမ်းတဲ့ ခွေးပဲ... အဲ့တာက တကယ်ပဲ ပြိုင်ဘက်ကင်း ကြမ်းတမ်းတဲ့ ခွေးကြီးပဲ...

သံချပ်ကာနက်က သူ့မျက်နှာသို့ ရိုက်ခတ်လာသော ရိုင်းစိုင်းလှသည့် မကောင်းဆိုးဝါးတစ်ကောင်၏ ကြောက်မက်ဖွယ် အော်ရာကြောင့် ကြောင်အသွားလေသည်။ သူက အနည်းငယ် တုန်ယင်သွားပြီး ကြောက်မက်ဖွယ်လှိုင်းတစ်ခုက တိုးဝှေ့နေသည်ကို ခံစားလိုက်ရသည်။ ခွေးနက်မှာ အဆင့်မြင့်နတ်ဘုရား တစ်ဦးသာဖြစ်သော်လည်း သူ့နှလုံးသားကို အကြောက်တရားများဖြင့် ပြည့်နှက်သွားစေသည်။

သူက လက်ရှိတွင် မြင်နေရသော မြင်ကွင်းကြောင့် ကျောရိုးတစ်လျှောက်စိမ့်အေးလာသည်ဟု ခံစားရပေသည်။

ကောင်းကင်မှာ နတ်ဘုရား ဘုရင်များ၏ ကျိုးပဲ့နေသော ခန္ဓာကိုယ်များနှင့် ပြည့်နှက်နေကာ ၄င်းတို့အလယ်တွင် ကြောက်မက်ဖွယ်ခွေးနက်ကြီးက နတ်ဘုရားများ၏ သွေးဖြင့် စိုရွှဲနေလေသည်။ အနက်ရောင် ကမ္ဘာမြေ အကျဉ်းထောင်မီးတောက်များနှင့် ကောင်းကင်ဘုံနတ်ဘုရား အရိုးတို့က သူ့အား ငရဲမှ ဝိညာဉ်ရိတ်သိမ်းသူတစ်ဦးနှင့် တူနေစေသည်။

အင်မော်တယ် ဝိညာဉ် နတ်ဘုရား မင်းဆက်မှ ကျင့်ကြံသူများက ကြောင်အနေကြသည်။ တိုက်တန် နတ်ဘုရား မင်းဆက်၏ ကျင့်ကြံသူများက ဤကဲ့သို့ သနားစဖွယ် အခြေအနေဖြင့် အဆုံးသတ်မည်ကို မယုံနိုင်ဖြစ်နေကြသည်။ နတ်ဘုရားများစွာက တစ်ချိန်တည်းမှာပင် တိုက်ခိုက်လာခဲ့ကြသော်လည်း ဤနေရာတွင် နတ်ဘုရား များစွာက သနားစဖွယ် သေဆုံးနေပေသည်။

သံချပ်ကာနက်နောက်မှ အစောင့်များက ပါးစပ်အဟောင်းသား ဖြစ်နေကာ ဘုရင် ဖျင်ယန်၊ ဘုရင် ထျန်းလုံနှင့် တခြားကျင့်ကြံသူများက သူတို့ကျောရိုးတစ်လျှောက် စိမ့်အေးသွားသည်ဟု ခံစားလိုက်ရလေသည်။ ဤသည်မှာ ကြောက်မက်ဖွယ် မြင်ကွင်းတစ်ခုဖြစ်သည်။ နတ်ဘုရားများ၏ သွေးများ စိုရွှဲနေသော ခွေးနက်ကြီးက သူတို့၏ အမြင်များကို လုံးဝ ပြောင်းလဲပစ်လေသည်။ သူက ဤမျှ စိတ်လွတ်လက်လွတ် သတ်ဖြတ်ရဲသည်ကိုပင် မယုံနိုင် ရှိနေကြသည်။

အချက်အပြုတ် နတ်ဘုရား ( ပုဖန် ) Book 2 ( Ch 996 -      ) (ခွင့်ပြုချက်ရပြီး)Donde viven las historias. Descúbrelo ahora