အခန်း ၁၃၉၆
လက်ဖက်နှင့် ပုစွန်ထုပ်လတ်ဆတ်သောပုစွန်ထုပ်များက ပုဖန်၏ဘေးနားတစ်ဝိုက်တွင် တဖျတ်ဖျတ်လူးနေသည်။ ၎င်းတို့က အရောင်တောက်ပနေပြီး အားပြင်းသောစွမ်းအားတစ်မျိုးကို ထုတ်လွှတ်နေသည်ဟုပင်ထင်ရသည်။ ဧရာမငှက်သားကို ရွေးချယ်လိုက်သော အားကျူအန်းနှင့် မတူသည်မှာ ပုဖန်က ဤတစ်ကြိမ်တွင် ပုစွန်ထုပ်များကို ရွေးချယ်လိုက်ခြင်းဖြစ်သည်။
ပုစွန်ထုပ်နဲ့ အသားလား...
ပတ်ဝန်းကျင်မှ လူအားလုံး ငြိမ်ကျသွားကြသည်။ သူတို့ထဲမှ လူအများစုက ချက်ပြုတ်တတ်သူများ မဟုတ်ကြပေ။ အစားအစာနှင့် သက်ဆိုင်လာပါက အသားကပိုကောင်းသည် ပုစွန်တုပ်က ပိုကောင်းသည်ကို မည်သူမျှမသိကြပေ။ ၎င်းက စားဖိုမှူး၏ အရည်အသွေးပေါ်တွင်သာ မူတည်နေသည်။
သို့ရာတွင် အားကျူအန်း၏ရွေးချယ်မှုက ဧရာမငှက်အသားဖြစ်သည်။ ၎င်းက ငွေတောင်ပံ ဧရာမငှက်သာဖြစ်သော်လည်း ဧရာမငှက်မျိုးစိတ်သာဖြစ်နေ၍ နဂါးအစစ်၏အသားနှင့် အရည်အသွေးက တန်းတူနီးပါးဖြစ်သည်။ လတ်ဆတ်သော မြစ်ပုစွန်တုပ်များနှင့် နှိုင်းယှဉ်၍ရနိုင်သော အရာမဟုတ်ပေ။
ပုဖန် ရွေးချယ်ထားသော ပုစွန်တုပ်များက သာမန်မဟုတ်ပေ။ အရည်အသွေးအားဖြင့် ကြည့်မည်ဆိုပါက ၎င်းတို့မှာ မည်သူတစ်ဦးတစ်ယောက်မှ မမြင်ဖူးခဲ့သည့် အဆင့်မြင့် ပုစွန်တုပ်များဖြစ်သည်။
ဒါပေမဲ့ အဲ့ပုစွန်တုပ်တွေ ဘယ်လောက်ကောင်းကောင်း သူတို့ကို ဧရာမငှက်အသားနဲ့တော့ ယှဉ်လို့ရပါ့မလား...ခွေးဘုရင်က အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်သွားမိသည်။ ပုဖန်က ပုစွန်တုပ်ကို မရွေးချယ်ပဲ နဂါးအသားကို ရွေးချယ်မည်ဟု ထင်ခဲ့ခြင်းဖြစ်သည်။
ကောင်လေးပုဖန်က နဂါးနံရိုးချိုချဉ်ချက်ပြီးတော့ အဲ့ကောင်ကို အနိုင်ယူလိုက်သင့်တာ... ဘာလို့ ပုစွန်တုပ်တွေကို ရွေးရတာလဲ... ပုစွန်တုပ်တွေက နဂါးနံရိုးခိုချဉ်ထက် ကောင်းမှာမို့လား... ကွာခြားချက်က ကြီးလွန်းနေတယ်လေ...
ပုဖန်၏ ဆုံးဖြတ်ချက်ကြောင့် အားကျူအန်း အံ့အားသင့်သွားမိသည်။ အရည်အချင်းရှိစာဖိုမှူးတစ်ယောက်ဖြစ်သော ပုဖန်က ဧရာမငှက်အသားက အရည်အသွေးကောင်းမွန်ကြောင်းကို သိမည်သာဖြစ်သည်။ ပုဖန်သည်လည်း ဧရာမငှက်အသားကို ရွေးချယ်လိုက်ပြီး သူနှင့်တူညီသော ပါဝင်ပစ္စည်းဖြင့် ထိပ်တိုက် ရင်ဆိုင်လိမ့်မည်ဟု ထင်ခဲ့မိသည်။ သို့ရာတွင် နောက်ဆုံး၌ ပုဖန်က ပုစွန်တုပ်များကိုသာ ရွေးချယ်သွားသည်။
STAI LEGGENDO
အချက်အပြုတ် နတ်ဘုရား ( ပုဖန် ) Book 2 ( Ch 996 - ) (ခွင့်ပြုချက်ရပြီး)
Avventuraအဇူး လေးမှာပြောစရာရှိပါတယ်။ ဒါလေးကတော့ လူတိုင်းသိကြမဲ့ IQ team လေးက ဘာသာပြန်ခဲ့တဲ့ အပုဒ်တွေထဲက တစ်ပုဒ်ဖြစ်ပါတယ်။Completed ဖြစ်ပြီးသားပါ။ ဒါလေးကိုကြိုက်လို့ IQ Team က အရှင်းလေးဆီကနေ တင်ပြဖို့ခွင့်သွားတောင်းလာပြီး ဒီမှာပြန်လာတင်ပေးခြင်းဖြစ်ပါတယ်။ ဒီ၀တ...