1281 - 1285

245 27 0
                                    

အခန်း ၁၂၈၁
ကျောက်ရုပ်တုတစ္ဆေဘုရင်များနှင့် ထပ်မံတွေ့ဆုံခြင်းနှင့် နည်းလမ်းဟောင်းကိုသာ ပြန်လည်အသုံးပြုခြင်း

" ဟမ် ..."
လုချန်က လက်နောက်ပစ်လျက် စမ်းချောင်းဝါမြို့၏ရှေ့ဘက်တွင် ရပ်နေသည်။ သူ့မျက်လုံးများမှေးကျုံ့ကာ ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်သည်။ အလင်းတန်းများတစ်ခုပြီးတစ်ခု ဖြာထွက်သွားသည်ကိုကြည့်ပြီး သူ၏မျက်လုံးများ အရောင်တောက်လာသည်။

" ကမ္ဘာမြေအကျဉ်းထောင်က တားမြစ်နယ်မြေတွေပဲ ... ကျဆုံးနတ်ဘုရားလိုဏ်ဂူက အရိုးစုနဲ့ မဟူရာဘုရားကျောင်းက သတ်ဖြတ်သူတွေပဲ ... ကြည့်ရတာ အဲ့ဒီတားမြစ်နယ်မြေတွေက အသိမဲ့ပန်းကို တစ်ယောက်ယောက်ယူသွားတာကို သိသွားပြီး သည်းမခံနိုင်ကြတော့တာ တကယ်မှန်တဲ့ပုံပဲ ..."
လုချန်က တစ်ကိုယ်တည်းရေရွတ်လိုက်သည်။ ထို့နောက် သူ၏နှုတ်ခမ်းထောင့်များ အနည်းငယ်တွန့်ချိုးသွားသည်။

" ငရဲအကျဉ်းထောင်က တားမြစ်နယ်မြေတွေကိုတော့ အရှင်တို့က တိတ်တဆိတ် ဖမ်းဆီးထားပြီးပြီ  မကြာခင်မှာ ကမ္ဘာမြေအကျဉ်းထောင်က တားမြစ်နယ်မြေတွေလည်း သူတို့ရဲ့ ပစ်မှတ်ဖြစ်လာမှာပဲ ... နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာတော့ ငရဲကမ္ဘာက တစ်သားတည်းဖြစ်ဖို့ အချိန်ရောက်လာပြီပဲ ... ငါတို့ ကမ္ဘာမြေအကျဉ်းထောင်ကိုသာ ထိန်းချုပ်နိုင်ရင် အိမ်နီးချင်းကမ္ဘာငယ်လေးတွေကို ချုပ်ကိုင်နိုင်ဖို့ကလည်း သိပ်မဝေးတော့ဘူး ... အဲ့အချိန်ရောက်ရင် ငရဲကမ္ဘာက ကမ္ဘာကြီးတစ်ခုဖြစ်လာပြီး ကမ္ဘာကြီးတွေရဲ့အဆင့်ထဲ ဝင်သွားနိုင်တော့မှာ ... ပြီးတော့ ငရဲအကျဉ်းထောင်ကလည်း ဒီကမ္ဘာအသစ်ရဲ့ အချက်အချာဖြစ်လာတော့မှာပဲ ..."

လုချန်၏ မျက်ဝန်းထဲတွင် မျှော်လင့်ချက်ရောင်ခြည်သန်းလာပြီး သူ့မျက်နှာတွင် အပြုံးဖျော့ဖျော့တစ်လခုပေါ်လာသည်။ သို့သော်လည်း ကမ္ဘာမြေအကျဉ်းထောင်ကို သိမ်းပိုက်ရန်က မရိုးစင်းလှပေ။ ငရဲအကျဉ်းထောင်က ကမ္ဘာမြေအကျဉ်းထောင်ကို နှစ်ပေါင်းများစွာကြာသည်အထိ မသိမ်းပိုက်နိုင်ခဲ့သည့် အကြောင်းအရင်းတစ်ခု ရှိနေသည်။

အချက်အပြုတ် နတ်ဘုရား ( ပုဖန် ) Book 2 ( Ch 996 -      ) (ခွင့်ပြုချက်ရပြီး)Where stories live. Discover now