အခန်း ၁၄၃၁
ကျုပ်က ဘာလို့ပြေးရမှာလဲ...ပုဖန်ထံမှ ပစ်လွှတ်လိုက်သော ငွေမှင်ရောင်မီးတောက်မှာ ကြယ်တံခွန်တစ်ခုကဲ့သို့ အလင်းဖြာထွက်နေပြီး လူတိုင်း၏အာရုံကိုဖမ်းစားသွားသည် ။ ထိုမီးတောက်ထွက်ပေါ်လာသည့်အခိုက်အတန့်တွင် နေရာတစ်ခုလုံး၏အပူချိန်မှာသိသိသာသာပင်မြင့်တက်လာသည်။
ပုဖန်ထံမှအမိန့်စကားတစ်ခွန်းနှင့်ပင် ငွေမှင်ရောင်မီးတောက်မှာ သားရဲတစ်ကောင်အသွင်ပြောင်းလဲသွားပြီး ကျောက်ဝူဟန်၏ရှေ့တွင် မျက်နှာချင်းဆိုင်ရပ်နေသည် ။
" သူပြောတာကြားလိုက်လား...အရှင်ကျောက်က သူရဲ့ ဥပဒေသကိုထုတ်ပြဖို့တောင်အရည်အချင်းမပြည့်မှီဘူးတဲ့..."
" သူကဘာလို့ဒီလောက်ထိမာနကြီးနေရတာလဲ..အရှင်ကျောက်ရဲ့ စွမ်းအားကိုသူဘယ်လိုလုပ်ယှဥ်နိုင်မှာလဲ..."
" သူကကိုယ့်ကိုယ်ကိုအရမ်းအထင်ကြီးလွန်းတယ် သူဘယ်လောက်တော်လဲဆိုတာမကြာခင်မြင်ရတော့မှာပါ..."
ကြည့်ရှု့နေသူအများအပြားမှာစတင်လှောင်ရယ်လာကြသည် ။
သူ့ရဲ့ ဥပဒေသကိုမသုံးဘဲ ဘယ်လိုလုပ်အရှင်ကျောက်ကို အနိုင်တိုက်နိုင်မှာလဲ...
ပုဖန်က တတိယတန်းစား ကမ္ဘာတစ်ခုမှစားဖိုမူးငယ်လေးသာဖြစ်သော်လည်း အလွန်ရဲရင့်သည် ။ သို့သော်လည်း ရဲရင့်မှုမှာအခြေနေနှင့် နေရာမလွဲမှားရန်လိုအပ်လေသည်။
ငွေမှင်ရောင်မီးတောက်မှ ဖြစ်တည်လာသောသားရဲမှာ ကျောက်ဝူဟန်၏ ဝါးမျိုခြင်းဥပဒေသမှဖြစ်တည်လာသောသားရဲနှင့် ထိပ်တိုက်တိုက်ခိုက်ကြတော့သည် ။ စွမ်းအားလှိုင်းလုံးများမှာ တစ်ရိပ်ရိပ်ပျံ့လွင့်နေပြီး လေထုထဲရှိအရာအားလုံးလွင့်ပျံနေကာ နောက်ဆုံး၌ဝါးမျိုခြင်းဥပဒေသသားရဲမှာ ရှုံးနိမ့်သွား၍လူတိုင်းထိတ်လန့်သွားရသည် ။
" အဲ့ဒီမီးတောက်ကအရမ်းထူးဆန်းနေတယ်..."
ထိုငွေမှင်ရောင်မီးတောင်လေးမှာ တလှုပ်လှုပ်နှင့်ကခုန်နေပုံရ၍ ရတ်တရက်ထူးခြားသောစွမ်းအားတစ်ခုအား အာရုံခံမိသွားပုံရသဖြင့်တိုးတိုးလေးအော်ဟစ်လိုက်သည် ။
YOU ARE READING
အချက်အပြုတ် နတ်ဘုရား ( ပုဖန် ) Book 2 ( Ch 996 - ) (ခွင့်ပြုချက်ရပြီး)
Adventureအဇူး လေးမှာပြောစရာရှိပါတယ်။ ဒါလေးကတော့ လူတိုင်းသိကြမဲ့ IQ team လေးက ဘာသာပြန်ခဲ့တဲ့ အပုဒ်တွေထဲက တစ်ပုဒ်ဖြစ်ပါတယ်။Completed ဖြစ်ပြီးသားပါ။ ဒါလေးကိုကြိုက်လို့ IQ Team က အရှင်းလေးဆီကနေ တင်ပြဖို့ခွင့်သွားတောင်းလာပြီး ဒီမှာပြန်လာတင်ပေးခြင်းဖြစ်ပါတယ်။ ဒီ၀တ...