အခန်း ၁၄၁၁
ဘေးအန္တရာယ်ပေါ်ပေါက်လာခြင်းစစ်သင်္ဘောအပေါ်မှ လေထုအခြေအနေက အေးအေးလူလူပင်ဖြစ်သည်။ ပုဖန်၏ ဟင်းပွဲကြောင့် သူ့အဖော်များ၏ စိတ်ဓာတ်ကို မြှင့်တင်ပေးလိုက်သကဲ့သို့ဖြစ်သွားသည်။ ငရဲကမ္ဘာမှ ထွက်ခွာလာရ၍ အနည်းငယ်ဝမ်းနည်းနေကြသောလူအားလုံးမှာ ယခုအခါတွင် စိတ်အားတက်ကြွလာပြီဖြစ်သည်။
စားပွဲပေါ်တွင် ငါးခေါင်းနှင့် ဟင်းပွဲရနံ့အနည်းငယ်သာ ကျန်ရှိတော့သည်။ ဝိုင်စိမ်ထားသောဆန်စေ့များနှင့် ငါးအသားမှာ ကုန်သွားပြီဖြစ်သည်။ ပုဖန်ချက်ပြုတ်သောဟင်းပွဲများက ယခင်တည်ယက အလွန်အရသာရှိသော်လည်း ယခုအခါတွင်မူ အထူးလုပ်ဆောင်ချက်များပါ ပါဝင်လာပြီဖြစ်သည်။
ငါးကိုစားပြီးသည့်နောက်တွင် သူတို့၏ကိုယ်တွင်း၌ အော်ရာများ ဆူပွက်နေသည်ကို ခံစားမိသည်။ အကယ်၍ သူတို့အားလုံး ယခုချိန်တွင် စိတ်တည်တည်ငြိမ်ငြိမ်ထားကာ တရားထိုင်၍ ကျင့်ကြံလိုက်ပါက အားလုံး၏ကျင့်ကြံဆင့်တွင် သိသာထင်ရှားသော တိုးတက်မှုများ ရရှိလာနိုင်သည်။
၎င်းက အလွန်တန်ဖိုးရှိလှသော်လည်း သူတို့အကြားထဲတွင် အားအနည်းဆုံးက ဘုံကိုးပါးမဟာသူတော်စင်ဖြစ်၍ သူတို့၏ကျင့်ကြံဆင့်များ တိုးတက်လာရန်က အလွန်ခက်ခံလှပေသည်။ မည်သို့ပင်ဖြစ်စေ ပုဖန်၏ဟင်းပွဲက သူတို့ကို အထောက်အကူဖြစ်စေနိုင်သေးသည်။
စားပွဲကို သန့်ရှင်းပြီးသည့်နောက်တွင် ပုဖန်က အခန်းထဲတွင်ထိုင်နေပြီး အပြင်ဘက်မှ စိတ်ကူးယဉ်ဆန်ဆန် အစီအရင်ကိုကြည့်နေသည်။ ၎င်းက မူဟုန်ကျီပြောပြခဲ့သည့် အာကာသနေရာကူးပြောင်းအစီအရင်ဖြစ်သည်။ ၎င်းကို ဖြတ်သန်းသွားလျှင် ရှယီနတ်ဘုရားမင်းဆက်တည်ရှိရာ မဟာလောကသို့ ရောက်ရှိနိုင်မည်ဖြစ်၍ အချိန်ကုန် သက်သာစေနိုင်မည်ဖြစ်သည်။ ထိုသို့မဟုတ်ပါက သူတို့၏ပန်းတိုင်သို့ရောက်ရန် စစ်သင်္ဘောဖြင့်သာ သွားနေရမည်ဖြစ်ပြီး အချိန်အလွန်ကြာမြင့်သွားမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် မဟာလောကတစ်ခုနှင့်တစ်ခုကြားမှ အကွာအဝေးက အလွန်ကွာဝေးလှသည်ဖြစ်သည်။
YOU ARE READING
အချက်အပြုတ် နတ်ဘုရား ( ပုဖန် ) Book 2 ( Ch 996 - ) (ခွင့်ပြုချက်ရပြီး)
Adventureအဇူး လေးမှာပြောစရာရှိပါတယ်။ ဒါလေးကတော့ လူတိုင်းသိကြမဲ့ IQ team လေးက ဘာသာပြန်ခဲ့တဲ့ အပုဒ်တွေထဲက တစ်ပုဒ်ဖြစ်ပါတယ်။Completed ဖြစ်ပြီးသားပါ။ ဒါလေးကိုကြိုက်လို့ IQ Team က အရှင်းလေးဆီကနေ တင်ပြဖို့ခွင့်သွားတောင်းလာပြီး ဒီမှာပြန်လာတင်ပေးခြင်းဖြစ်ပါတယ်။ ဒီ၀တ...