အခန်း ၁၃၇၁
ငရဲဘုရင်အာဟ ဖမ်းဆီးခံရခြင်း" ကမ္ဘာမြေအကျဉ်းထောင်တဲ့လား..."
ငွေရောင်စစ်သင်္ဘောပေါ်မှလူက သတ္တုပြားကို စိတ်ဝင်တစားကြည့်နေပြီး နှုတ်ခမ်းများ ကွေးညွတ်သွားသည်။ ကမ္ဘာမြေအကျဉ်းထောင်ဟုခေါ်သည့် ကမ္ဘာငယ်လေးမှ သတင်းအချက်အလက်များကို သူ့ထံသို့ မပို့သေးသော်လည်း သူ အလျင်မလိုနေပေ။ သူ၏ရုပ်သေးက စစ်ဆေးကြည့်ရှု့ခြင်း ပြီးဆုံးသွားသည်နှင့် သူအလိုရှိသည့် သတင်းအချက်အလက်များအားလုံးကို သိရှိရမည်ဖြစ်ပြီး ဤကမ္ဘာငယ်လေးက အဘယ်ကြောင့် မဟာလောကကြီးတွင် မပါဝင်ရခြင်းကို သိရှိသွားလိမ့်မည်ဖြစ်သည်။ကမ္ဘာမြေအကျဉ်းထောင်အပါအဝင် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ဟုခေါ်သည့် အခြားကမ္ဘာငယ်လေးတစ်ခုသည်လည်း မဟာငရဲကမ္ဘာ၏လက်အောက်တွင် ရှိမနေပေ။
( T/N - မဟာငရဲကမ္ဘာနဲ့ မဟာလောကကြီးလို့ နှစ်မျိုးသုံးနှုန်းနေတာ ရှုပ်သွားမှာစိုးလို့ နည်းနည်းရှင်းပြချင်လို့ပါ... ကမ္ဘာငယ်လေး၊ မဟာလောကကြီး အဲ့ဒါတွေက အမျိုးအစား(type) တွေပါ... ငရဲကမ္ဘာက ဘေးပတ်ဝန်းကျင်က လူပျံတောင်ကြား၊ ဗာဂျရာနယ်ပယ်၊ အနောက်ပိုင်းဗုဒ္ဓနယ်ပယ်၊ ရွေ့လျားဝိညာဉ်နယ်ပယ်လို ကမ္ဘာငယ်လေးတွေကိုစုစည်းလိုက်မှ မဟာလောကကြီး အမျိုးအစားထဲ ရောက်သွားပြီး နာမည်က မဟာငရဲကမ္ဘာ ဖြစ်သွားတာပါ... အဲ့ဒီမဟာငရဲကမ္ဘာထဲရောက်သွားတဲ့ လူပျံတောင်ကြားတို့ အနောက်ပိုင်းဗုဒ္ဓနယ်ပယ်တို့ဆိုရင်လည်း နာမည်အသစ်တွေ ဖြစ်ကုန်ပါတယ်... လူပျံတောင်ကြားဆို မြင့်မြတ်မဟာလောက၊ အနောက်ပိုင်းဗုဒ္ဓနယ်ပယ်ဆို အနောက်ပိုင်းမဟာလောက ဖြစ်သွားပါပြီ )
" ပိုပိုပြီး ရယ်ရလာတယ်... ဒီ မဟာငရဲကမ္ဘာကတော့ ငါ့ကိုရယ်သေအောင် လုပ်နေတာများလား... ကြည့်ရတာ ငါဒီကိုရောက်လာမှာသိလို့ မဟာလောကကြီးအဖြစ် အဆင့်တက်လိုက်ပြီးတော့ စကြာဝဠာဥပဒေတွေရဲ့ အသိအမှတ်ပြုမှုရအောင် လုပ်ထားတာဖြစ်မယ်... ဒီလှည့်ကွက်လေးလောက်သုံးပြီး ငါ့ကိုတားချင်နေတာလား..."
ထိုလူက သတ္တုပြားကို လက်ညှိုးဖြင့် တဖြည်းဖြည်းတောက်နေပြီး သူ့မျက်လုံးများက အရောင်လက်နေသည်။
YOU ARE READING
အချက်အပြုတ် နတ်ဘုရား ( ပုဖန် ) Book 2 ( Ch 996 - ) (ခွင့်ပြုချက်ရပြီး)
Adventureအဇူး လေးမှာပြောစရာရှိပါတယ်။ ဒါလေးကတော့ လူတိုင်းသိကြမဲ့ IQ team လေးက ဘာသာပြန်ခဲ့တဲ့ အပုဒ်တွေထဲက တစ်ပုဒ်ဖြစ်ပါတယ်။Completed ဖြစ်ပြီးသားပါ။ ဒါလေးကိုကြိုက်လို့ IQ Team က အရှင်းလေးဆီကနေ တင်ပြဖို့ခွင့်သွားတောင်းလာပြီး ဒီမှာပြန်လာတင်ပေးခြင်းဖြစ်ပါတယ်။ ဒီ၀တ...