1331 - 1335

266 35 1
                                    

အခန်း ၁၃၃၁
အရံအတား ပြိုပျက်သွားခြင်းနှင့်အတူ စစ်ပွဲစတင်ခြင်း

ကမ္ဘာမြေအကျဉ်းထောင်၏ ရှေ့တန်းဖြစ်သော နဂါးပိတ်လှောင်တံခါးဝတွင် မဟာစစ်တပ်ကြီးနှစ်ခုက တိုက်ခိုက်နေကြသဖြင့် လေထုထဲတွင် သွေးညှီနံ့များဖြင့် ပြည့်နေသည်။ ကမ္ဘာမြေအကျဉ်းထောင်၏ အကာအကွယ်အရံအတားကြီးက မမြင်ရသောဒိုင်းကဲ့သို့ ကောင်းကင်နှင့် ကမ္ဘာမြေအကြားတွင် ရပ်တည်နေပြီး နယ်ပယ်တစ်ခုလုံးကို ရန်သူများ၏ တိုက်ခိုက်မှုမှ ကာကွယ်ပေးထားသည်။

ကမ္ဘာမြေအကျဉ်းထောင် နယ်နိမိတ်တွင် အကြီးဆုံးစစ်မြို့တော်ဖြစ်သော နဂါးပိတ်လှောင်တံခါးဝက အလွန်ကြီးမားလှသည်။  ၎င်း၏ တံတိုင်းများက မိုင်ထောင်ပေါင်းများစွာအထိ ရှည်လျားပြီး ယခုအခါ ကျင့်ကြံသူများဖြင့် ပြည့်ကျပ်နေသည်။ ကျင်းကျောင်းနှင့် ယင်ကျောင်းက အနက်ရောင်ချပ်ဝတ်တန်ဆာများ ဝတ်ဆင်ကာ မြို့ရိုးပေါ်တွင်ရပ်နေပြီး သူတို့နှစ်ယောက်၏ ‌‌ဘေးပတ်ပတ်လည်တွင်လည်း မြောက်များစွာသော သူကောင်းမျိုးမိသားစုများမှ ထိပ်တန်းကျင့်ကြံသူများဖြင့် ပြည့်နေသည်။ ၎င်းတို့အများစုက ဘုံခုနစ်ပါး သို့မဟုတ် ဘုံရှစ်ပါး သူတော်စင်ငယ်များဖြစ်ကြပြီး အချို့က ဘုံကိုးပါးသူတော်စင်ငယ်များ ဖြစ်ကြသည်။

မြို့အရှေ့တွင် ကျယ်ဝန်းပြန့်ပြူးသော‌ကွင်းပြင်ကြီးရှိသည်။ ၎င်းက ရှေးယခင်အချိန်ကတည်းက အလောင်းကောင်များစွာကို မြှုပ်နှံထားခဲ့သော ကမ္ဘာမြေအကျဉ်းထောင်၏ စစ်မြေပြင်ဖြစ်သည်။ တိုက်ပွဲအကြီးအငယ်ဟူသမျှကို ယခင်ချိန်တည်းမှစတင်၍ ယခုချိန်ထိ ဤနေရာတွင်သာ တိုက်ခိုက်ခဲ့သည်။

အရံအတား၏အလွန်တွင် ငရဲအကျဉ်းထောင်မှ သင်္ဘောများစွာ ရောက်ရှိနေပြီဖြစ်သည်။ ငရဲအကျဉ်းထောင်ကျင့်ကြံသူများ၏အော်ရာက အရံအတားကြီးကို ကြာပွတ်များကံသို့ ရိုက်ခတ်နေကာ ဖျက်ဆီးပစ်ရန် ကြိုးစားနေကြသည်။ ငရဲအကျဉ်းထောင်မှ ထိပ်တန်းကျင့်ကြံသူများစွာ စုဝေးနေကြသဖြင့် ၎င်းတို့၏ စွမ်းအားကြီးသောအော်ရာများ ‌ပေါင်းစပ်လိုက်သည့်အခါ ဧရာမ မကောင်းဆိုးဝါးကြီးက တူကြီးဖြင့် အရာအားလုံးကို ဖြိုဖျက်တော့မည့်ပုံပေါ်နေသည်။

အချက်အပြုတ် နတ်ဘုရား ( ပုဖန် ) Book 2 ( Ch 996 -      ) (ခွင့်ပြုချက်ရပြီး)Hikayelerin yaşadığı yer. Şimdi keşfedin