1616 - 1620

67 6 0
                                    

အခန်း ၁၆၁၆
နတ်ဘုရားများ ပြန်လည်ရောက်ရှိလာမှု

ချိတ်စည်းပေါက်သွားပြီဖြစ်၍ စိတ်ဝိညာဉ်စွမ်းအင်များ ပြန်လည်ရောက်ရှိလာသည်။

၎င်းကို ဤနေရာတွင်ရှိနေသည့်လူတိုင်း မျှော်လင့်ခဲ့ကြခြင်းဖြစ်သည်။ ဤဖြစ်စဉ်အတွက် အချိန်ကြာမြင့်စွာ လေ့ကျင့်ခဲ့ကြ၍ စိတ်ဝိညာဉ်စွမ်းအင်များ ပြန်ရောက်လာသည့်အခါ သေမျိုးများအပေါ် ၎င်း၏သက်ရောက်မှုက လျော့ကျသွားခဲ့သည်။

ပုဖန်က နတ်ဘုရားအာရုံခံမှုဖဲကြိုးကို လက်တစ်ဖက်တွင် ကိုင်ထားပြီး အခြားတစ်ဖက်ကို ဟင်္သာပြဒါးငှက်နှင့် ချိတ်ဆက်ထားသည်။ ယခုချိန်တွင် သူ့အာရုံက ထိုအမျိုးသမီးအပေါ်တွင် မရှိတော့ပဲ မနီးမဝေးတွင်လှည့်ပတ်နေသော ဧရာမတွင်းနက်ကြီးပေါ်တွင်သာ ရှိနေသည်။

၎င်းက ရင်သပ်ရှုမောဖွယ်ရာ မြင်ကွင်းတစ်ခုဖြစ်သည်။ ရေများက လှည့်ပတ်နေပြီး ဧရာမတွင်းနက်ကြီးအဖြစ် ပြောင်းလဲသွားသည်။ လေထုထဲတွင် မြည်ချုန်းသံများပြည့်နေပြီး ရေများက တွင်းထဲသို့ ဝါးမျိုခံလိုက်ရသကဲ့သို့ စီးဆင်းသွားသည်။

ဖန်းလိုင်ဂိုဏ်းချုပ်၊ မြို့စားမင်းဒရက်ကူလာနှင့် ပိုဆိုင်ဒန်တို့က အလွန်အမင်းစိတ်လှုပ်ရှားနေကြပုံပေါ်သည်။ ထိုမြင်ကွင်းကိုကြည့်နေစဉ်တွင် သူတို့၏တစ်ကိုယ်လုံး တုန်ယင်နေကြသည်။

သူတို့အားလုံး ယင်းက မည်သည့်အရာကိုဆိုလိုသည်ကို သိရှိကြပြီး ကမ္ဘာတစ်ခုလုံးတွင် ဝိညာဉ်စွမ်းအင်ပြန်လည်နိုးထလာမှု၏ သိသာထင်ရှားသောအကျိုးသက်ရောက်မှုကို သိရှိခဲ့ကြသည်။

ဝိညာဉ်စွမ်းအင်တန်းတစ်ခုက အကောင်အထည်အသွင်ပြုပြီး တွင်းနက်ထဲမှ ပေါက်ကွဲထွက်လုမတတ်ဖြစ်လာပြီး တိမ်တိုက်များကို ကျော်ဖြတ်ကာ ကောင်းကင်ယံတွင်ပင် အပေါက်တစ်ခု ဖြစ်သွားစေတော့မည်ဟု ထင်ရသည်။ မိုးခြိမ်းသံကြီးတစ်သံထွက်လာပြီး တည်ငြိမ်နေသောကောင်းကင်ယံက ရေကန်မျက်နှာပြင်ကဲ့သို့ လှိုင်းဂယက်များထလာသည်။

"ဒါက..."
ဖန်းလိုင်ဂိုဏ်းချုပ်က မော့ကြည့်လိုက်သည်။  သူ မြင်လိုက်ရသည့်အရာမှာ အလွန်တရာထိတ်လန့်ဖွယ်ရာမြင်ကွင်းတစ်ခုဖြစ်သည်။ ၎င်းက နတ်ဘုရားများ ဖန်တီး‌ထားသည်နှင့်ပင် တူပေသည်။

အချက်အပြုတ် နတ်ဘုရား ( ပုဖန် ) Book 2 ( Ch 996 -      ) (ခွင့်ပြုချက်ရပြီး)Where stories live. Discover now