1441 - 1445

135 13 0
                                    

အခန်း ၁၄၄၁
နတ်ဘုရားရှစ်ပါးကို တစ်ချက်တည်းဖြင့် ချေမှူန်းခြင်း

" ကျိန်စာနတ်ဘုရားမ..."
မော့ဟမ်၏မျက်ဝန်းထဲတွင် မီးဝင်းဝင်းတောက်နေပြီး ရင်ထဲတွင်လည်း စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နေသည်။ အစီအရင်ကို အသက်သွင်းနေသရွေ့ ကျိန်စာစွမ်းအားများကို သူ့ခန္ဓာကိုယ်ထဲ ပြောင်းရွှေ့နိုင်ပြီး ကျိန်စာဥပဒေသကို သိမြင်နားလည်နိုင်မည်ဖြစ်သည်။

ရှေးဟောင်းစာအုပ်များနှင့် မှတ်တမ်းများအရ အတိတ်တွင် ကျိန်စာနတ်ဘုရားမများစွာရှိခဲ့သည်။ သို့သော်လည်း အားလုံး၏ ကံကြမ္မာက အလွန်သနားစရာကောင်းခဲ့သည်။ အချို့က ကျင့်ကြံရေးအသက်သွေးကြောအဖြစ် အသုံးပြုခြင်းခံရကာ အချို့ကိုမူ ကျိန်စာက ဝါးမျိုသွားခဲ့သည်။ ကျိန်စာဖြင့် အရောင်ဆိုးခြင်းခံထားရသူတိုင်း ကောင်းမွန်သည့်အဆုံးသတ် မရရှိခဲ့ပေ။

အဘယ့်ကြောင့်ဆိုသော် ထိုကျိန်စာနတ်ဘုရားမတိုင်းက ကျိန်စာကို မထိန်းချုပ်နိုင်သောကြောင့်ဖြစ်သည်။ သို့ရာတွင် သူက ကွဲပြားသူဖြစ်သည်။ မော့ဟမ်က ကျိန်စာဥပဒေသကို သိမြင်သွားသည်နှင့် သူ့စွမ်းအားက ပို၍ကြီးထွားလာမည်ဖြစ်သည်။ သူက ထိပ်တန်းပါရမီရှင်တစ်ယောက်ဖြစ်လာပြီး မည်သည့်အိမ်ရှေ့စံမင်းသားနှင့်မဆို တိုက်ခိုက်နိုင်မည်ဆိုလည်း ချဲ့ကားပြောနေခြင်း မဟုတ်တော့ပေ။

ထိုအကြောင်းကြောင့် သူ၏ကျင့်ကြံဆင့်ကို ထိန်းထားပြီး နတ်ဘုရားနယ်ပယ်သို့ အဆင့်မတက်လှမ်းခြင်းဖြစ်သည်။ သူက လျှို့ဝှက်ချက်များစွာကိုသိသည်။ နတ်တစ်ပိုင်းလူတစ်ပိုင်းနယ်ပယ်က အခြေခံအုတ်မြစ်အတွက် အရေးကြီးဆုံးကာလအပိုင်းအခြားတစ်ခုဖြစ်သည်။

မော့ဟမ်က ရည်ရွယ်ချက်ကြီးသူတစ်ယောက်ဖြစ်၍ နောက်ဆုံးတွင် သူ့မျှော်လင့်ချက်အတိုင်းလုပ်ဆောင်နိုင်မည့် ကျိန်စာနတ်ဘုရားမကို ရှာတွေ့ထားခဲ့သည်။ လှောင်အိမ်ထဲမှ မိန်းမလှလေးကို သူ လောဘတကြီးကြည့်နေလိုက်မိသည်။ သူမက အလွန်လှပသော်လည်း သူမ၏စွမ်းအားက ပို၍ စွဲမက်ဖွယ်ကောင်းသည်။

အချက်အပြုတ် နတ်ဘုရား ( ပုဖန် ) Book 2 ( Ch 996 -      ) (ခွင့်ပြုချက်ရပြီး)Where stories live. Discover now