1051 - 1055

256 26 0
                                    

အခန်း ၁၀၅၁
နတ်ဆိုးဘုရင်ကြီး၏ တိုက်ခိုက်နေသောကြက်

မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် စတုတ္ထအလွှာ

ပိန်ပိန်ပါးပါးနှင့် သိမ်မွေ့သည့် ပုံရိပ်တစ်ခု လွင့်မျောလာသည်။

မြို့တော်သခင်မုန့်ချီ ပေါ့ပေါ့ပါးပါး အေးအေးချမ်းချမ်းနှင့် လေဝင်လေထွက်ကောင်းသော ခြံဝင်းရှေ့သို့ ဆင်းသက်လာခဲ့သည်။  သူမ၏ပတ်ဝန်းကျင်တွင် ဝိညာဉ်သစ်ပင်များစွာရှိ၍ အရွက်များက လေတိုက်တိုင်း တဖျပ်ဖျပ်လွင့်နေသည်။

အေးချမ်းသော ခြံဝင်းကို ကြည့်လိုက်ပြီး မြို့တော်သခင်မုန့်ချီ သူမ၏ အပြုံးကို ထိန်းသိမ်းရန်ပင် အခက်တွေ့နေသည်။

" ကြည့်ရတာ နောက်ကျသွားတဲ့ပုံပဲ ... အဲ့ဒီခွေးက တကယ်ကို ..."

မြို့တော်သခင်မုန့်ချီ မသိစိတ်မှ ခေါင်းကို ခါယမ်းလိုက်မိသည်။ သူမ ရယ်ရမလား ငိုရမလားပင် မသိတော့ချေ။

သူမနှင့် ခွေးဘုရင်ကြားတွင် အာဃာတနှင့် ခါးသီးသည့် ခံစားချက်များ မရှိပေ။ ဆန့်ကျင်ဘက်အားဖြင့်ဆိုရလျှင် သူမက တခြားမြို့တော်သခင်များထက်ပို၍ ခွေးဘုရင်နှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိခဲ့သည်။

သို့သော် ထိုနှစ်က သူမနှင့် ခွေးဘုရင်တွင် မည်သူ့ကိုမျှ ပြောပြ၍ မ‌ရသော ဇာတ်လမ်းတစ်ခု ရှိခဲ့သည်။

ထိုအချိန်က ခွေးဘုရင် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်သို့ ရောက်ရှိလာခါစ အချိန်ဖြစ်သည်။

မြို့တော်သခင်မုန့်ချီ မှတ်ဉာဏ်များကို ပြန်လည်တူးဆွလျက် လက်နောက်ပစ်ကာ သူမ၏ ရတနာခန်းသို့ ဝင်လာသည်။

ရတနာခန်းမှာ ရှုပ်ပွနေပြီး မသေမျိုးပါဝင်ပစ္စည်းနှင့် ဝိညာဉ်ဆေးပင်များ အခိုးခံလိုက်ရကြောင်း ထင်ရှားနေသည်။ သို့ရာတွင် ခွေးဘုရင်က မသေမျိုးကိရိယာအချို့ကို အာရုံမစိုက်မိခဲ့ပုံ ရသည်။

လက်ရှိတွင် ခွေးဘုရင်အတွက် မသေမျိုးပါဝင်ပစ္စည်းများနှင့် ဝိညာဉ်ဆေးပင်များသာ လိုအပ်နေသည်။

မြို့တော်သခင်မုန့်ချီ ရတနာခန်းမှ ထွက်လာပြီး ‌ခြံဝင်းထဲ မတ်တပ်ရပ်နေသည်။  မျှော်စင်များ အတောက်အဦးနှင့် ငြိမ်သက်စွာ စီးဆင်းနေသည့် စမ်းချောင်းရေမှ ရေများပင် သူမစိတ်ကို မတည်ငြိမ်စေနိုင်ပေ။

အချက်အပြုတ် နတ်ဘုရား ( ပုဖန် ) Book 2 ( Ch 996 -      ) (ခွင့်ပြုချက်ရပြီး)Hikayelerin yaşadığı yer. Şimdi keşfedin