1456 - 1460

167 16 0
                                    

အခန်း ၁၄၅၆
ရှင်က သူ့ထက်ပိုပြီး ဂုဏ်သတင်းမွှေးတယ်

'သူက မျက်နှာဖုံးချွတ်နေတာလား...'
အမျိုးသမီး၏ လှုပ်ရှားမှုမှာ မပြင်းထန်ပေ။ သို့သော် ၄င်းက အားလုံး၏ စိတ်ဝင်စားမှုကို ဆွဲဆောင်လိုက်သည်။ နတ်ဘုရားစားဖိုမှူး ဘုရားကျောင်းအတွင်းရှိ လူတိုင်းမှာ သူမ၏ သရုပ်မှန်ကို သိကြပြီး သူမကို အလွန်လေးစားကြသည်။ နတ်ဘုရားစားဖိုမှူး ဘုရားကျောင်း၏ လက်ထောက်တစ်ဦးအနေဖြင့် သူမက လူတိုင်း၏ အလေးအနက်ထားခြင်းကို ခံရထိုက်ပေသည်။

ပုဖန်က သူ့မျက်လုံးများကို ဖွင့်လိုက်သည်။ သူ့၏ နတ်ဘုရား အာရုံခံမှုမှာ တည်ငြိမ်သွားပြီဖြစ်သည်။ ထိုအစိတ်အပိုင်းများကို စုပ်ယူပြီးနောက် နတ်ဘုရား စွမ်းအင်ဖြစ်သည့် ဝေဒနာ ဒယ်အိုးမြှောက်ခြင်းပုံစံမှာ သူ့စိတ်ထဲတွင် နက်နက်ရှိုင်းရှိုင်း စွဲထင်နေပြီးဖြစ်သည်။ သူက ၄င်းကို သဘာဝ အလျောက်ပင် နားလည်သွားခြင်းပင်။ ဤသည်မှာ သူ့၏ ဒုတိယနတ်ဘုရားစွမ်းအား ဖြစ်သည်။ နတ်ဘုရား စွမ်းအားတစ်ခုမှာ အလိုလို နားမလည်နိုင်ပေ။ ၄င်းက သူစိတ်ကူးထားသကဲ့သို့ တားမြစ်ထားသည်မဟုတ်သော်လည်း သာမန် နတ်ဘုရား စွမ်းအင်များထက် သန်မာနေဆဲဖြစ်ပေသည်။

သူက ပုခုံးထက်မှ ကျော်ကာ လက်ရန်းနောက်မှ အမျိုးသမီးကို လှမ်းကြည့်လိုက်သည်။ သူမက မျက်နှာဖုံးကို ဖြည်းညင်းစွာ ဖယ်ရှားနေသည်။ သူမက သူမ၏ မေးစေ့ကို လှစ်ပြရုံသာ ရှိသော်လည်း ၄င်းကပင် လူတိုင်း၏ မျက်လုံးများကို ကောင်းကင်ရှိ အတောက်ပဆုံး ကြယ်ပွင့်တစ်ခုသဖွယ် ဆွဲဆောင်နေပြီးဖြစ်သည်။

အမျိုးသမီးတစ်ဦးအတွက် စိတ်ဝင်စားဖွယ် အကောင်းဆုံးအရာများထဲမှ တစ်ခုမှာ သူမ၏ သွင်ပြင်ဖြစ်ပြီး ထိုအမျိုးသမီးက တစ်ချိန်လုံးမျက်နှာဖုံးဝတ်ထားပါက ပို၍ပင် စိတ်ဝင်စားဖွယ် ကောင်းလှသည်။ သို့ဖြစ်၍ လူတိုင်းက ထိုမျက်နှာဖုံးအောက်မှ မျက်နှာကို အလွန်သိလိုနေကြသည်။ သာမန်အားဖြင့် ထိုကဲ့သို့ ကောင်းမွန်လှသော သွင်ပြင်နှင့် အမျိုးသမီးတစ်ဦးမှာ ကြည့်ရမဆိုးနိုင်ပေ။ သူမက ပြိုင်ဘက်ကင်း အလှပဂေးတစ်ဦးပင် ဖြစ်နိုင်ပေသည်။

အချက်အပြုတ် နတ်ဘုရား ( ပုဖန် ) Book 2 ( Ch 996 -      ) (ခွင့်ပြုချက်ရပြီး)Where stories live. Discover now