အခန်း ၁၂၄၁
ကျုပ်လည်း အဆင့်တစ်ဝက်သူတော်စင်ပဲလေငါ ဘယ်ရောက်နေတာလဲ ... ဘာတွေဖြစ်ကုန်တာလဲ ... ငါ ဘာလုပ်နေတာပါလိမ့် ...
မဟူရာလေပြည်တိုက်ကြီးမှ ကျင့်ကြံသူက အံ့အားသင့်နေသည်။ အချိန်ခဏခန့် သူ၏ခန္ဓာကိုယ်ကို သူ မပိုင်သကဲ့သို့ ခံစားလိုက်ရသည်။ စွမ်းအားပြင်းသော အားအင်တစ်ခုက သူ၏ခန္ဓာကိုယ်ကို နောက်သို့ လွင့်ပျံသွားစေပြီး သူ၏သွေးနှင့် စွမ်အင်များကိုပါ လွင့်ပြယ်သွားသည်ဟု ခံစားရစေသည်။ ထိုအင်အားက အလွန်ပြင်းလွန်းသည်။ ခုခံရန်ကြိုးစားသော်လည်း တောင့်မခံနိုင်ပေ။
ကွင်းအပြင်ဘက်မှ လူအားလုံးထိတ်လန့်ကုန်ကြသည်။ မဟူရာလေပြာ်တိုက်ကြီးမှ ကျင့်ကြံသူက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှကောင်လေးကို အနိုင်ယူနိုင်ဦးမည်ဟု ထင်ထားခဲ့သော်လည်း ရလဒ်က သူတို့စိတ်ကူးထားသည်နှင့် အနည်းငယ်ကွဲပြားသွားသည်။ ထိုကောင်လေးကို သူအနိုင်ယူလိုက်ခြင်းမဟုတ်ပေ။
ဝုန်း ...
ပုဖန်က ထိုကျင့်ကြံသူကို ကန်ထုတ်လိုက်သည့်ခြေထောက်ကို ပြန်ချလိုက်သည်။ သူ၏ အနီရောင်စားဖိုမှူးဝတ်ရုံက လေထဲတွင် တဖျတ်ဖျတ်လွင့်နေသည်။ သူ၏ မျက်နှာက ခံစားချက်ကင်းမဲ့ကာ မည်သည့်အရာကိုမှ ဂရုမစိုက်ပုံပေါ်နေသည်။ ယခုအချိန်တွင် လက်မြှောက်ပြီး သူ၏လက်ထဲမှမီးဖိုချောင်သုံးဓားကို ပန်းပွင့်တစ်ပွင့်ကဲ့သို့ ကိုင်ထားသည်။
ဝီ ...
မီးဖိုချောင်သုံးဓားက တောက်ပနေပြီး မျက်နှာပြင်ပေါ်တွင် အလင်းတန်းတစ်ခုက ရောင်ပြန်ဟပ်သွားသည်။ ၎င်းက တသိန့်သိမ့်တုန်သွားပြီး ပုဖန်က လက်ထဲတွင်ကိုင်လိုက်သည့်အခါ ဓားထဲမှ ရှေးဟောင်းဝိညာဉ်က တည်ငြိမ်သွားသည်။ ပုဖန်က ဓားမျက်နှာပြင်ကို ခက်ဖြင့်တောက်လိုက်သည့်အခါ ဓားက တုန်ခါလာပြန်သည်။
" သာလွန်အဆင့် မသေမျိုးကိရိယာဓားကိုသုံးဖို့ အမှန်ကန်ဆုံးနည်းလမ်းက ဒီလိုမျိုးမဟုတ်ဘူး ..."
မြေပေါ်လဲကျနေသည့် မဟူရာလေပြည်တိုက်ကြီးမှကျင့်ကြံသူကိုကြည့်ကာ ပုဖန်က အေးအေးလူလူပင်ပြောလိုက်သည်။ အနက်ရောင်လေပွေပြန့်ကျဲသွားပြီးသည့်နောက်တွင် ထိုလူ၏မျက်နှာပေါ်လာပြီဖြစ်သည်။
YOU ARE READING
အချက်အပြုတ် နတ်ဘုရား ( ပုဖန် ) Book 2 ( Ch 996 - ) (ခွင့်ပြုချက်ရပြီး)
Adventureအဇူး လေးမှာပြောစရာရှိပါတယ်။ ဒါလေးကတော့ လူတိုင်းသိကြမဲ့ IQ team လေးက ဘာသာပြန်ခဲ့တဲ့ အပုဒ်တွေထဲက တစ်ပုဒ်ဖြစ်ပါတယ်။Completed ဖြစ်ပြီးသားပါ။ ဒါလေးကိုကြိုက်လို့ IQ Team က အရှင်းလေးဆီကနေ တင်ပြဖို့ခွင့်သွားတောင်းလာပြီး ဒီမှာပြန်လာတင်ပေးခြင်းဖြစ်ပါတယ်။ ဒီ၀တ...