အခန်း ၁၂၂၆
ဓားရှည်အိုးအဆင့်တစ်ဝက်သူတော်စင်နှစ်ယောက်က ပုဖန်အတွက် ဘာမှမဟုတ်သည်မှာ သိသာလှသည်။ သို့သော်လည်း သူတို့ကိုကိုယ်တိုင် ကိုင်တွယ်ရန် အလွန်ပျင်းလွန်းနေသဖြင့် ဤအခွင့်အရေးကိုယူပြီး ဝိညာဉ်ပူးကပ်မှုကို အသုံးပြုလိုက်ခြင်းဖြစ်သည်။ အဆင့်တစ်ဝက်သူတော်စင်နှစ်ယောက်ကို လွယ်ကူစွာ ကိုင်တွယ်လိုက်နိုင်သဖြင့် ရလဒ်ကအတော်လေးကောင်းသည်ဟု ပြောနိုင်သည်။ သူက အဆင့်တစ်ဝက်သူတော်စင်အဆင့်သာ ရောက်သေးသဖြင့် ဤစွမ်းရည်က သူ့အတွက် လုံးဝအသုံးမဝင်ဟု ထင်ခဲ့မိသည်။ အမှန်တိုင်းပြောရလျှင် ပုဖန်က အဝတ်ချွတ်ပစ်ရခြင်းကို စိတ်မဝင်စားပေ။ ဝှိုက်ဆီက အဝတ်များချွတ်ပစ်ခြင်းကို ကြည့်ရသည်ကိုသာ စိတ်ဝင်စားသည်။
စားသောက်ဆိုင်၏ အပြင်ဘက်မှ ဖက်တီးတင်းနှင့် သူ့လူများက ဒယိမ်းဒယိုင်ဖြင့် ထရပ်လိုက်ကြပြီး စိတ်ထဲတွင် ရှုပ်ထွေးသွားသည်။ သူတို့တစ်ကိုယ်လုံး တသိမ့်သိမ့်တုန်နေပြီး မျက်နှာက ခဲပြာရောင်ပင် ပြောင်းလာသည်။
စားသောက်ဆိုင်တစ်ဝိုက်မှ လူများက ထိုကဲ့သို့မြင်ကွင်းများနှင့် နေသားကျနေပြီဖြစ်သည်။ တစ်စုံတစ်ယောက်က နတ်ဆိုးဘုရင်ကြီး၏ စားသောက်ဆိုင်ထဲမှ အဝတ်များချွတ်ခံရ၍ ပျံထွက်လာခြင်းက သူတို့အတွက် ဖြစ်ရိုးဖြစ်စဉ် ကိစ္စသာဖြစ်သည်။
သို့ရာတွင် စားသောက်ဆိုင်ထဲမှ လူများအတွက်မှု ယခုလေးတင် ဖြစ်ပျက်သွားခဲ့သည့်ကိစ္စက သူတို့အပေါ် ကြီးမားသည့် သက်ရောက်မှုတစ်ခု ဖြစ်သွားစေခဲ့သည်။ လန်းဆန်း၍ အပူအပင်မရှိသော ပိုင်ရှင်ပု၏ ရယ်သံ၊ ရွှေရောင်ဆံပင် ၊ ပိုင်ရှင်ပု၏မျက်နှာပေါ်မှ အပြုံး ... ထိုအရာအားလုံးက သူတို့အတွက် အမြင်မှားနေသည်ဟု ထင်ရစေသည်။
ပိုင်ရှင်ပု ဘယ်တုန်းက ပြုံးတတ်သွားတာလဲ ... သူဘာတွေဖြစ်နေတာလဲ ... သူ့မျက်နှာက ဘယ်တုန်းက အမူအယာမျိုးစုံ လုပ်ပြတတ်သွားတာလဲ ...ရှီးရှီး ပါးစပ်အဟောင်းသားဖြစ်နေသည်။ သူမ မျက်လုံးများ ပြူးကျယ်သွားပြီး မျက်နှာပေါ်တွင် အံ့ဩနေသည့် အကြည့်တစ်ခု ရှိနေသည်။
ဒါက သူမရဲ့ အရပ်ရှည်ရှည် ခံ့ခံ့ညားညား ရုပ်တည်နဲ့ နေတတ်တဲ့ ဆရာပုလား ...
YOU ARE READING
အချက်အပြုတ် နတ်ဘုရား ( ပုဖန် ) Book 2 ( Ch 996 - ) (ခွင့်ပြုချက်ရပြီး)
Adventureအဇူး လေးမှာပြောစရာရှိပါတယ်။ ဒါလေးကတော့ လူတိုင်းသိကြမဲ့ IQ team လေးက ဘာသာပြန်ခဲ့တဲ့ အပုဒ်တွေထဲက တစ်ပုဒ်ဖြစ်ပါတယ်။Completed ဖြစ်ပြီးသားပါ။ ဒါလေးကိုကြိုက်လို့ IQ Team က အရှင်းလေးဆီကနေ တင်ပြဖို့ခွင့်သွားတောင်းလာပြီး ဒီမှာပြန်လာတင်ပေးခြင်းဖြစ်ပါတယ်။ ဒီ၀တ...