အခန်း ၁၃၅၁
ထိုင်ပြီးတော့ ဒီပွင့်ဖတ်ကို ပါးစပ်ထဲငုံထားလိုက်" နှစ်ယောက်လုံးကို ကာကွယ်ပေးရမှာတဲ့လား..."
ပုဖန်၏စကားကြောင့် အာဟနှင့်အခြားလူများ၏ မျက်လုံးများ အရောင်တောက်လာသည်။
သူ့မှာ နည်းလမ်းရှိလို့လား...သေဆုံးပြီးသားလူတစ်ယောက်ကို ပြန်လည်ရှင်သန်စေခြင်းက သဘာဝနှင့်ဆန့်ကျင်နေသည့် အပြုအမူတစ်ခုဖြစ်သည်။ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကိစ္စရပ်များက ဥပဒေသနယ်ပယ်ထဲတွင်ရှိနေပြီး ဥပဒေသစွမ်းအားကိုဖီဆန်ရန်မှာ သာမန်လူမပြောနှင့် အမြင့်ပိုင်းအဆင့်သို့ရောက်ရှိနေသည့် အပြည့်စုံဆုံးအဆင့် မဟာသူတော်စင်များပင် မလုပ်နိုင်ကြပေ။ ၎င်းက မိသားစုတစ်စု သို့မဟုတ် နေရာတစ်ခု၏စွမ်းအားမဟုတ်ပဲ စကြာဝဠာတစ်ခုလုံး၏စွမ်းအားဖြစ်နေ၍ မဟာသူတော်စင်တစ်ယောက်သည်ပင် ထိုစကြာဝဠာထဲတွင် မြူမှုန်တစ်မှုမျှသာဖြစ်သည်။
ပုဖန်က တကယ်လုပ်နိုင်ပါ့မလား...
လုပ်နိုင်သည်ဖြစ်စေ မလုပ်နိုင်သည်ဖြစ်စေ မျှော်လင့်ချက်ရှိနေသရွေ့ ကြိုးစားကြည့်ရမည်သာဖြစ်သည်။ ယခုအခါတွင် ခန္ဓာကိုယ်နှင့် ဝိညာဉ်က အဆင်သင့်ရှိနေ၍ ငရဲဘုရင်ထျန်စန်းအတွက် ပြန်လည်ရှင်သန်နိုင်ရန် တစ်ခုတည်းသောအခွင့်အရေး ဖြစ်နိုင်သည်။ အခွင့်အရေးကို ဆုံးရှုံးသွားပါက ဒဏ္ဍာရီလာလူသားတစ်ယောက်ကို ထာဝရ ဆုံးရှုံးသွားရတော့မည်ဖြစ်၍ မျှော်လင့်ချက်ကို လက်မလျှော့နိုင်ကြပေ။အာဟနှင့် ရေခဲသူတော်စင်၏မျက်ဝန်းထဲတွင် လေးနက်သောအကြည့်တစ်ခု ပေါ်လာသည်။ သူတို့နှစ်ယောက်လုံး မဟူရာဘုရားကျောင်းမှ ထွက်သွားကြသည်။ ခဏအကြာတွင် ထျန်စန်းနှင့်ပုဖန်သာ ကျန်ရစ်ခဲ့တော့သဖြင့် အခြေအနေက ကိုးရို့ကားယားဖြစ်နေသည်။
ထျန်စန်းက ပုဖန်ကို လုံးဝမသိပေ။ သူက သေဆုံးသွားခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်ပြီး သူအသက်ရှင်နေစဉ်ကလည်း ပုဖန်က ဤနေရာသို့ပင် မရောက်သေးပေ။ သူတို့ထဲမှတစ်ယောက်က ဒဏ္ဍာရီလာလူတစ်ယောက်ဖြစ်ပြီး အခြားတစ်ယောက်က လူမသိသူမသိ စားဖိုမှူးတစ်ယောက်ဖြစ်သည်။ သူတို့နှစ်ယောက်တည်းသာကျန်ခဲ့သည့်အခါ လေထုအခြေအနေက အမှန်ပင် ကိုးရို့ကားယားဖြစ်နေသည်။ သို့ရာတွင် ထျန်စန်းက ပုဖန်အကြောင်းကို သိချင်နေသည်။ ဤစားဖိုမှူးလေးတွင် ပြိုင်ဘက်ကင်းသည့် ဆွဲဆောင်မှုတစ်မျိုးရှိနေသည်ကို သူခံစားမိသည်။
YOU ARE READING
အချက်အပြုတ် နတ်ဘုရား ( ပုဖန် ) Book 2 ( Ch 996 - ) (ခွင့်ပြုချက်ရပြီး)
Adventureအဇူး လေးမှာပြောစရာရှိပါတယ်။ ဒါလေးကတော့ လူတိုင်းသိကြမဲ့ IQ team လေးက ဘာသာပြန်ခဲ့တဲ့ အပုဒ်တွေထဲက တစ်ပုဒ်ဖြစ်ပါတယ်။Completed ဖြစ်ပြီးသားပါ။ ဒါလေးကိုကြိုက်လို့ IQ Team က အရှင်းလေးဆီကနေ တင်ပြဖို့ခွင့်သွားတောင်းလာပြီး ဒီမှာပြန်လာတင်ပေးခြင်းဖြစ်ပါတယ်။ ဒီ၀တ...