အခန်း ၁၁၈၆
ငရဲအကျဉ်းထောင်မှ အလည်ရောက်လာသူများပုဖန်တွင် အချက်အပြုတ် ကိရိယာတန်ဆာပလာ မည်မျှရှိကြောင်း သာမန်လူများ မသိကြပေ။
သို့ရာတွင် ဓားဗီရိုထဲမှ မီးဖိုချောင်သုံးဓားများကို မြင်လိုက်ရသည့်အခါ သူ့အလုပ်သင်လေးကို နှိပ်စက်နေသည်မဟုတ်ကြောင်း သိလိုက်ရသည်။
ထိုဆယ်ကျော်သက်များက သူတို့စိတ်ခံစားချက်များအတိုင်း ပြုမူနေကြခြင်းသာဖြစ်သည်။ ခုနစ်နှစ်သမီး ရှီးရှီးက စစ်ဆေးချက်ကို အောင်မြင်နေချိန်တွင် သူတို့အဘယ့်ကြောင့် ကျရှုံးကြောင်း မသိကြပေ။ သူတို့၏ဟင်းလျာများက ရှီးရှီးကဲ့သို့ မသေမျိုးစွမ်းအင်များ ဝေ့ဝဲနေသော်လည်း သူတို့၏ အချက်အပြုတ်စွမ်းရည်နှင့် နည်းစနစ်များက အနည်းငယ် အားနည်းနေခြင်းသာဖြစ်သည်။ သူတို့၏ ဟင်းလျာများက အရသာရှိကြောင်း မည်သူမျှ မငြင်းဆိုနိုင်ကြပေ။
သူတို့လည်း ဒီစစ်ဆေးချက်ကို အောင်သင့်တယ်လေ ...
အဆုံးတွင် စားဖိုမှူးစိန်ခေါ်ပွဲကို မပြုလုပ်ခဲ့ကြပေ။
ရှီးရှီး လန့်မသွားခဲ့ပေ။ ပုဖန်က သူမကို မီးဖိုချောင်သုံးဓားများ ရွေးချယ်ခွင့်ပေးသည့်အခါ အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ သူမ ဂရုတစိုက်ဖြင့် ဗီရိုထဲမှ ဓားအားလုံးကိုကြည့်ရှု့ပြီး သေးငယ်သော်လည်း လက်ရာမြောက်ကာ ပုစဉ်းတောင်ပံကဲ့သို့ ကြည်လင်နေသည့် ဓားတစ်ချောင်းကို ယူလိုက်သည်။ ၎င်းကို မသေမျိုးစွမ်းအင်များ လွှမ်းခြုံနေသည့်အတွက် သဘာဝအရ အဆင့်မနိမ့်နိုင်ပေ။
ပုဖန်က သူမကို ဒယ်အိုး၊ မီးဖိုနှင့် အခြားကိရိယာတန်ဆာပလာများပါ ပေးလိုက်သည်။
ဆယ်ကျော်သက်များ၏ မျက်လုံးထဲတွင် ရှီးရှီးက သူမကိုယ်ပိုင်ကိရိယာများမရှိသော ငတုံးသာသာမှ ဆရာကြီးအဆင့် စားဖိုမှူးတစ်ယောက်အဖြစ် အသွင်ပြောင်းသွားသည်။
သူမ၏ ညာဘက်လက်ထဲတွင် မသေမျိုးစွမ်းအင်များ ရစ်ဝဲနေသည့် မီးဖိုချောင်သုံးဓားကိုကိုင်ထားပြီး ဘယ်လက်လက်တွင် တောက်ပနေသောဒယ်အိုးနှင့် အရှေ့ဘက်တွက် ကြောက်မက်ဖွယ်ဖိအားများ ထုတ်လွှတ်နေသည့် မီးဖိုရှိနေသည်ကို မြင်ကြသောအခါ သူမကို စိန်ခေါ်ရန် ရည်ရွယ်ချက်များ ပျောက်ကွယ်သွားသည်။
YOU ARE READING
အချက်အပြုတ် နတ်ဘုရား ( ပုဖန် ) Book 2 ( Ch 996 - ) (ခွင့်ပြုချက်ရပြီး)
Adventureအဇူး လေးမှာပြောစရာရှိပါတယ်။ ဒါလေးကတော့ လူတိုင်းသိကြမဲ့ IQ team လေးက ဘာသာပြန်ခဲ့တဲ့ အပုဒ်တွေထဲက တစ်ပုဒ်ဖြစ်ပါတယ်။Completed ဖြစ်ပြီးသားပါ။ ဒါလေးကိုကြိုက်လို့ IQ Team က အရှင်းလေးဆီကနေ တင်ပြဖို့ခွင့်သွားတောင်းလာပြီး ဒီမှာပြန်လာတင်ပေးခြင်းဖြစ်ပါတယ်။ ဒီ၀တ...