အခန်း ၁၄၀၆
ရောက်ရှိလာခြင်းပုဖန်က ဝိညာဉ်ပင်လယ်အထက်တွင် ပျံဝဲနေသည်။ သူ့အပေါ်တွင် အချက်အပြုတ်နတ်ဘုရားမီနူးက အရောင်တောက်ပနေပြီး စွမ်းအားကြီးသောစွမ်းအင်များ ထုတ်ထုတ်ပေးနေသည်။ အသုံးအဆောင်ဝိညာဉ်လေးကောင်ကလည်း ထောင့်လေးထောင့်တွင် ရှိနေကာ ဝိညာဉ်ပင်လယ်ကို မိုးထိအောင်မြင့်သည့် လှိုင်းလုံးများ ဖြစ်ပေါ်လာစေသည်။
နတ်ဘုရားစိတ်ဆန္ဒဝိညာဉ်ပုံရိပ်က အချက်အပြတ်နတ်ဘုရားမီနူး၏အထက်တွင် တင်ပျဉ်ခွေထိုင်နေကာ ထွင်းထုနိယာမများက သူ့ကိုလှည့်ပတ်နေသည်။ ထိုထွင်းထုစကားလုံးများက မပြီးပြည့်စုံသေးပဲ ဖိရုဖရဲဖြစ်နေသော်လည်း ဝိညာဉ်ပုံရိပ်ကို အာဟာရဖြည့်ပေးနေသည်။
ပုဖန်က ၎င်းတို့ထံမှ နတ်ဘုရားစိတ်ဆန္ဒနှင့် ပေါင်းစပ်ရန် အဆင်သင့်ဖြစ်ပုံရပြီး အရည်အသွေးရှိသော အဆင့်ကျော်လွှားမှုကို ပေးစွမ်းမည့် ပြင်းထန်သော အော်ရာကို ခံစားမိနိုင်သည်။
လူတစ်ယောက်က ဥပဒေသတစ်ခုကို သိမြင်နားလည်သွားပါက ခွန်အားတိုးတက်မှုက သိသာထင်ရှားသွားစေနိုင်သည်။ ၎င်းက နတ်တစ်ပိုင်းလူတစ်ပိုင်းအဆင့်သို့ ရောက်ရှိလာသူအားလုံးတွင်ရှိကျသော ယျေဘုယျဗဟုသုတမျိုးသာဖြစ်ပြီး ယခုဖြစ်ပျက်နေသည်မှာလည်း ထိုသို့သာဖြစ်သည်။
ပုဖန် ဥပဒေသကို သိမြင်သွားပြီးချိန်တွင် စိတ်စွမ်းအင်က စတင်ပြောင်းလဲလာပြီး အကြီးမားဆုံးပြောင်းလဲမှုမှာ သူ၏ နတ်ဘုရားစိတ်ဆန္ဒဝိညာဉ်ပုံရိပ်ဖြစ်သည်။ ၎င်းကို နို့နှစ်ရောင်အလင်းတန်းများ စွန်းထင်းလာပြီး လှုပ်ရှားမှုများက မရွေ့မလျားဖြစ်လာကာ တစ်ချိန်တည်းမှာပင် ဝိုးတဝါးဖြစ်နေသောခန္ဓာကိုယ်က အစိုင်အခဲသဖွယ်ဖြစ်လာသည်။
ယခုအချိန်တွင် ၎င်းက လေထဲတွင် လူတစ်ယောက်ထိုင်နေသည်နှင့်ပင် အလားသဏ္ဍာတူလာသည်။ ၎င်း၏ခန္ဓာကိုယ်တွင် ဖိနှိပ်ချုပ်ခြယ်နိုင်သောစွမ်းအားများဖြင့် ပြည့်လာပြီး ခန္ဓာကိုယ်ထဲတွင် စိတ်စွမ်းအင်က ပုန်းကွယ်တည်ရှိလာသည်ဟု ထင်ရသည်။ ၎င်းက ပေါက်ကွဲထွက်ပေါ်လာသည်နှင့် ကြီးမားသော ဖျက်ဆီးခြင်းစွမ်းအားကို ယူဆောင်လာမည်သာဖြသ်သည်။
KAMU SEDANG MEMBACA
အချက်အပြုတ် နတ်ဘုရား ( ပုဖန် ) Book 2 ( Ch 996 - ) (ခွင့်ပြုချက်ရပြီး)
Pertualanganအဇူး လေးမှာပြောစရာရှိပါတယ်။ ဒါလေးကတော့ လူတိုင်းသိကြမဲ့ IQ team လေးက ဘာသာပြန်ခဲ့တဲ့ အပုဒ်တွေထဲက တစ်ပုဒ်ဖြစ်ပါတယ်။Completed ဖြစ်ပြီးသားပါ။ ဒါလေးကိုကြိုက်လို့ IQ Team က အရှင်းလေးဆီကနေ တင်ပြဖို့ခွင့်သွားတောင်းလာပြီး ဒီမှာပြန်လာတင်ပေးခြင်းဖြစ်ပါတယ်။ ဒီ၀တ...