အခန်း ၁၅၆၁
ယောက်ချိုတစ်ချောင်းက လုံလောက်တယ်"ဘာတွေ ဖြစ်နေတာလဲ..."
အိမ်ရှေ့စံက အဝေးတွင် သေဆုံးသည်အထိ မီးရှို့ခံနေရသည့် ဝိညာဉ် နတ်ဆိုးများကိုကြည့်ကာ သက်ပြင်းအေးတစ်ချက်ချလိုက်လိုက်သည်။ ယခုတင်ပင် သူ့နောက်သို့ ရူးသွပ်စွာ လိုက်နေကြသည့် ဝိညာဉ် နတ်ဆိုး နှစ်ကောင်မှာ ချက်ချင်းပင် ပြာဖြစ်သည်အထိ မီးရှို့ခံလိုက်ရပေသည်။"တို့ဟူးပုပ်က ဘာလို့ အရမ်း သန်မာနေတာလဲ... အဲ့ထဲမှာ... ထူးဆန်းတဲ့ တစ်ခုခုပါနေလို့များလား..."
ထို့နောက် သူက သူ့လက်ထဲသို့ တို့ဟူးပုပ်ပန်းကန် ပေးလိုက်စဉ်က ပုဖန်၏ အလေးအနက်မျက်နှာအမူအရာကို သတိရသွားသည်။ သူက ရုတ်တရက်ပင် သာမန်မဟုတ်သည့် အရာတစ်ခုကို တွေ့ရှိလိုက်သကဲ့သို့ အလွန် စိတ်လှုပ်ရှားလာပေသည်။"ဒီတို့ဟူးပုပ်က ဝိညာဉ် နတ်ဆိုးတွေရဲ့ ပြေးမလွတ်တဲ့ ထောင်ချောက်ပဲ..."
အဝေးတွင် ဝိညာဉ် နတ်ဆိုးများမှာ တို့ဟူးပုပ်များကို စားနေကြသော်လည်း သူတို့၏ ခန္ဓာကိုယ်များမှာ တဖြည်းဖြည်း လောင်ကျွမ်းနေလေသည်။
နံပါတ်စဉ် ဝိညာဉ် နတ်ဆိုးတစ်ဦးသည်လည်း တို့ဟူးပုပ်တစ်တုံးကို ဆွဲယူလိုက်သည်။ သို့သော် သူက တခြားသူများကဲ့သို့ မလောင်ကျွမ်းချေ။ သူ့အသားများမှာ မီးတောက်များဖြင့် ဖုံးကာနေသော်လည်း သူ့ခွန်အားမှာ မီးတောက်များကို ခုခံရန် လုံလောက်၍ တခြားသူများသဖွယ် ပြာအဖြစ် လောင်ကျွမ်းမသွားချေ။
၄င်းက ပုဖန်၏ တို့ဟူးပုပ်မှာ သာမန်ဝိညာဉ် နတ်ဆိုးများအပေါ်တွင် သိသိသာသာအကျိုးသက်ရောက်မှု ရှိသော်လည်း နံပါတ်စဉ်ဝိညာဉ် နတ်ဆိုးများအပေါ်မူ အလွန်သက်ရောက်မှု မရှိသည်ကို ပြသပေသည်။
"အရသာရှိတဲ့ အစားအသောက်ကို မြည်းချင်ရင် တန်ကြေးတစ်ခုတော့ ပေးရတယ်ကွ..."
ရုန်းကန်ကာ အော်ဟစ်နေသော နံပါတ်စဉ် ဝိညာဉ် နတ်ဆိုးများကိုကြည့်ကာ အိမ်ရှေ့စံက အော်ဟစ်လိုက်သည်။"သူ့ရဲ့ အားနည်းချက်ကို ငါလက်ဦးမှု ယူရမယ်..."
အိမ်ရှေ့စံက ဤတစ်ကြိမ်တွင် မတုံ့ပြန်နိုင်ပါက အလွန် မိုက်မဲလွန်း၍ ဖြစ်ပေမည်။
YOU ARE READING
အချက်အပြုတ် နတ်ဘုရား ( ပုဖန် ) Book 2 ( Ch 996 - ) (ခွင့်ပြုချက်ရပြီး)
Adventureအဇူး လေးမှာပြောစရာရှိပါတယ်။ ဒါလေးကတော့ လူတိုင်းသိကြမဲ့ IQ team လေးက ဘာသာပြန်ခဲ့တဲ့ အပုဒ်တွေထဲက တစ်ပုဒ်ဖြစ်ပါတယ်။Completed ဖြစ်ပြီးသားပါ။ ဒါလေးကိုကြိုက်လို့ IQ Team က အရှင်းလေးဆီကနေ တင်ပြဖို့ခွင့်သွားတောင်းလာပြီး ဒီမှာပြန်လာတင်ပေးခြင်းဖြစ်ပါတယ်။ ဒီ၀တ...