အခန်း ၁၆၀၆
ယာမာတာနို အိုရိုချီ၏ အထင်လွဲမှားမှုဆာကူရာကျွန်း၏ ကွပ်ကဲရေးအရာရှိက အလွန်ဒေါသထွက်နေသည်။ အားလုံးအောင်မြင်လုနီးနီးအချိန်တွင် မတော်တဆမှုတစ်ရပ် ဖြစ်ပေါ်လာသည်ကို သူ မယုံကြည်နိုင်ပေ။
" အဲ့လူက ဟွားက ကောင်လား... ဘာကိစ္စ သူ့အကြောင်း သတင်းအချက်အလက်တွေ မရှိရတာလဲ... သတင်းအချက်အလက်ဌာနကလူတွေက လစာကို အလကားယူနေကြတာလား.. ယာမာတာနို အိုရိုချီက်ုတောင် တားနိုင်တဲ့ လူတစ်ယောက်ရှိတာကို ဘာလို့ သူ့အကြောင်း သတင်းတစ်ခုမှ မရထားတာလဲ..."
သူ့ရှေ့ဖန်သားပြင်ပေါ်မှ ဧရာမမြွေကြီးက ပြင်းပြင်းထန်ထန် ထိုးနှက်ခံနေရသည်ကိုကြည့်ပြီး သူ့မျက်နှာကြီး ပြာနှမ်းလာသည်။ အိုရိုချီက ဆာကူရာကျွန်း၏ စွမ်းအားကြီးသော ဒဏ္ဍာရီလာ တည်ရှိမှုတစ်ခုဖြစ်သော်လည်း ဟွားနိုင်ငံဘက်မှ လူတစ်ယောက်၏ အဖိနှိပ် ခံနေရသည်။ ကွပ်ကဲရေးအရာရှိက ထိုကိစ္စကို သည်းမခံနိုင်တော့ပေ။
အနားမှ အခြားအရာရှိများ၏ မျက်နှာများလည်း မည်းနက်နေသည်။ ဤကိစ္စမျိုးဖြစ်လာမည်ဟု မထင်မှတ်ထားကြသည့်အပြင် အချိန်ဖြုန်းနေ၍ မရေတော့သောကြောင့် စိုးရိမ်ပူပန်နေကြသည်။
" ဖိုက်တာဂျက်လေယာဉ်တွေ လွှတ်လိုက်စမ်း... တခြားကိစ္စတွေအားလုံး ဘေးဖယ်ထားလိုက်တော့... ငါတို့လူတွေကို အဲ့ကောင်ရဲ့ခန္ဓာကိုယ်ကို သေနတ်နဲ့ပစ်ဖို့အမိန့်ပေးလိုက်ပြီး ကာမဲအိုရိုချီက 'ရတနာ' ကို ဖမ်းနေတာကို ကူညီပေးလိုက်..."
ကွပ်ကဲရေးအရာရှ်ိက အေးစက်စက်မျက်နှာဖြင့် အမိန့်ပေးလိုက်သည်။ဟွားနိုင်ငံဘက်မှ စစ်ကူများ မရောက်ရှိလာမီ ဤကိစ္စကို အဆုံးသတ်ရမည်ဖြစ်သည်။ စိတ်ဝိညာဉ်စွမ်းအင် ချိတ်ပိတ်ထားသည့်နေရာကို ချုပ်ကိုင်ထားရန် အခွင့်အရေးရရှိပါက ဆာကူရာကျွန်းမှာ ၎င်း၏ စိတ်ဝိညာဉ်စွမ်းအင် အပြည့်အဝပြန်လည်ရရှိလာပြီး အနာဂတ်ကမ္ဘာတွင် ကြီးစိုးလာနိုင်သည်။
ထိုအတွေးကြောင့် ကွပ်ကဲရေးအရာရှိ၏ မျက်လုံးများ အနည်းငယ် နီရဲလာသည်။
YOU ARE READING
အချက်အပြုတ် နတ်ဘုရား ( ပုဖန် ) Book 2 ( Ch 996 - ) (ခွင့်ပြုချက်ရပြီး)
Adventureအဇူး လေးမှာပြောစရာရှိပါတယ်။ ဒါလေးကတော့ လူတိုင်းသိကြမဲ့ IQ team လေးက ဘာသာပြန်ခဲ့တဲ့ အပုဒ်တွေထဲက တစ်ပုဒ်ဖြစ်ပါတယ်။Completed ဖြစ်ပြီးသားပါ။ ဒါလေးကိုကြိုက်လို့ IQ Team က အရှင်းလေးဆီကနေ တင်ပြဖို့ခွင့်သွားတောင်းလာပြီး ဒီမှာပြန်လာတင်ပေးခြင်းဖြစ်ပါတယ်။ ဒီ၀တ...