1461 - 1465

131 15 0
                                    

အခန်း ၁၄၆၁
ပြဿနာကောင် မင်းကိုနောက်လူတွေအတွက်ဥပမာအဖြစ် အဝတ်ချွတ်ပစ်ရမယ်

" ငွေရောင် သံချပ်ကာတပ်ဖွဲ့လား..."

ဤနာမည်ကိုကြားသည်နှင့် လူတိုင်း၏မျက်နှာအမူအယာများ အကြီးအကျယ်ပြောင်းလဲသွားကြပေသည်။  ၎င်းတို့သည် တော်ဝင်အစောင့်တပ်များဖြစ်ကာ မြို့စောင့်တပ်များထက် တစ်ဆင့်မြင့်၏။

ထိုသို့သော ဖြစ်တည်မှုမျိုးက ဤနေရာတွင်ရောက်ရှိနေသည်ကို မယုံကြည်နိုင်ကြချေ။ ထို့ကြောင့် ၎င်းတို့၏အဆင့်အတန်းအရ လာရင်းရည်ရွယ်ချက်အား ရုတ်ချည်းပင် သဘောပေါက်လိုက်ကြပေသည်။

ငွေရောင်သံချပ်ကာတပ်ဖွဲ့က ဧကရာဇ်ကိုယ်လုပ်တော်ကို ခစားခြင်းဖြစ်သည်။ ငွေရောင်သံချပ်ကာတပ်ဖွဲ့ အနက်ရောင်သံချပ်ကာတပ်ဖွဲ့နှင့် ရွှေရောင်သံချပ်ကာ တပ်ဖွဲ့တို့သည် နတ်ဘုရားဧကရာဇ်လက်အောက်မှ တော်ဝင်အစောင့်တပ်များဖြစ်ကြပြီး မည်သည့်မင်းမျိုးမင်းနွယ်ဝင်တို့၏ အစောင့်တပ်များထက်မဆို သာလွန်ကြသည်။

ထိုအနက် ငွေရောင်သံချပ်ကာတပ်ဖွဲ့ကား ဧကရာဇ်ကိုယ်လုပ်တော်နှင့် အနီးကပ်ဆုံးဖြစ်သည့်အတွက် လာရင်းရည်ရွယ်ချက်အား ထူး၍တွေးတောနေရန်မလိုအပ်တော့ချေ။

" လူကြီးမင်းပု ဘယ်လိုလုပ်မလဲ..."
၎င်းတို့အနက် အများစုက အလယ်အလတ်ဆင့်နတ်ဘုရားများဖြစ်ကြပြီး ခေါင်းဆောင်သူမှာ အဆင့်မြင့်နတ်ဘုရားဖြစ်သည်။ အရေအတွက်နည်းသော်ငြား အရည်အချင်းကား လျော့တွက်နိုင်ဖွယ်မဟုတ်ချေ။

အဆောက်အဦး၏ အပေါ်ဆုံးအလွှာသည် လူမရှိလုနီးနီးသာကျန်ရစ်၏။ ဤအဆောက်အဦက လော့မိသားစု၏ ပိုင်ဆိုင်မှုပင်ဖြစ်လင့်ကစား ငွေရောင်သံချပ်ကာတပ်ဖွဲ့က ထည့်သွင်းစဥ်းစားမှုမရှိ ဝန်းရံထားသည်။

ဟူလုက သူ့ခုံမှထကာ မျက်မှောင်ကျုံ့လိုက်သည်။ ယခုအခါသူ့တွင် ပုဖန်အပေါ် အင်မတန်ကောင်းမွန်သော အမြင်များရှိနေပြီပင်။ ဤလူသည် တိုက်ခိုက်ခြင်းတွင်လည်း သူမတူ စွမ်းရည်များပိုင်ဆိုင်ပြီး အရသာရှိသော စားကောင်းသောက်ဖွယ်များလည်း ချက်ပြုတ်နိုင်သည်။

အချက်အပြုတ် နတ်ဘုရား ( ပုဖန် ) Book 2 ( Ch 996 -      ) (ခွင့်ပြုချက်ရပြီး)Donde viven las historias. Descúbrelo ahora