1266 - 1270

232 31 0
                                    

အခန်း ၁၂၆၆
အမှိုက်တွေ.... ငါ... ဂါး.... ပြန်လာပြီ

တောထဲတွင် ငှက်များ၏အတောင်ပံခပ်သံတို့ ပဲ့တင်ထပ်နေသည်။ လေထဲတွင် သတ်ဖြတ်လိုစိတ်တို့ ပြည့်နှက်နေသည်။ သစ်ပင်များပေါ်မှ သစ်ရွက်တို့ တလိမ့်လိမ့်ကြွေကျနေပြီး လေထဲတွင် ရစ်ဝဲနေကာ ထက်ရှလှသော စွမ်းအင်များကြောင့် အပိုင်းပိုင်းပြတ်သွားကြသည်။ ပုဖန်က ရပ်မြဲအတိုင်းရပ်နေသည်။ သူ့ကိုဖိအားပေးလာနေသော စွမ်းအင်လှိုင်းများကြောင့် သူ့ပတ်ပတ်လည်မှ သစ်ရွက်များကို ဝေ့ဝဲသွားစေသည်။ သူ၏အနီရောင်စားဖိုမှူး ဝတ်ရုံသည်လည်း တဖျပ်ဖျပ်လွင့်ပျံနေသည်။

ခပ်လှမ်းလှမ်းတွင် သစ်ပင်ကြီးပေါ်တွင်ရှိနေသော သွေးနီရောင်ဝတ်ရုံခြုံထားသည့် လူငါးယောက်က သူ့ကိုငုံ့ကြည့်နေကြည်။ သူတို့၏အေးစက်လှသော မျက်လုံးများတွင် ပြင်းထန်လှသောလူသတ်ငွေ့များလွှမ်းခြုံနေပြီး ကြောက်မက်ဖွယ်ကောင်းလှချေသည်။

အခြားတစ်ဖက်တွင် ကျောက်စိမ်းဖြူမျက်နှာဖုံးဖြင့် လူပျံတောင်ကြားမှကျင့်ကြံသူရှိနေသည်။ သူ၏နောက်ကျောတွင် အဖြူရောင်အတောင်ပံများရှိနေပြီး လက်ပိုက်လျက်ရှိနေသည်။ သူ့ကိုယ်မှမြင့်မြတ်သော ရောင်ဝါတို့စိမ့်ထွက်နေကာ တစ်နည်းနည်းဖြင့် ရက်စက်သော ခံစားချက်အချို့လည်း ရစ်သိုင်းနေသည်။

သူတို့ကိုကြည့်ပြီး ပုဖန်မျက်မှောင်ကြုတ်သွားရကာ အသံတိုးတိုးဖြင့်ပြောလိုက်သည်။
"အသူရာချောက်နဲ့ လူပျံတောင်ကြား..."

"မင်းဒီမှာအဆုံးသတ်ပြီ...."
အသူရာချောက်မှခေါင်းဆောင်က ကြမ်းကြုတ်လှသောအသံဖြင့် ပြောလိုက်သည်။

"အရင်တစ်ခေါက်ကတော့ မင်းကိုငါတို့မသတ်ခဲ့ရဘူး.. ဒါပေမဲ့ ဒီတစ်ခေါက်တော့ မလွတ်စေရတော့ဘူး..."

ဘုန်း

သူ့စကားပြောပြီးသည်နှင့် သူ့ခန္ဓာကိုယ်မှ ပြင်းထန်သည့်အော်ရာထွက်ပေါ်လာပြီး လေပြင်းတစ်ချက် ပစ်တိုက်သွားစေသည်။ ဘုံတစ်ပါးအထွတ်အထိပ်သူတော်စင်ငယ်တစ်ယောက်၏ အော်ရာက မွန်းကြပ်လွန်းလှသည်။

အချက်အပြုတ် နတ်ဘုရား ( ပုဖန် ) Book 2 ( Ch 996 -      ) (ခွင့်ပြုချက်ရပြီး)Donde viven las historias. Descúbrelo ahora