1316 - 1320

263 32 0
                                    

အခန်း ၁၃၁၆
တားမြစ်နယ်မြေ ရိုက်ခတ်ခြင်း၊ စစ်မှန်အရိုးစု နဂါးတစ်ကောင်

ထူးဆန်းလှသော သတ်ဖြတ်လိုစိတ်များက ခွေးဘုရင်ကိုသာမက စားသောက်ဆိုင်ရှေ့တွင် ရပ်နေသော ပုဖန်ကိုလည်း ကြောင်အသွားစေလေသည်။ လေထုအလယ်ရှိ မီးခိုးရောင်ဝတ်အဖိုးအိုကို ကြည့်ကာ သူက မျက်မှောင်မကြုတ်ပဲ မနေနိုင်ပါချေ။ သူက သူ့ဆီသို့ ဦးတည်နေသော သတ်ဖြတ်လိုစိတ်များကို ခံစားမိပေသည်။ ပုဖန်မှာ ဤအဖိုးအိုကို တစ်ခါမှ မတွေ့ဆုံဖူး၍ ထိုသူနှင့် မည်သည့်ရန်ငြိုးမှ မရှိနိုင်ပါချေ။ သို့ဖြစ်ပါလျှင် အဘယ့်ကြောင့် ထိုအဖိုးအိုက သူ့အတွက် ထိုကဲ့သို့ ပြင်းထန်လှသော သတ်ဖြတ်လိုစိတ်များကို ထုတ်လွတ်နေပါသနည်း။ ထိုသူက ကမ္ဘာမြေကြီးကို ဖျက်ဆီးပစ်ချင်နေသကဲ့သို့ပင် များပြားလွန်းလှပေသည်။
'ငါ ဘယ်တုန်းကများ သူ့ကို ရန်စမိလို့ပါလိမ့်...'

သူ့၏ ဝိုင်ခရားကို ကိုင်ထားလျက်ဖြင့် စမ်းချောင်းဝါ မဟာပညာရှိက ပုဖန်ကို ထူးဆန်းစွာ ကြည့်လိုက်ပေသည်။ ခေတ္တမျှ တွေးတောပြီးနောက် သူက တွေးတွေးဆဆဖြင့် ပြောလာလေ၏။
"သူက မင်းရဲ့ ချောမောရဲ့ ရုပ်ရည်ကို မနာလိုဖြစ်နေတာ နေမှာပေါ့..."

သူက ဓားနတ်ဆိုးဂိုဏ်းအကြီးအကဲမှာ ခွေးဘုရင်ကို လာရှာသည်ဟု ထင်ခဲ့သော်လည်း အဖွဲ့ဝင်အိုကြီး၏ ပစ်မှတ်မှာ ပုဖန်ဖြစ်နေပေသည်။ သူနှင့် ခွေးဘုရင် နှစ်ဦးစလုံးမှာ အနည်းငယ်တော့ စိတ်ရှုပ်ထွေးသွားကြလေ၏။

"အဓိပ္ပာယ် မရှိတာတွေ... သူက တကယ်ပဲ မနာလိုတာဆိုရင် ငါ့ရဲ့ ချောမောလှတဲ့ သွင်ပြင်ကို မနာလိုရမှာပေါ့... လူငယ်လေး ပုဖန်မှာက... ဖြူဖျော့ဖျော့ မျက်နှာတစ်ခုပဲ ရှိတာကို..."
ငရဲဘုရင် အာဟက စားသောက်ဆိုင်အပြင်ဘက်သို့ လည်ဆန့်ကာ အတည်ပေါက်ဖြင့် ဆိုလိုက်လေသည်။ ထို့နောက် သူက နဖူးပေါ်မှ ဆံပင်များကို သပ်လိုက်ကာ နှုတ်ခမ်းထက်တွင် နှစ်လိုဖွယ်အပြုံးတစ်ခု ပေါ်လာလေတော့သည်။

ဂျိမ်း...

အလွန်ကြောက်မက်ဖွယ်ကောင်းလှသော အော်ရာတစ်ခုက ကောင်းကင်ထက်တွင် နေရာအနှံ့သို့ ပြန့်ကျဲသွားလေသည်။ အဝေးတစ်နေရာတွင် တာမြစ်ဝိညာဉ် မြို့တော်မှ လူအများက အံ့ဩတကြီးဖြစ်ရုံသာ ဖြစ်နေပေသည်။ ဖိအားမှာ အလွန် ကြောက်မက်ဖွယ်ရာဖြစ်သည်။ သူတို့မှာ ထိုမျှအဆင့် ကျင့်ကြံသူတစ်ဦးက ကမ္ဘာမြေအကျဥ်းထောင်အား အကြောင်းအရင်းမဲ့ တိုက်ခိုက်လာသည်ကို မယုံနိုင်ကြပါချေ။

အချက်အပြုတ် နတ်ဘုရား ( ပုဖန် ) Book 2 ( Ch 996 -      ) (ခွင့်ပြုချက်ရပြီး)Where stories live. Discover now