1486 - 1490

154 16 0
                                    

အခန်း ၁၄၈၆
အောက်ကျခံရမည့်အစား သေလိုက်မည့် အိမ်ရှေ့စံမင်းသား

နတ်ဘုရားဧကရာဇ်၏ အော်ဟစ်သံက ညီလာခံခန်းမတစ်ခုလုံးကို ငြိမ်ကျသွားစေသည်။ မည်သူကမှ အသံမထွက်ရဲတော့ပေ။
" ဟူဖျင်ယန်... ငါကိုယ်တော်က အရမ်းအိုမင်းနေလို့ ဓားတောင် မကိုင်နိုင်တော့ဘူးလို့များ ထင်နေလား..."

နတ်ဘုရားဧကရာဇ်က ပလ္လင်ပေါ်တွင်ထိုင်လျက် စိတ်ဆိုးမာန်ဆိုးဖြင့် မျက်ခုံးများကို ထိလုမတတ် တွန့်ချိုးထားသည်။ ထိုမြင်ကွင်းကြောင့် ရှိနေသည့် အမတ်အားလုံး ကြောက်လန့်ကုန်ကြသည်။

ဧကရာဇ်တစ်ခါ ဒေါသထွက်ရင် သန်းနဲ့ချီပြီး သေနိုင်တာကို ဘုရင်ဖျင်ယန်က သူ့ဒေါသကို သွားဆွတာပဲ... ဒီလူကတော့ ရှေ့မကြည့် နောက်မကြည့်နဲ့...
အမတ်အားလုံးက သူတို့စိတ်ထဲတွင် ဝေဖန်ပြောဆိုနေကြသည်။

နှစ်ပေါင်းများစွာကြာပြီးနောက် ပထမဦးဆုံးပြုလုပ်သည့် ရှယီနတ်ဘုရားမင်းဆက်၏ မနက်ခင်းညီလာခံက ဟာသဆန်ဆန် စတင်ခဲ့သည်။

ကမာပန်ကိတ်ကြော်က အလွန်ပင် မွှေးလွန်းသည့်အတွက် နန်းတွင်းတစ်ခုလုံးတွင် ၎င်းအနံ့ဖြင့်သာ ပြည့်နေခဲ့သည်။

နတ်ဘုရားဧကရာဇ်ဒေါသထွက်သွားခြင်းက ဘုရင်ဖျင်ယန်ကို လန့်သွားစေခဲ့သည်။

သူ ဆက်စားသင့်လား... မစားသင့်တော့ဘူးထင်တယ်... သူက မနက်စာလေး စားချင်ရုံပဲကို...
သူ မျက်လုံးများပြူးကျယ်ပြီး ဧကရာဇ်ကို စိုက်ကြည့်နေရုံသာ တတ်နိုင်တော့သည်။

ဧကရာဇ်က ပလ္လင်ပေါ်မှ တစ်လှမ်းပြီးတစ်လှမ်း လက် နောက်ပစ်၍လျှောက်လာသည်မှာ ခြုံခိုတိုက်ခိုက်တော့မည့် နဂါးတစ်ကောင်ဖြင့်ပင် တူနေသည်။ အမတ်များက အသက်ပင် ကျယ်ကျယ်မရှုရဲကြပေ။

မျက်လုံးများပြူးကျယ်နေသော ဟူဖျင်ယန်၏ရှေ့သို့ရောက်လာပြီး သူ့လက်ထဲမှ ကမာပန်ကိတ်ကြော်ကို ကြည့်လိုက်သည်။ ၎င်းက ဆီများရွှဲနေပြီး အသက်စွမ်းအင်နှင့်အတူ ရနံ့ဖျော့ဖျော့တစ်မျိုးထွက်နေသည်။ ခံစားချက်က ပုံမှန်မဟုတ်ပေ။

ဟူဖျင်ယန် တံတွေးမျိုချလိုက်မိသည်။ ဧကရာဇ်၏ အကြည့်များက ဓားတစ်လက်ကဲ့သို့ ချွန်ထက်လှ၍ သူ့ကို အပိုင်းပိုင်းဖြတ်နေသည်ဟု ခံစားရကာ ဆံပင်များပင်ထောင်လာသည်။

အချက်အပြုတ် နတ်ဘုရား ( ပုဖန် ) Book 2 ( Ch 996 -      ) (ခွင့်ပြုချက်ရပြီး)Where stories live. Discover now