1426 - 1430

134 16 0
                                    

အခန်း ၁၄၂၆
အဆင့်မြင့်ဆိုင်ခန်း

လော့စန်းနျန်က ပုဖန်ကို မျက်လုံးလှန်ပြလိုက်သည်။

ငါက အရမ်းစိတ်လှုပ်ရှားသွားတာဟဲ့...

ဤလူငယ်လေးက အခြားနတ်ဘုရားစားဖိုမှူးများနှင့်ကွာခြားသည်။ ၎င်းတို့ကား လောဘကြီးသောဆိတ်အိုများ ဖြစ်ကြပြီး သူမဖြတ်သွားရာလမ်းတစ်လျှောက် ထိန်းသိမ်းမှုမရှိသော မျက်လုံးများဖြင့် လိုက်လံကြည့်ရှုကြမည်ပင်။

သူမက ပုဖန်အား မည်သည့်တောင်းဆိုမှုကို မဆို ပြုလုပ်နိုင်ကြောင်းပြောခဲ့ပါလျက်နှင့်ပင် ထိုလူငယ်သည် သူမအား ထူးဆန်းသောအရာနှစ်ခုကိုသာတောင်းဆိုလာခဲ့သည်။

ဆိုကာမှ သူကဘာအတွက်နဲ့ မြို့ထဲမှာဆိုင်ခန်းလိုချင်တာလဲ...

စားသောက်ဆိုင်ဖွင့်ဖို့လား စိတ်ဝိဉာဥ်နတ်ဘုရားစားဖိုမှူး အဆင့်နဲ့ ဒီမှာစားသောက်ဆိုင်ဖွင့်ရင် စီးပွားရေးကောင်းမှာမဟုတ်ဘူး...

နောက်ဆုံးကျ ဒီမြို့ကထိပ်တန်းစားသောက်ဆိုင်အများစုက မြေကမ္ဘာနတ်ဘုရား စားဖိုမှူးတွေ ကွပ်ကဲတာတွေချည်းမဟုတ်လား...

ပုဖန်က အမွေအနှစ်နယ်မြေ၏ ချိပ်စည်းကို ချိုးဖောက်နိုင်ခဲ့သည်မှန်သော်လည်း ချိပ်စည်းတစ်ခုသာဖြစ်သည်။ သူ၏အဆင့်က စိတ်ဝိဉာဥ်နတ်ဘုရား စားဖိုမှူးမျှသာ။

သူ၏နာမည်သတင်းက နတ်ဘုရားစားဖိုမှူးများအကြား အထင်ကြီးလေးစားခံရဖွယ်ရှိနိုင်သော်လည်း မြို့နေလူထုအတွက်မူ စားသောက်ဆိုင်ရွေးချယ်ရာတွင် စားဖိုမှူး၏ အဆင့်သတ်မှတ်ချက်ကိုသာ အလေးပေးကြမည်ပေ။

မည်သို့ပင်ဖြစ်စေ ပုဖန်တောင်းဆိုသည့်ကိစ္စရပ်မှာ နတ်ဘုရားစားဖိုမှူး ဘုရားကျောင်းအတွက် ပမွှားမျှသာဖြစ်သည်။ နေရာကောင်းတစ်ခုအား မြို့တော်ရှိ လော့စန်းနျန်၏ ကိုယ်ပိုင်နယ်မြေများအတွင်း၌ပင် ရှာတွေ့ပြီးဖြစ်၏။

ပုဖန်၏ ဒုတိယတောင်းဆိုချက်မှာ ဘုရင်ဖျင်ယန်၏ သားတော်ဦးစီးကျင်းပသော သားရဲချီးမြှောက်ပွဲအတွက် လက်မှတ်ဖြစ်သည်။

အချက်အပြုတ် နတ်ဘုရား ( ပုဖန် ) Book 2 ( Ch 996 -      ) (ခွင့်ပြုချက်ရပြီး)Where stories live. Discover now