1481 - 1485

154 16 0
                                    

အခန်း ၁၄၈၁
နတ်ဘုရားဧကရာဇ် ပေါ်လာခြင်း၊ ခွေးဘုရင်၏ ထိန်းမနိုင်သိမ်းမရ တိုက်ခိုက်မှု

ခွေးဘုရင်က နံရိုးချိုချဉ်ကို မစားရသည်မှာ အချိန်အတန်ကြာပြီဖြစ်၍ အားပါးတရ စားသောက်နေမိသည်။ သူတို့ကို ယခုချိန်တွင် စားသုံးလိုက်ရသည့်အတွင် ယခင်က အမှတ်တရများကို ပြန်လည်သတိရလာမိသည်။ သူက အမွေအနှစ််နယ်မြေထဲတွင် အလွန်ကြာမြင့်အောင် လှည့်လည်သွားလာခဲ့ရ၍ ရံဖန်ရံခါတွင် သူတို့အားလုံး အတူတူရှိနေခဲ့ကြသည့်နေ့ရက်များကို သတိရနေမိသည်။

ဖြူပြာရောင်ကြွေပန်းကန်ထဲသို့ ခေါင်းနှစ်ပြီး နံရိုးများကို အားရပါးရစားသောက်နေစဉ်တွင် သူ့အမြီးက ဘေးဘယ်ညာကို လှုပ်ယမ်းနေသည်။ နံရိုးချိုချဉ်ကို စားသောက်ရသည်က သူ့အတွက် ပျော်ရွှင်မှုစစ်စစ်ဖြစ်သည်။

အုန်း...

ကောင်းကင်ပေါ်မှ အရာအားလုံးက ပြောင်းလဲလာသည်။ အဝေးမှ ဆမ်းမားက နောက်ဆုံးတွင် အခွင့်အရေးရရှိသွားသည်။ ဧကရာဇ်ကိုယ်လုပ်တော်၏အာရုံက ခွေးဘုရင်ဆီသို့ ရောက်နေချိန်တွင် လှုပ်ရှားလိုက်သည်။ သူမက ညှာတာထောက်ထားတတ်သည့်လူမျိုး မဟုတ်ပေ။

နေရာဥပဒေသထွက်ပေါ်လာပြီး လေဟာနယ်က တစ်လက်မပြီး တစ်လက်မ ပြိုကွဲလာသည်။

ဧကရာဇ်ကိုယ်လုပ်တော်၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားသည်။ သူမ၏ ဘေးပတ်ပတ်လည်မှ လေဟာနယ်က ရူးဘစ်‌တုံးကဲ့သို့ ပြောင်းလဲပြီး သူမခန္ဓာကိုယ်ကို အတွင်းတွင်ထည့်ကာ လွှမ်းခြုံထားလိုက်ပုံရသည်။ ရူးဘစ်တုံး၏ လိုင်းတိုင်းက ချွန်ထက်သည့်ဓားများနှင့်တူပြီး သူမကို ဖြတ်တောက်ပစ်တော့မည်ဟု ထင်ရသည်။

ဆမ်းမားက ဤတစ်ကြိမ်တွင် လက်သီးဖြင့် မထိုးတော့ပေ။ သူမက ဒိုင်မေးရှင်းဖြတ်တောက်မှုဟူသည့် နတ်ဘုရားစွမ်းအားကို ရရှိထားပြီဖြစ်သည်။ ၎င်းက သူမသိမြင်ထားသော နေရာဥပဒေသ၏ နတ်ဘုရားစွမ်းအားဖြစ်သည်။ စကြဝဠာ၏ ကြီးမြတ်ဥပဒေသတိုင်းကို သိမြင်ထားသော ကျင့်ကြံသူတိုင်းက နတ်ဘုရားအဆင့်ရောက်ချိန်တွင် နတ်ဘုရားစွမ်းအားတစ်မျိုးကို ရရှိကြသည်။ ၎င်းက သူတို့၏ အသန်မာဆုံးတိုက်ခိုက်မှုကြီးဖြစ်သည်။

အချက်အပြုတ် နတ်ဘုရား ( ပုဖန် ) Book 2 ( Ch 996 -      ) (ခွင့်ပြုချက်ရပြီး)Onde histórias criam vida. Descubra agora