1256 - 1260

236 28 0
                                    

အခန်း ၁၂၅၆
သန်းခေါင်ယံအချိန် တိုက်ခိုက်မှု

ပုဖန် မျက်လုံးဖွင့်လိုက်သည့်အခါ စူးရှသည့်အကြည့်တစ်ချက် ပေါ်လာသည်။ သူ တံခါးကိုစိုက်ကြည့်လိုက်သည်။ ၎င်းက လှပစွာဆေးခြယ်ထားသည့် သစ်သားတံခါးတစ်ချပ်ဖြစ်ပြီး ပြောင်မြောက်သောပန်းခက်ပန်းချီများရေးဆွဲထား၍ အခန်းကိုကြည့်ရသည်မှာ ပို၍ ခေတ်မီလှပစေသည်။ ရုတ်တရက် ကြီးမားသောအင်အားတစ်ချက်က ဂျိန်းခနဲအသံကြီးဖြင့် တံခါးကို ရိုက်ချိုးလိုက်သည်။ သစ်သားစများက သူ့ထံသို့ ကျည်ဆန်များကဲ့သို့ လွင့်စင်လာကာ လေထုထဲတွင် တဝီဝီဆူညံသံများဖြင့် ပြည့်နှက်သွားသည်။

" ချီးပဲ ဖွတ်လိုကောင် ငါတို့အစ်ကိုကြီးယိကျူးကို ပြန်ပေးစမ်း ..."
ဒေါသတကြီးအော်ဟစ်သံကြီးဖြင့် ဧရာမပုံရိပ်နှစ်ခုက ကျိုးပဲ့သွားသော တံခါးမှတစ်ဆင့် အခန်းထဲသို့ ရက်စက်ကြမ်းကြုတ်သော သားရဲကြီးများကဲ့သို့ ဝင်လာသည်။ မဟာနိယာမလမ်းစဉ် အတက်အကျများက သူတို့တစ်ဝိုက်တွင် လှိုင်းဂယက်များထနေသည့်အတွက် ထိုလူနှစ်ယောက်က သူတော်စင်ငယ်များဖြစ်သည်မှာ သိသာလှသည်။

ပုဖန် မျက်လုံးများ မှေးကျဉ်းလိုက်သည်။ ဗာဂျရာနယ်ပယ်မှကျင့်ကြံသူများက သူ့ကိုတည်းခိုးခန်းထဲအထိ လာရောက်တိုက်ခိုက်လိမ့်မည်ဟု မ‌ထင်ခဲ့မိပေ။
ဒီလူတွေ ဦးနှောက်မရှိဘူးလား ...

အမှန်တိုင်းပြောရလျှင် ဤလူများက မိုက်မဲလှသည်။ သူတို့၏ ခန္ဓာကိုယ်များက သန်မာလှသော်လည်း ဦးနှောက်များက ဖွံ့ဖြိုးတိုးတက်လာခြင်း မရှိပေ။ သူတို့က စိတ်ထင်ရာလုပ်တတ်ကြသည်။ သူတို့က မူလတည်းက ပုဖန်နှင့် သူ၏အဖော်များကို မနှစ်သက်ကြသဖြင့် ဒေါသတကြီး ပြုမူပြီး သူတို့၏ စွမ်းအားမြင့်သော ကျင့်ကြံစဉ်များဖြင့် ပုဖန်တို့ကို နင်းချေလိုကြသည်။

တည်းခိုခန်းက ညဘက်တွင် အလွန်တိတ်ဆိတ်လျက်ရှိသည်။ လူအများစုက သူတို့၏ အခန်းများထဲတွင် တရားထိုင်၍ အားအင်များ ပြန်လည်ဖြည့်တင်းနေကြသည်။ သို့ဖြစ်၍ ပုဖန်၏ အခန်းမှ မိုးခြိမ်းသံကဲ့သို့ အသံကြီး ထွက်ပေါ်လာသဖြင့် အားလုံး၏ အာရုံက ထိုနေရာသို့သာ ရောက်သွားသည်။

အချက်အပြုတ် နတ်ဘုရား ( ပုဖန် ) Book 2 ( Ch 996 -      ) (ခွင့်ပြုချက်ရပြီး)Wo Geschichten leben. Entdecke jetzt