1336 - 1340

217 27 0
                                    

အခန်း ၁၃၃၆
ပြိုင်ဘက်ကင်းစွမ်းပကား

ထျန်စန်းက ကမ္ဘာမြေအကျဉ်းထောင်၏ ကြီးမြတ်သောသက်ဦးဆံပိုင်ဘုရင်ဖြစ်သည်။ သူက အလွန်ခွန်အားကြီးမားသည့်အတွက် ငရဲအကျဉ်းထောင်မျိုးနွယ်ကိုးခု၏ မဟာသူတော်စင်များပင် သူ့ကိုကြောက်ရွံ့ကြသည်။ တစ်ကြိမ်က ကမ္ဘာမြေအကျဉ်းထောင်စစ်တပ်ကြီးကိုဦးဆောင်၍ ငရဲအကျဉ်းထောင်ကို တိုက်ခိုက်ခဲ့သောကြောင့် ထိုနေရာမှကျင့်ကြံသူများကို ကြောက်ရွံ့စေခဲ့သည်။ သို့ရာတွင် ဤမျှပြီးမြတ်သောတည်ရှိမှုက မျိုးနွယ်ကိုးခု၏ မဟာသူတော်စင်များ၏တိုက်ခိုက်ခြင်းခံခဲ့ရကာ မဟူရာဘုရားကျောင်းအရှင်သခင်၏ အလစ်အငိုက်တိုက်ခိုက်မှုကြောင့် ဒဏ်ရယအပြင်းအထန်ရခဲ့ရပြီး နောက်ဆုံးတွင် အသတ်ခံခဲ့ရသည်။

ကျဆုံးသွားသည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ် သော ဤတုနှိုင်းမဲ့ကျင့်ကြံသူက ဒဏ္ဍာရီလာပုံရိပ်တစ်ခုအဖြစ် နောက်တစ်ကြိမ် ပြန်လည်ပေါ်ထွက်လာမည်ဟု မထင်ခဲ့မိကြပေ။

တောက်ပနေသောမျက်လုံးများကြောင့် အားလုံး အသက်ရှုရပ်မတတ်ဖြစ်သွားသည်။

ငရဲဘုရင်ထျန်စန်းက ဤကမ္ဘာမြေသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်သည်။

သူကောင်းမျိုးမိသားစုမှကျင့်ကြံသူများက သူ့ရှေ့တွင် ကြောက်လန့်တကြား ဒူးထောက်နေရသည့်အကြောင်းအရင်းကို အာဟသဘောပေါက်သွားသည်။ သူ့အဖေ ပြန်ရောက်လာပြီဖြစ်သည်။
ဒါကိုရော ကံတရားလို့ ခေါ်လို့ရနိုင်လား... သေသွားတဲ့သူ့အဖေကို ဒီကမ္ဘာကိုပြန်ဆင့်ခေါ်လို့ ရနိုင်တယ်ဆိုတာကြီးကို မယုံကြည်နိုင်ဖြစ်နေမိတယ်...

ငရဲဘုရင်ထျန်စန်း၏ အနားတစ်ဝိုက်တွင် အလင်းရောင်များတလက်လက် ဖြစ်နေသည်။ သူ့ခန္ဓာကိုယ်က ပုံရိပ်ယောင်မျှသာဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာဖြစ်တည်မှု မပါရှိပေ။ ကံတရားကကောင်းမွန်သော်လည်း သေဆုံးပြီးသားလူတစ်ယောက်ကို ပြန်လည်ရှင်သန်အောင်လုပ်ရသည်မှာ အလွန်ခက်ခဲလှသည်။ သေဆုံးခြင်းနှင့် ရှင်သန်ခြင်းက ကြီးမြတ်သော‌ဥပဒေများနှင့် ဆက်နွယ်နေသည်။ သို့ဖြစ်၍ ကံကြမ္မာမုန့်ပြားများက မည်မျှ အံ့ဩဖွယ်ရာဖြစ်စေကာမူ ဥပဒေများ၏စွမ်းအားနှင့် ကိုက်ညီမှု ရှိမနေပေ။

အချက်အပြုတ် နတ်ဘုရား ( ပုဖန် ) Book 2 ( Ch 996 -      ) (ခွင့်ပြုချက်ရပြီး)Where stories live. Discover now