အခန်း ၁၂၆၁
သူဘယ်ကိုရောက်လာတာလဲရွေ့လျားဝိညာဉ်နယ်ပယ် သို့မဟုတ် ရွေ့လျားဝိညာဉ်တစ္ဆေနယ်ပယ်ဆိုသည်မှာ ကမ္ဘာမြေအကျဉ်းထောင်နှင့် အတော်လေးနီးစပ်သော ထူးခြားဆန်းကျယ်သည့် ကမ္ဘာငယ်လေးဖြစ်သည်။ တစ္ဆေကျင့်ကြံခြင်းကို အထူးပြုကျင့်ကြံသူများမှာ တစ္ဆေများမွေးမြူရာတွင် အလွန်တော်ကြပေသည်။ ထိုတစ္ဆေများမှာ သာမန်မဟုတ်ကြပဲ တစ္ဆေကျွန်များဖြစ်ကြကာ အခြားလူများ၏ စိတ်ဝိဉာဉ်ပင်လယ်ကိုထိုးဖောက်ကာ ထိုလူများ၏ ဝိဉာဉ်ကို ဝါးမြိုနိုင်ကြသည်။ လူများစွာက ထိုကမ္ဘာငယ်လေးမှလူများကို ကြောက်လွန်း၍ ရင်မဆိုင်ရဲကြချေ။ သူတို့ဘက်က ဘယ်အချိန်တွင် တစ္ဆေများကို သင်၏စိတ်ဝိဉာဉ်ပင်လယ်ထဲလွှတ်ပြီး သင်၏ဝိဉာဉ်ကိုဝါးမြိုက အသိဉာဏ်အားလုံးဆုံးရှုံးသွားသော အရူးတစ်ယောက်အဖြစ်ပြောင်းလိုက်ပြီး သတ်ပစ်မည်မှန်း သိလိုက်ရမည်ပင်မဟုတ်ပေ။ သူတော်စင်ငယ်တစ်ယောက်ပင် ဝိဉာဥ်ဝါးမြိုခံရပြီး သေနိုင်သည်ဖြစ်လေရာ ပုဖန်ကဲ့သို့ သူတော်စင်အဆင့်တစ်ဝက်ကျင့်ကြံသူမှာ ပို၍ဆိုးပေလိမ့်မည်။
လက်ရှိတွင် ပထမတန်းစား ကမ္ဘာငယ်လေးများစွာရှိသည်။ ဗာဂျရာနယ်ပယ်၊ အနောက်တိုင်းဗုဒ္ဓနယ်ပယ်နှင့် အခြားလူများကလည်း သန်မာကြသည်။ သို့သော် သူတို့အားလုံးကလည်း ရွေ့လျားဝိညာဉ်နယ်ပယ်ကို ကြောက်ကြသည်။ ၎င်းတို့တွင် လူတိုင်းကို လွှမ်းမိုးချယ်လှယ်နိုင်သော သန်မာမှုမျိုးမရှိပါသော်လည်း အလွန်လျှို့ဝှက်ဆန်းကျယ်သော နည်းလမ်းများကို ပိုင်ဆိုင်ထားကြသည်။
ထိုရင်သားကြီးကြီးနှင့် ဦးနှောက်မရှိရှာသော ဗာဂျရာနယ်ပယ်မှကျင့်ကြံသူများက ရွေ့လျားဝိညာဉ်နယ်ပယ်မှ ကျင့်ကြံသူများထံမှ အလွယ်တကူဖိနှိပ်ခံရနိုင်သည်။ အခြားသော ကမ္ဘာငယ်များဖြစ်သော လူပျံတောင်ကြားနှင့် ကမ္ဘာမြေအကျဉ်းထောင်တို့ကလည်း အလွန်သန်မာလှပါသော်လည်း ထိုကဲ့သို့သော ကိုးရိုးကားယားနိုင်သည့် စွမ်းရည်ရှိသူများကို အလွယ်တကူမဖိနှိပ်နိုင်ကြပေ။ သူတို့က ထိုတစ္ဆေထိန်းချုပ်သူများကို ဖိအားပေးပြီး တဖြေးဖြေးချင်းရှုံးနိမ့်အောင်လုပ်နိုင်ပါသော်လည်း လုံးလုံးလျားလျားဖိနှိပ်ပစ်ရန်မှာ မဖြစ်နိုင်ပေ။
ESTÁS LEYENDO
အချက်အပြုတ် နတ်ဘုရား ( ပုဖန် ) Book 2 ( Ch 996 - ) (ခွင့်ပြုချက်ရပြီး)
Aventuraအဇူး လေးမှာပြောစရာရှိပါတယ်။ ဒါလေးကတော့ လူတိုင်းသိကြမဲ့ IQ team လေးက ဘာသာပြန်ခဲ့တဲ့ အပုဒ်တွေထဲက တစ်ပုဒ်ဖြစ်ပါတယ်။Completed ဖြစ်ပြီးသားပါ။ ဒါလေးကိုကြိုက်လို့ IQ Team က အရှင်းလေးဆီကနေ တင်ပြဖို့ခွင့်သွားတောင်းလာပြီး ဒီမှာပြန်လာတင်ပေးခြင်းဖြစ်ပါတယ်။ ဒီ၀တ...