အခန်း ၁၃၇၆
အယ်လ်ဖာ သေဆုံးခြင်းများပြားလှသော ကျင့်ကြံသူများစွာနှင့် လောကပေါင်းများစွာရှိကာ အချင်းချင်း ဖိနှိပ်နိုင်ကြရန်အတွက် ဥပဒေသစွမ်းအင်များကို အသုံးချနိုင်စွမ်းရှိကြသည်။
အယ်လ်ဖာ၏ စစ်သင်္ဘောက ခိုးသွင်းတုပထားခြင်းသာ ဖြစ်သော်လည်း သန်မာနေဆဲဖြစ်၏။မည်သို့သော သာမန် နတ်တစ်ပိုင်းအဆင့်ကမျှ အလွယ်တကူဖျက်ဆီးနိုင်မည်မဟုတ်ကြောင်း သူကယုံကြည်နေသည်။
တမန်တော် တစ်ဦးဖြစ်သည့်တိုင် အယ်လ်ဖာက မြင့်မြတ်သော နတ်ဘုရားမျိုးနွယ်များစီးနင်းသည့် ခမ်းနားသောသင်္ဘောများဖြင့် သွားလာရန် အရည်အချင်းမပြည့်မှီပေ။
သို့ရာတွင် သူ၏သင်္ဘောသည်လည်း ဤခွေးနှစ်ကောင် ဖျက်ဆီးနိုင်ရန်အထိ အားနည်းနေခြင်းမဟုတ်ပေ။
နတ်တစ်ပိုင်း လူတစ်ပိုင်းအဆင့်ရှိသူ နှစ်ဦးအား နယ်မြေတစ်ခုတည်း၌ ရှာဖွေတွေ့ရှိရသည်မှာ အံ့အားသင့်ဖွယ်ဖြစ်သည်။ ထို့ကြောင့် ထိုနှစ်ယောက်ပေါင်း၍ သူ၏စစ်သင်္ဘောကို ဖျက်ဆီးနိုင်သည် ဟူသော အံ့အားသင့်ဖွယ်မျိုး ရှိမလာနိုင်တော့ချေ။
" မုန့်ပြားလေးစားပြီး ငါ့သင်္ဘောကို ဖျက်ဆီးမယ်တဲ့လား..."
အယ်လ်ဖာက ကုန်းပတ်ပေါ်တွင် ဟိတ်ဟန်ကြီးစွာ ရပ်နေရင်းမှ လှောင်ပြောင်လိုက်သည်။ သူ၏နှုတ်ခမ်းစွန်းများက အထင်မြင်သေးသောဟန်ပန်ဖြင့် ကွေးညွတ်လျက်ရှိပြီး မုန့်ပြားကိုကိုက်ထားသော ခွေးဘုရင်အား ငုံ့ကြည့်နေသည်။" အသိဉာဏ်ခေါင်းပါးတဲ့ တောသားတွေ လောကကြီးဘယ်လောက်ကျယ်ပြန့်လည်း မင်းတို့နားမလည်သေးဘူး..."
ခွေးဘုရင်က အယ်လ်ဖာ၏ အရွဲ့တိုက်သော စကားလုံးများအား လျစ်လျူရှုလိုက်သည်။ ပုဖန်၏ မုန့်ပြားကား သာမာန်မဟုတ်ချေ။ ကံအားလျော်စွာ မိမိတွင်ရှိသော ကိုယ်ပိုင်စွမ်းအင်၏နှစ်ဆထိပင် အသုံးချနိုင်သည်အထိ အစွမ်းထက်ပေသည်။ကံကြမ္မာမုန့်ပြားသည် သေသူတစ်ဦး၏ ဝိဉာဥ်ကိုပင် တမလွန်မှ ပြန်လည်ဆွဲခေါ်နိုင်စွမ်းရှိသည်။ သာမန်လူများ စိတ်ကူးယဥ်နိုင်သော ပမာဏ မဟုတ်ပါချေ။
YOU ARE READING
အချက်အပြုတ် နတ်ဘုရား ( ပုဖန် ) Book 2 ( Ch 996 - ) (ခွင့်ပြုချက်ရပြီး)
Adventureအဇူး လေးမှာပြောစရာရှိပါတယ်။ ဒါလေးကတော့ လူတိုင်းသိကြမဲ့ IQ team လေးက ဘာသာပြန်ခဲ့တဲ့ အပုဒ်တွေထဲက တစ်ပုဒ်ဖြစ်ပါတယ်။Completed ဖြစ်ပြီးသားပါ။ ဒါလေးကိုကြိုက်လို့ IQ Team က အရှင်းလေးဆီကနေ တင်ပြဖို့ခွင့်သွားတောင်းလာပြီး ဒီမှာပြန်လာတင်ပေးခြင်းဖြစ်ပါတယ်။ ဒီ၀တ...