1176 - 1180

362 28 0
                                    

အခန်း ၁၁၇၆
မွှေးပျံ့လွန်းသည့် ရွှေရောင်သိုးခြေထောက်

သိုးခြေထောက်ကင်က အဓိကဟင်းပွဲဖြစ်ပြီး ပြင်ဆင်ရန် အနည်းငယ်မျှ ပြဿနာများရသည်။

၎င်းကို စားတော်ပွဲတစ်ခုအဖြစ် မှတ်ယူနိုင်သည်။

ပုဖန်က သိုးခြေထောက်ကင်ကို နတ်ဘုရားမမြို့တော်မှ တော်ဝင်စားသောက်ပွဲကဲ့သို့ ပြုလုပ်ရန်သာ ရွေးချယ်နိုင်သည်။ သို့သော် သူ့တွင် ပါဝင်ပစ္စည်းများမရှိ၍ ထိုဟင်းပွဲကို မချက်နိုင်ပေ။

ယခုတွင် ခွေးဘုရင်နှင့် မသေမျိုးသစ်ပင်တို့က သူ့ကို မဟာသူတော်စင်အဆင့်ရှိ သိုးခြေထောက်ကို ဆောင်ယူပေးလာသည်။ ယခုအချိန်က သူ၏အချက်အပြုတ်အရည်အချင်းကို စမ်းသပ်ရန်အချိန်ဖြစ်သည်။

သိုးခြေထောက်ကို ဘယ်လိုကင်မလဲဟူသည်က လေးနက်သည့်မေးခွန်းပင်။

ပုဖန်က ဝှိုက်တီဆီမှ နတ်ဘုရားသတ်တုတ်ကိုငှားယူပြီး အသားထဲသို့ထိုးဖောက်လိုက်သည်။

သူ ထိုအတိုင်းပဲတော့ ကင်လိုက်၍မရချေ။ ထိုအတိုင်းကင်ပါက မီးခိုးမှိုင်းအရသာ အချို့ရမည်သာဖြစ်ပြီး ကျန်တာမပါချေ။ ထို့ကြောင့် ပုဖန်က ပါဝင်ပစ္စည်းများစွာကို ထုတ်ယူလိုက်သည်။

ယခု သူ၏ ကောင်းကင်နှင့် ကမ္ဘာမြေ လယ်ယာမြေထဲတွင် ပါဝင်ပစ္စည်းများစွာနှင့် စိတ်ဝိဉာဉ်ဆေးပင် များစွာကို စိုက်ထားပြီးဖြစ်သည်။ ပါဝင်ပစ္စည်းများထဲမှ အချို့မှာ အထူးသဖြင့် စွမ်းအင်အဆင့်ကို မြင့်တက်စေသည်။ ဥပမာအားဖြင့် အမြီးရှည်ကြက်သွန်မြိတ်၊  ခရမ်းရောင် ကြက်သွန်ဖြူနှင့် သားအမိဂျင်းတို့ ဖြစ်ကြသည်။

ထို့အပြင် ဟင်းခတ်အမွှေးအကြိုင် အမျိုးမျိုးနှင့် ပါဝင်ပစ္စည်းများစွာလည်း ရှိသေးသည်။

ဟင်းခတ်အမွှေးအကြိုင်များဆိုသည်မှာ ဤကဲ့သို့သော အကင်မျိုးတွင်သုံးရန် အကောင်းဆုံးအရာများ ဖြစ်ကြသည်။ သူတို့က အသား၏ ညှီစို့စို့ရနံ့ကို ဖုံးသွားစေနိုင်သလို အသား၏မွှေးရနံ့ကိုလည်း ဆောင်ယူပေးနိုင်သည်။

အချက်အပြုတ် နတ်ဘုရား ( ပုဖန် ) Book 2 ( Ch 996 -      ) (ခွင့်ပြုချက်ရပြီး)Wo Geschichten leben. Entdecke jetzt