အခန်း ၁၅၅၆
ဘဝကူးပြောင်းမှု ချီလင်ယောက်ချိုဟိန်းသံမှာ ကျယ်လောင်လှကာ တောင်များနှင့် မြစ်များကို အက်ကွဲသွားစေသည့် ကြောက်မက်ဖွယ် သားရဲတစ်ကောင်၏ ဟိန်းသံကဲ့သိုပင်။ ၄င်းက ကြောက်မက်ဖွယ်အကောင်းဆုံး ဟိန်းသံဖြစ်ပေသည်။
ထိုအခိုက်တွင် ပုဖန်၏ စိတ်ဝိညာဉ် ပင်လယ်တစ်ခုလုံးက နောက်ကျိလာကာ ပေါက်ကွဲထွက်လုနီးနီးဖြစ်နေလေသည်။ သူ့၏ မျက်ဆံများက ချက်ချင်းပင် ကျုံ့ဝင်သွားပြီး သူက လေအေးတစ်ချက် ရှိုက်သွင်းလိုက်သည်။
သူက အံ့ဩတကြီး မျက်လုံးများဖြင့် ကြည့်လိုက်သည့်အခါ သူ့၏ စိတ်ဝိညာဉ် ပင်လယ်ထဲတွင် ကပ်ပါးတစ်ကောင်သဖွယ် ကျန်ရစ်နေသော ကောင်းကင်ဘုံ နတ်ဘုရား၏ စွမ်းအားက ထိုကြမ်းတမ်းသည့်သားရဲ၏ အော်သံကြောင့် အပိုင်းပိုင်း စုတ်ပြဲသွားလေသည်။ လှိုင်းကြီးများက မြင့်တက်လာပြီး ကျယ်ပြန့်သည့် စိတ်ဝိညာဉ်ပင်လယ်၏ ကျယ်ပြန့်သော မျက်နှာပြင်ကိုဖြတ်သန်းလာပေသည်။ ထို့နောက် ရေပြင်က ဘေးနှစ်ဖက်သို့ ကွဲထွက်သွားလေသည်။
ကောင်းကင်ဘုံနတ်ဘုရား၏ စွမ်းအားက ခုခံချင်သော်လည်း ထိုသားရဲကြီး၏ ဟိန်းသံထဲတွင် ပါဝင်နေသော ကြီးမြတ်စွမ်းအားက ထိုသို့ပြုလုပ်ခွင့်မပေးပေ။
ပုဖန်က အချက်အပြုတ် နတ်ဘုရား မီနူးဘေးတွင် ပျံသန်းကာ အသက်ပြင်းပြင်း ရှုလိုက်ပြီး ကောင်းကင်ကို ဖုံးအုပ်ထားသည့် ပုံရိပ်ကြီးကို ကြည့်လိုက်သည်။ အသစ်ရောက်လာသူဆီမှ ထုတ်လွှတ်နေသည့် ဖိအားက ယခင် အသုံးအဆောင်ဝိညာဉ်လေးခုထက် ပိုမိုအစွမ်းထက်ပေသည်။ အသုံးအဆောင်ဝိညာဉ် လေးဦးက အင်အားဖြည့်ပေးလျှင်သော်လည်း သူတို့က မြူခိုးထဲမှ ထွက်ပေါ်လာသည့် ထိုအကောင်ကြီးအတွက် ပြိုင်ဘက်မဟုတ်ပေ။
၄င်းက ချီလင်ဖြစ်ပေသည်။ သူ့ခန္ဓာကိုယ်ပေါ်မှ ကြေးခွံများက အနက်ရောင်ဖြစ်သော်လည်း ထူးဆန်းစွာပင် သူတို့က အရောင်အဝါထွက်နေသည့်ပုံရပေသည်။ တစ်စုံတစ်ဦး၏ မျက်လုံးထက်တွင် အရောင်များပြန်နေသည့်အခါ ချီလင်ကို အလွန်အံ့အားသင့်ဖွယ် ကောင်းအောင်ပြုလုပ်နေပေသည်။
DU LIEST GERADE
အချက်အပြုတ် နတ်ဘုရား ( ပုဖန် ) Book 2 ( Ch 996 - ) (ခွင့်ပြုချက်ရပြီး)
Abenteuerအဇူး လေးမှာပြောစရာရှိပါတယ်။ ဒါလေးကတော့ လူတိုင်းသိကြမဲ့ IQ team လေးက ဘာသာပြန်ခဲ့တဲ့ အပုဒ်တွေထဲက တစ်ပုဒ်ဖြစ်ပါတယ်။Completed ဖြစ်ပြီးသားပါ။ ဒါလေးကိုကြိုက်လို့ IQ Team က အရှင်းလေးဆီကနေ တင်ပြဖို့ခွင့်သွားတောင်းလာပြီး ဒီမှာပြန်လာတင်ပေးခြင်းဖြစ်ပါတယ်။ ဒီ၀တ...