1506 - 1510

137 18 0
                                    

အခန်း ၁၅၀၆
ဝိညာဉ်နတ်ဆိုး

ဝိညာဉ်နတ်ဆိုးများအတွက် လူသားအစားအသောက်သည် သူတို့အား ပျို့အန်နိုင်စေသော ရွံရှာဖွယ်အရာသာဖြစ်သည်။ ထို့ကြောင့် သူတို့က လူသားအစားအသောက်များကို အထူးတလည် မနှစ်မြို့ကြချေ။

ထျန်းချိုးက ကောင်းကင်ဘုံနတ်ဘုရား၏ ပေရွက်ကို လွှင့်ပစ်လိုက်သည်။ ဤရတနာက ငါးစာကောင်းတစ်ခုဖြစ်ခဲ့ပေသည်။

ဤရတနာကြောင့် လမ်းတစ်လျှောက်တွင် ခွန်အားနည်းရာမှ ခွန်အားကြီးသူအထိ ကျင့်ကြံသူပေါင်းများစွာကို ဆွဲဆောင်နိုင်ခဲ့ပြီး သူ၏ခွန်အားဖြစ်လာအောင် ဝါးမျိုနိုင်ခဲ့သည်။

အနက်ရောင်ပိုးတောင်မာကဲ့သို့ သံချပ်ကာများက သူ၏အသွင်အား ပိုမိုခက်ထန်စေသည်။ သူ၏ အော်ရာက တက်လိုက်ကျလိုက်ရှိနေကာ ဘေးပတ်ပတ်လည်ရှိလေထုကို ဆုတ်ဖြဲပစ်လုမတတ် ပြင်းထန်နေသည်။

သူက သူ့လက်ကိုမြှောက်၍ ကမာပန်ကိတ်အား ရိုက်ထုတ်ကာ ထက်ခြမ်းကွဲစေလိုက်သည်။

သို့သော်ထိုအပြုအမူကြောင့်ပင် ကမာပန်ကိတ်၏ မွှေးရနံ့က လေထုအတွင်းသို့ သိပ်သည်းစွာ ဝင်ရောက်လာပြီး ထျန်းချိုး၏ နှာခေါင်းဝသို့ အဓ္ဓမကျူးကျော် လာခဲ့သည်။ သူ၏အစာအိမ်က ဇောက်ထိုးလန်သွားကာ နောက်ကြိမ်အန်ထွက်လုမတတ်ပင်။
" ဘာလို့ အဲဒီလောက် ရွံစရာကောင်းနေရတာလဲ..."

ပုဖန်၏မျက်လုံးများက အာရုံစူးစိုက်မှုအပြည့်ရှိနေသည်။ တုံ့ဆိုင်းမနေဘဲ ရွှေရောင်နဂါးရိုး မီးဖိုချောင်သုံးဓားကို ဆွဲယူ၍ လေထုထဲသို့ ခုတ်ပိုင်းလိုက်သည်။

မြောက်များစွာသော ဓားချက်များက ထျန်းချိုးထံသို့ သွားရောက် ရိုက်ခတ်လေသည်။

သို့ဖြစ်စေ ဤတိုက်ခိုက်မှုက ထျန်းချိုးအပေါ်တွင် သက်ရောက်ခြင်းမရှိဘဲ သူ၏အော်ရာများက လှိုင်းထန်နေဆဲပင်။

သူက အလယ်အလတ်နတ်ဘုရားဘုရင် အဖြစ်သို့ ချိုးဖျက်လုနီးပြီဖြစ်သည်။

ထျန်းချိုးက မှောင်မိုက်သော လိုဏ်ဂူအတွင်း လျင်မြန်စွာ ရွေ့လျားလာသည်။ သူ၏အရှိန်က အင်မတန်မြန်ဆန်ကာ ပုဖန်အနီးသို့ရောက်ရှိသည်နှင့် ချွန်မြသောလက်သည်းရှည်များကို အားဖြင့်လွှဲခုတ်ချလိုက်သည်။ လေထုကို ဖြတ်တောက်သွားသည့် အသံများထွက်ပေါ်လာသည်။

အချက်အပြုတ် နတ်ဘုရား ( ပုဖန် ) Book 2 ( Ch 996 -      ) (ခွင့်ပြုချက်ရပြီး)Donde viven las historias. Descúbrelo ahora