အခန်း ၁၁၉၁
မြေခွေးလေး သူတို့ကို ပစ်လိုက်စမ်းဥပဒေအရာရှိက အနက်ရောင်ဓားကြီးကိုဝင့်ကာ သူ့ဆီပြေးဝင်လာသည်ကိုမြင်ပြီး ပုဖန်က ပေါက်ကွဲအသားလုံးနှင့် ပစ်ပေါက်လိုက်သည်။
အသားလုံးဆီမှ တဝုန်းဝုန်းမြည်သံတို့ ထွက်ပေါ်လာပြီး ကြယ်ကြွေတစ်လုံးနှယ် ပျံသန်းထွက်ပေါ်လာသည်။
ဥပဒေအရာရှိ၏ မျက်လုံးများမှာ သူ့ခေါင်းကိုပေါက်ကွဲလုမတတ်ဖြစ်သွားစေသော အသားလုံးက သူ့ဆီပျံသန်းလာသည်ကို မြင်ပြီး မျက်လုံးပြူးသွားရသည်။ သူက ထိုတိုင်းတပါးသားက သူ့ကို ထိုကဲ့သို့သော လက်နက်မျိုးဖြင့် ထက်မံ တိုက်ခိုက်ရဲမည်ဟု မထင်ခဲ့ပေ။
"သေချင်နေတာပဲ...."
သူ့ဓားကို ရမ်းခါလိုက်သည်။ လေထဲတွင် ကြောက်မက်ဖွယ်ရာဓားစွမ်းအင်တို့ ပြည့်နှက်နေသော ဓားပေါင်းတစ်ထောင် ထွက်ပေါ်လာပြီး ပုဖန်ဆီပြေးဝင်သွားလေသည်။အနက်ရောင်ဓားကြီးမှာ သာမန်ဓားတစ်လက်မဟုတ်ချေ။ ၎င်းက ဝိဉာဉ်ထောင်ပေါင်းများစွာ၏ ခပ်တိုးတိုးအော်ဟစ်သံနှင့်အတူ သန်မာလှသည့် အော်ရာများထုတ်လွှတ်နေလေသည်။
ခဏအကြာတွင် ပေါက်ကွဲအသားလုံးနှင့် ဓားတို့ ထိပ်တိုက်တွေ့သွားခဲ့သည်။
ချက်ချင်းလက်ငင်း ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာသည်။
ထိုပေါက်ကွဲမှုကြောင့် ဝက်ခေါင်းနှယ်ဖူးယောင်နေသော ဥပဒေအရာရှိမှာ နောက်ပြန်လွင့်သွားရသည်။ သူ့ခန္ဓာကိုယ်မှာ တုန်ယင်နေလေပြီး မည်သည့်အချိန်မဆို သွေးအန်တော့မလိုဖြစ်နေသည်။ သူ့လက်ထဲရှိဓားမှ သွေးစက်တို့ တတောက်တောက်ကျနေပြီး သူ့ရင်ဘက်တွင် သွေးများပန်းထွက်နေသော အပေါက်ကြီးတစ်ခုရှိနေသည်။
"သောက်တိုင်းတစ်ပါးသားတွေ... မင်းတို့ကများ ဥပဒေအရာရှိတစ်ယောက်ကို တိုက်ခိုက်ရဲတယ်တဲ့လား... မင်းတို့သေပြီပဲ.. သောက်ကျိုးနည်းတဲ့သေခြင်းဆိုးနဲ့သေရတော့မှာ..."
ဥပဒေအရာရှိက အော်ဟစ်ကြုံးဝါးလေသည်။ သူ၏ရင်ဘတ်နှင့် လက်ဖဝါးတို့တွင် သွေးတို့ပန်းထွက်နေသော်လည်း သူ့မျက်လုံးများက ရက်စက်မှုတို့ ပြည့်လျှံနေသည်။
DU LIEST GERADE
အချက်အပြုတ် နတ်ဘုရား ( ပုဖန် ) Book 2 ( Ch 996 - ) (ခွင့်ပြုချက်ရပြီး)
Abenteuerအဇူး လေးမှာပြောစရာရှိပါတယ်။ ဒါလေးကတော့ လူတိုင်းသိကြမဲ့ IQ team လေးက ဘာသာပြန်ခဲ့တဲ့ အပုဒ်တွေထဲက တစ်ပုဒ်ဖြစ်ပါတယ်။Completed ဖြစ်ပြီးသားပါ။ ဒါလေးကိုကြိုက်လို့ IQ Team က အရှင်းလေးဆီကနေ တင်ပြဖို့ခွင့်သွားတောင်းလာပြီး ဒီမှာပြန်လာတင်ပေးခြင်းဖြစ်ပါတယ်။ ဒီ၀တ...