အခန်း ၁၀၈၆
သူတို့ကို ကိုယ်တိုင်စိုက်ထားတာမုန့်ချီက ကျေးဇူးတင်သည့်အကြည့်ဖြင့် ကြည့်နေသဖြင့် ပုဖန် အံ့ဩသွားသည်။
ကျေးဇူးတင်စရာ အကြောင်းမရှိဟု ပုဖန်တွေးနေမိသည်။
သူက ဂျုံပင်နည်းနည်းပေးလိုက်ရုံပဲလေ ... ဘာလို့ အဲ့လောက်ထိ ကျေးဇူးတင်နေရတာလဲ ...မြို့တော်သခင်မုန့်ချီက အရမ်းယဉ်ကျေးလွန်းတာပဲ ...
အမှန်တွင် အစောပိုင်းက မုန့်ချီ မျှော်လင့်ချက်များ ပျောက်ဆုံးပြီး ယုံကြည်ချက်မရှိခဲ့ပေ။ သို့သော် ပုဖန်၏ ဂျုံပင်များကို ရရှိပြီး ၎င်းကို ထိလိုက်ချိန်တွင် ဤဂျုံပင်တစ်စည်းက အခြေအနေကို ပြောင်းလဲနိုင်သည်ဟု ခံစားလိုက်ရသည်။ ထို့ကြောင့် သူမ ထူးဆန်းပြီး အနည်းငယ် တွန့်ဆုတ်သွားခဲ့သည်။
နောက်ပိုင်းတွင်လည်း ချက်ပြုတ်နေချိန်၌ ဂျုံပင်များက သူမကို ယုံကြည်ချက်ရှိရန် ကူညီပေးခဲ့သည့်အတွက် ပုဖန်ပေးသည့် ဂျုံပင်များက အလွန်လျှို့ဝှက်ဆန်းကြယ်လှသည်။
မော့ရှို့ ခေါက်ဆွဲများကို စားနေချိန်၌ သူ၏မျက်နှာက ရုတ်တရက် ပြောင်းလဲသွားသည်။
ဘေးနားမှလူများလည်း သူ၏ ပြောင်းလဲမှုကို သတိထားမိသည်။
၎င်းက အံ့ဩခြင်းတစ်မျိုးဖြစ်ပြီး သူစိတ်ကူးမယဉ်နိုင်သော အံအားသင့်စရာတစ်ခုဖြစ်သည်။
မော့ရှို့က မုန့်ချီကို အချိန်အတော်ကြာ စစ်ဆေးနေခဲ့သည်။ သို့သော် မုန့်ချီက သူ့ကို စွဲမက်ဖွယ် အပြုံးဖြင့် ပြန်ဖြေခဲ့သည်။
ဂလု ...
မော့ရှို့ မှော်ဆန်သောအရာတစ်ခုကို ခံစားမိသည်။ ခေါက်ဆွဲများမှ ခံစားချက်က သာမန်မဟုတ်သည့် အတွက် နောက်ထပ်တစ်လုတ် ထပ်စားပြီး သူ၏ သံသယများကို စစ်ဆေးကြည့်မည်ဖြစ်သည်။
ထို့နောက် ... ဒုတိယမြောက်တစ်လုတ်က သူ၏မျက်လုံးများကို မှေးစင်းသွားစေသည်။
မော့ရှို့၏ ကမောက်ကမ ဖြစ်နေသည့်အသွင်အပြင်ကို နယ်ပယ်သခင်တိထိုက် မြင်လိုက်သည်။
မုန့်ချီရဲ့ ခေါက်ဆွဲက တစ်ခုခု ထူးဆန်းနေတာများလား ...
YOU ARE READING
အချက်အပြုတ် နတ်ဘုရား ( ပုဖန် ) Book 2 ( Ch 996 - ) (ခွင့်ပြုချက်ရပြီး)
Adventureအဇူး လေးမှာပြောစရာရှိပါတယ်။ ဒါလေးကတော့ လူတိုင်းသိကြမဲ့ IQ team လေးက ဘာသာပြန်ခဲ့တဲ့ အပုဒ်တွေထဲက တစ်ပုဒ်ဖြစ်ပါတယ်။Completed ဖြစ်ပြီးသားပါ။ ဒါလေးကိုကြိုက်လို့ IQ Team က အရှင်းလေးဆီကနေ တင်ပြဖို့ခွင့်သွားတောင်းလာပြီး ဒီမှာပြန်လာတင်ပေးခြင်းဖြစ်ပါတယ်။ ဒီ၀တ...