1611 - 1615

58 7 0
                                    

အခန်း ၁၆၁၁
ဟင်္သာပြဒါးစားဖိုမှူးဝတ်စုံ

'မြွေသားဟုတ်လား... ရှေးဟောင်း နတ်ဘုရား နဂါးတစ်ကောင်ရဲ့အသားလို့ ဘာလို့မပြောတာလဲ...'

မြို့စားမင်း ဒရက်ကူလာနှင့် မဟာမှော်ဆရာတို့နှစ်ဦးစလုံးက ရယ်ရမည်လား ငိုရမည်လားပင် မသိတော့ချေ။ သူတို့က ဟွားနိုင်ငံသားများ မည်သည့်အချိန်မှစကာ အလိမ်တော်လာသည်ကို သိချင်သွားပေသည်။ သူတို့က ရိုးသားကြသည်ဟု လူအများက ဆိုကြသော်လည်း ယခုတွင် ၄င်းက အဓိပ္ပာယ် မရှိသည့်ပုံပင်။

ယာမာတာနို အိုရိုချီက ဘယ်သူလဲ...
သူက SSအဆင့် ဝိညာဉ် သားရဲဖြစ်ကာ ကောင်းကင်နှင့် မြေကြီးကို ထိန်းချုပ်နိုင်သည့် ဆာကူရာကျွန်း၏ ဒဏ္ဍာရီလာသားရဲဖြစ်ပေသည်။ သူတို့အတွက်ပင်မူ သူ့ကို သတ်ဖြတ်ရန်ခက်ခဲလှပေသည်။ အသားတစ်တုံးယူရမည်ဆိုသည်မှာ ပြောရန်ပင် မလိုပေ။

အဲ့လိုမျိုးဒဏ္ဍာရီလာသားရဲတွေက သူတို့ ခန္ဓာကိုယ်များကို အရမ်း တန်ဖိုးထားတာကို သူ့ကို အသားတစ်တုံး ဘယ်လိုလုပ်ပြီး ပေးလိုက်မှာလဲ...

သို့သော် လေထဲတွင် ပြည့်နှက်နေသော ရနံ့များက သူ့တို့နှာတံများကို ကျုံ့သွားစေကာ ဒရက်ကူလာနှင့် မဟာမှော်ဆရာတို့က အနည်းငယ် ဆာလောင်လာပေသည်။ အစားအသောက်ကောင်းက သူတို့ကို ဆွဲဆောင်နေဆဲဖြစ်ပေသည်။

မဟာမှော်ဆရာမှာ အလွန် ဆွဲဆောင်ခံထားရပေသည်။ သူက အလွန် အသက်ကြီးနေပြီးဖြစ်သော်လည်း သူ့ဝါသနာမှာ စားသောက်ခြင်းဖြစ်ကာ ဤဂြိုလ်ပေါ်ရှိ စား၍ရသည်အားလုံးကို မြည်းစမ်းပြီးဖြစ်သည်။ မှော်ဆရာအိုတစ်ဦးအနေဖြင့် စားသောက်ခြင်းကပင် အပန်းဖြေခြင်းကို ခံစားရစေကာ သူ့အသက်ကို ဆက်လက်ရှင်သန်နေသည်ဟု ခံစားရစေသည်။

အဝေးတွင် ဗန်ပိုင်းယားများ၏ အဓမ္မခေါ်ဆောင်ခြင်း ခံလာရသော စားဖိုမှူးများက ချက်ပြုတ်နေကြဆဲ ဖြစ်သည်။ သူတို့က အရွေးခံရကာ ကယ်တင်ခံရရန် အကောင်းဆုံး ဟင်းလျာများကို ချက်ပြုတ်ရန် လိုအပ်ပေသည်။

သို့သော် လေထဲမှ ရနံ့က သူတို့ကို အနည်းငယ် တုန်ယင်နေစေသည်။ သူတို့က ဓားများပင် မြဲမြဲ မကိုင်နိုင်တော့ပေ။ သူတို့က အနံ့ကို ဆက်လက်ရှုရှိုက်နေပြီး အလန့်တကြား ဖြစ်နေပေသည်။ သူတို့က ၄င်းက မည်သည့် ဟင်းလျာမျိုးဖြစ်သည်နှင့် မည်သူက ထိုမျှ ရနံ့ကောင်းအောင် ချက်ပြုတ်နိုင်သည်ကို သိချင်နေပေသည်။

အချက်အပြုတ် နတ်ဘုရား ( ပုဖန် ) Book 2 ( Ch 996 -      ) (ခွင့်ပြုချက်ရပြီး)Donde viven las historias. Descúbrelo ahora