1526 - 1530

180 16 0
                                    

အခန်း ၁၅၂၆
စိတ်ဝိညာဉ် ပင်လယ်နက်ထဲတွင်

ပုဖန်မှာ ကျိန်စာသင့်မြွေကို တိုက်ခိုက်ရန်အတွက် မသန်မာတော့ချေ။ မည်သို့ပင် ဆိုစေ ၄င်းက နယ်သာရီကို အမဲလိုက်နေသော ကံတရားဖြစ်ပြီး ကမ္ဘာမြေအကျဉ်းထောင်တွင် ရှိစဉ်ကတည်းက မြင်ဖူးပြီးဖြစ်သည်။ သို့သော် ဤတစ်ကြိမ်တွင် ၄င်းက သူ့အား မမျှော်လင့်ထားသော ဖိအားတစ်ခု ယူဆောင်လာပြီး ထိုဖိအားက ကြီးမားလွန်း၍ သူက အသက်ပင် ပြင်းပြင်း မရှုနိုင်တော့ချေ။

ဟင်္သာပြဒါးငှက်က ကျယ်လောင်စွာ တေးသီနေပြီး သူမ၏ တောင်ပံများကို ခတ်နေသည်။ စိတ်ဝိညာဉ်ပင်လယ်တစ်ခုလုံးမှာ သူမထုတ်လွှတ်လိုက်သည့် ကြောက်မက်ဖွယ် မီးတောက်များနှင့် ဖုံးအုပ်ထားဟန်ရပြီး ထိုမီးတောက်များက ကခုန်နေကာ မီးပင်လယ်ထဲတွင် ကျယ်ပြန့်လာပေသည်။

ရွှေရောင် နတ်နဂါးမှာ တွန့်ကွေးကာ လေထုအလယ်တွင် လှည့်ပတ်လိုက်ရာ သူ့၏ ကြေးခွံများက တောက်ပလင်းလက်လာပြီး ကျားဖြူက ခေါင်းမော့ကာ ကျယ်လောင်လှသည့် ဟိန်းသံတစ်ခု ထုတ်လိုက်ပြီး ကျိန်စာသင့် မြွေအနီးသို့ တစ်လှမ်းချင်း တိုးကပ်လာသည်။ တခြားတစ်ဖက်တွင် လိပ်နက်က မရွေ့လျားပါပေ။

မကြာမီပင် အသုံးအဆောင် ဝိညာဉ်လေးကောင်မှာ ကျိန်စာသင့်မြွေကို ဝန်းရံလိုက်ကြသည်။

"ဒါကဘာလဲ... စိတ်ဝင်စားစရာပဲ..."
လူသေအမျိုးသမီးက ၄င်းတို့ကို ငေးကြည့်ကာ သူ့နှုတ်ခမ်းထောင့်များက အနည်းငယ် ကွေးတက်သွားလေသည်။ ထို ခွန်အားကြီး ဖြစ်တည်မှုများက နတ်တစ်ပိုင်း လူတစ်ပိုင်းတစ်ဦး၏ စိတ်ဝိညာဉ် ပင်လယ်ထဲတွင် ပေါ်လာသည်ဟူသော အချက်မှာ သူက ခြားနားသည်ဟူသောအချက်ကို သက်သေပြနေသည်။

သူတို့က သူမအား ဖိအားများစွာပေးနေကာ အလွန်သန်မာပေသည်။ သို့သော် သူတို့မှာ သူမ၏ ကျိန်စာသင့်မြွေနှင့် ပြိုင်ဘက်မဟုတ်သည်ကို ယုံကြည်ချက်ရှိသည်။ မည်သို့ပင်ဆိုစေ ကျိန်စာစွမ်းအားမှာ ဤဖရိုဖရဲ စကြဝဠာထဲမှ လူများ စိတ်ကူးထားသည်ထက် သာလွန်ပေသည်။

ကျိန်စာသင့်မြွေက တရှဲရှဲမြည်နေကာ ၄င်း၏ ခန္ဓာကိုယ်က အစိမ်းရောင် တောက်ပနေသည်။ ၄င်း၏ နောက်တွင် လူသေအမျိုးသမီးက လက်နောက်ပစ်ကာ မြောလွင့်နေပြီး မထိမဲ့မြင်အမူအရာဖြင့် စောင့်ကြည့်နေလေသည်။

အချက်အပြုတ် နတ်ဘုရား ( ပုဖန် ) Book 2 ( Ch 996 -      ) (ခွင့်ပြုချက်ရပြီး)Donde viven las historias. Descúbrelo ahora