အခန်း ၁၆၃၆
အနောက်ပိုင်းခရစ်ယာန်ကျောင်းမှ ရက်စက်ကြမ်းကြုတ်သော ဖိတ်စာဖိတ်စာထဲတွင် ထောင်ခြောက်တစ်ခုကို ဖွက်ထားပေသည်။
အနောက်ပိုင်းခရစ်ယာန်ကျောင်းမှ ဖိတ်စာက ထိုသို့သောလှည့်ကွက်မျိုး ပါဝင်နေလိမ့်မည်ဟု ခေါင်းဆောင်လော့ မထင်မှတ်ထားခဲ့ပေ။
" စီနီယာ သတိထား..."
ခေါင်းဆောင်လော့၏ အမူအရာက တမဟုတ်ချင်း ပြောင်းလဲသွားသည်။ အနောက်ပိုင်းခရစ်ယာန်ကျောင်းကလည်း အရှိန်အဝါကြီးသောနေရာတစ်ခုဖြစ်သည်။ ယနေ့တွင် ကမ္ဘာမြေပေါ်၌ စိတ်ဝိညာဉ်စွမ်းအင် ပြန်လည်ရောက်ရှိလာပြီဖြစ်၍ ၎င်း၏ ဘောစ့်အဆင့်စွမ်းအားကို မည်သူမှ အထင်မသေးရဲပေ။" အဆင်ပြေပါတယ်..."
ပုဖန်က တောက်ပလာသော လက်ဝါးကပ်တိုင်ကိုကြည့်ပြီး တည်ငြိမ်နေဆဲဖြစ်သည်။ အတွင်းတွင် သတ်ဖြတ်လိုစိတ်ကို မခံစားရပေ။ အခြားစကားဖြင့်ပြောရမည်ဆိုလျှင် လက်ဝါးကပ်တိုင်က သူ့ကိုသတ်ဖြတ်ရန် ရည်ရွယ်ချက်မရှိပေ။အနောက်ပိုင်းခရစ်ယာန်ကျောင်းမှ လူများက အရူးမဟုတ်ကြပေ။ ပုဖန်က အိန္ဒိယနတ်ဘုရားအားလုံးကို သတ်ဖြတ်ပစ်လိုက်သည့် ဗီဒီယိုက အင်တာနက်ပေါ်တွင် ပျံ့နှံ့နေပြီဖြစ်ရာ သူတို့လည်း ကြည့်ရှု့ထားကြမည်မှာ ကျိန်းသေပေါက်ဖြစ်သည်။ ဤနေရာသို့ အင်မော်တယ်ဧကရာဇ်တစ်ပါး ကိုယ်တိုင်မရောက်ရှိလာသေးသရွေ့ ဖိတ်စာတစ်ခုက ပုဖန်ကို ထိခိုက်ဒဏ်ရာရစေလိမ့်မည်မဟုတ်ပေ။
လက်ဝါးကပ်တိုင်မှထွက်လာသောအလင်းရောင်က ပုဖန်ကို ချည်းကပ်လာသည်။ သူ လက်ဖျောက်တီးပြီး ၎င်းကို အစိတ်စိတ်အမြွှာမြွှာဖြစ်သွားစေလိုက်သည်။ ဖောက်ခနဲအသံဖြင့် မီးရှူးပန်း အသေးစားလေးသဖွယ်ဖြစ်သွားပြီး အလင်းအစက်အပြောက်လေးများက နောက်ဆုံးတွင် မှုန်ဝါးဝါးပုံရိပ်တစ်ခု ဖြစ်လာသည်။
၎င်းက အနီရောင်ဝတ်ရုံနှင့် လူအိုကြီးတစ်ယောက်ဖြစ်သည်။ သူ့ထံတွင် ဖြူဖွေးနေသည့် မုတ်ဆိတ်များရှိကာ ပုဖန်ကို ကြင်နာသော မျက်နှာဖြင့် ကြည့်နေသည်။
" မစ္စတာပုဖန်ကို နှုတ်ခွန်းဆက်ပါတယ်... ကျွန်တော် က အနောက်ပိုင်းခရစ်ယာန်ကျောင်းက ဘုန်းတော်ကြီးဟေဂန်ပါ..."
VOUS LISEZ
အချက်အပြုတ် နတ်ဘုရား ( ပုဖန် ) Book 2 ( Ch 996 - ) (ခွင့်ပြုချက်ရပြီး)
Aventureအဇူး လေးမှာပြောစရာရှိပါတယ်။ ဒါလေးကတော့ လူတိုင်းသိကြမဲ့ IQ team လေးက ဘာသာပြန်ခဲ့တဲ့ အပုဒ်တွေထဲက တစ်ပုဒ်ဖြစ်ပါတယ်။Completed ဖြစ်ပြီးသားပါ။ ဒါလေးကိုကြိုက်လို့ IQ Team က အရှင်းလေးဆီကနေ တင်ပြဖို့ခွင့်သွားတောင်းလာပြီး ဒီမှာပြန်လာတင်ပေးခြင်းဖြစ်ပါတယ်။ ဒီ၀တ...