အခန်း ၁၆၃၁
အညံ့ခံရန်အတွက် ကျားဖြူ၏စည်းမျဉ်းသတ်မှတ်မှု⚠️ WARNING ⚠️
(ရေးထားတဲ့အတိုင်းဘာပြန်ဆိုခြင်းဖြစ်ပါတယ် မည်သူ့ကိုမှ တိုက်ခိုက်စော်ကားလိုခြင်းအလျင်းမရှိပါ စိတ်ကူးယဥ်စာပေအနေအဖြစ်သာဖတ်ပေးဖို့ မေတ္တာရပ်ခံပါတယ် )မြေပြင်က တုန်ယင်လာပြီး တောင်တန်းများက လှုပ်ခါလာသည်။ ယခုအချိန်တွင် ကမ္ဘာတစ်ခုလုံးက တိုက်ပွဲကို ကြည့်ရှု့နေကြသည်။
ရှောင်အိုက်၏လက်များက တုန်ယင်နေ၍ ဗီဒီယိုကို အဆက်မပြတ်လှုပ်ခါနေစေသည်။ စူပါအထူးပြုလုပ်ချက်နှင့်တူသောမြင်ကွင်းက အားလုံး၏ အသက်ရှုသံများကို ယူဆောင်သွားတော့သည်။
ဘရာမာက အိန္ဒိယမှ နတ်ဘုရားအားလုံးကိုဦးဆောင်ပြီး ပုဖန်ကို ချေမှူန်းဖြစ်ရန် ကြံရွယ်ထားသည်။ ထူးဆန်းသောနတ်ဘုရားအစုအဝေး၏အောက်တွင် ပုဖန်၏ ပုံရိပ်ငယ်လေးက အားလုံး၏ အကြည့်များကို ဆွဲဆောင်ထားသည်။ နတ်ဘုရားများစွာကို တစ်ယောက်တည်း ရင်ဆိုင်တိုက်ခိုက်နေရသည့်အတွက် လူအများစုက သူ့အတွက် ဝမ်းနည်းနေကြသည်။
ကမ္ဘာကြီးက တုနှိုင်းမဲ့ပါရမီရှင်တစ်ယောက်ကို မြှုပ်နှံတော့မည့် လှောင်အိမ်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်ဟု ထင်ရသည်။
ပုဖန်က တုနှိုင်းမဲ့ ပါရမီရှင်တဲ့လား... အဲဒါက သေချာပေါက်မှန်နေတာပဲလေ...သူ ပြုလုပ်ခဲ့သည့်အရာများက ဟွားနိုင်ငံမှ လူများသာမက သူနှင့် အနီးစပ်ဆုံးလူများဖြစ်သည့် ခေါင်းဆောင်လော့နှင့် ရှောင်အိုက်တို့ကိုပါ ထိတ်လန့်စေခဲ့သည်။ ပုဖန်က မည်မျှကြောက်စရာကောင်းပြီး အံ့ဩဖွယ်ရာဖြစ်သည်ကို သူတို့ကောင်းကောင်းသိကြသည်။
သူက ကောင်းကင်ဘုံကိုပင် ဖီဆန်နိုင်သည့် တည်ရှိမှုဖြစ်သည်။ သို့ရာတွင်လည်း သူက ကောင်းကင်ဘုံ၏ ဖိနှပ်ခြင်း ခံရတော့မည်ဖြစ်သည်။ အိန္ဒိယ၏ ကြီးမြတ်သောမဟာနတ်ဘုရား ဘရာမာက သူ့ကိုနတ်ဘုရားစစ်တပ်ကြီးဖြင့် တိုက်ခိုက်နေသည်။ ၎င်းက မျှော်လင့်ချက်မဲ့သော အခြေအနေဖြစ်သည်။
DU LIEST GERADE
အချက်အပြုတ် နတ်ဘုရား ( ပုဖန် ) Book 2 ( Ch 996 - ) (ခွင့်ပြုချက်ရပြီး)
Abenteuerအဇူး လေးမှာပြောစရာရှိပါတယ်။ ဒါလေးကတော့ လူတိုင်းသိကြမဲ့ IQ team လေးက ဘာသာပြန်ခဲ့တဲ့ အပုဒ်တွေထဲက တစ်ပုဒ်ဖြစ်ပါတယ်။Completed ဖြစ်ပြီးသားပါ။ ဒါလေးကိုကြိုက်လို့ IQ Team က အရှင်းလေးဆီကနေ တင်ပြဖို့ခွင့်သွားတောင်းလာပြီး ဒီမှာပြန်လာတင်ပေးခြင်းဖြစ်ပါတယ်။ ဒီ၀တ...