1596 - 1600

121 11 0
                                    

အခန်း ၁၅၉၆
တောင်းပန်ပါတယ် ကျုပ်ခဏတဖြုတ် သတိလက်လွတ်ဖြစ်သွားလို့ပါ...

ကျည်ဆန်များက ကော်နှင့်ကပ်ထားသကဲ့သို့ လေထဲတွင် ရပ်တန့်သွားသည်။ ၎င်းတို့ ပေါလောပေါ်နေသည့်မြင်ကွင်းက အံ့ဩစရာကောင်းသော်လည်း နေသားမကျဖွယ်ရာဖြစ်နေသည်။ အနည်းဆုံး ထိုနေရာ‌တွင်ရှိနေသည့်လူအားလုံး မျက်လုံးများပြူးကျယ်ပြီး ပါးစပ်အဟောင်းသားဖြစ်ကုန်ကြသည်။

ကိုးမြီးမြေခွေးက ထိုလူငယ်။လေးကို ခင်တွယ်သောကြောင့် ပထမဦးစွာ အံ့အားသင့်သွားရပြီးသည့်နောက်တွင် ပေါလောပေါ်နေသောကျည်ဆန်များကြောင့် ထိတ်လန့်သွားရသည်။ ကျည်ဆန်များကိုပင် အေးခဲသွားစေသည့် လှည့်ကွက်ကို သူတို့တစ်ယောက်မှ မသိကြပေ။

" သူ... သူက Sအဆင့် အထူးလူသားလား... စိတ်စွမ်းအားရှိတဲ့အထူးလူသားမျိုးထင်တယ်..."

ခေါင်းဆောင်လော့၏ နှုတ်ခမ်းကမဲ့သွားပေသည်။
ငါသိနေတယ်... ဒီလူက တကယ့်ကို အထူးလူသားပဲ... သူက ရုပ်ဖျက်တဲ့နေရာမှာ တော်တာပဲ... ပြီးတော့ ကိုးမြီးမြေခွေးက သူ့ကိုဘာလို့ ခင်နေရတာပါလိမ့်...

ကိုးမြီးမြေခွေးက သူနှင့်ခင်မင်ပြီး သူချက်ပြုတ်သည့်ဟင်းပွဲများကို စားသည်ဟု ပုဖန်ပြောခဲ့သည်များကို ရုတ်တရက်တွေးမိသွားသည်။

ထိုအတွေးကြောင့် ခေါင်းဆောင်လော့ ဆတ်ခနဲတုန်ယင်လာသည်။
သူက ကိုးမြီးမြေခွေးကို တကယ်ပိုင်တာများလား... "ဟွား"ဘက်မှာ အဲ့လောက်တော်တဲ့ သားရဲဆရာသခင်တစ်ယောက် ဘယ်တုန်းက ရှိသွားတာပါလိမ့်... ပြီးတော့ သူက ကျန်းတုန်ကို ဘာဖြစ်လို့ ရောက်လာတာလဲ...

ပုဖန်က မြေခွေးဖြူလေး၏ခေါင်းကို ပွတ်သပ်လိုက်ပြီးနောက သူမကို ရင်ခွင်ထဲထည့်၍ ဖက်ထားလိုက်သည်။ သူမလည်ပင်းတွင် သားရဲချည်နှောင်ကြိုးဟုခေါ်သည့် အနီရောင်အလင်းစက်များ တောက်ပနေသည့် သတ္တုကော်လံတစ်ခု ရှိနေသည်။ ပုဖန်က မျက်မှောင်ကြုတ်လျက် ၎င်းကိုဆွဲဖြုတ်ပြီး အမှိုက်တစ်ခုသဖွယ် မြေကြီးပေါ် ပစ်ချလိုက်သည်။

‌ခေါင်းဆောင်လော့က အံ့ဩလွန်း၍ ဘာပြောရမည်မသိဖြစ်သွားသည်။ ၎င်းက နိုင်ငံတော်သဘာဝလွန်အေဂျင်စီမှ သုတေသနပြုလုပ်ပြီး တီထွင်ထား‌သော သားရဲချည်နှောင်ကြိုးဖြစ်ပြီး Sအဆင့် ဝိညာဉ်တစ်ကောင်သည်ပင် မလွှတ်နိုင်သော ကိရိယာတစ်ခုဖြစ်ပေသည်။
အဲဒါက ဘာလို့ စက္ကူတစ်ရွက်လိုမျိုး ပြဲသွားရတာလဲ...

အချက်အပြုတ် နတ်ဘုရား ( ပုဖန် ) Book 2 ( Ch 996 -      ) (ခွင့်ပြုချက်ရပြီး)Where stories live. Discover now