1136 - 1140

255 25 1
                                    

အခန်း ၁၁၃၆
ယဇ်ပူဇော်ဟင်းပွဲများ၏ ပြုပြင်မွမ်းမံထားသောချက်ပြုတ်နည်းအညွှန်းများ

အခြားလူများက သူ့ကိုမည်သို့ခေါ်သည်ကို ပုဖန်ဂရုမစိုက်ပေ။

ထို့အပြင် သူ၏အမြင်အရ မီးဖိုချောင်၏မင်းဆိုးမင်းညစ်ဟု ခေါ်ခြင်းကို ချီးကျူးစကားဟု သတ်မှတ်နိုင်သည်။
တကယ်လို့ တစ်စုံတစ်ယောက်က မီးဖိုချောင်ကို အပြည့်အဝမချုပ်ကိုင်ထားနိုင်ရင် စားဖိုမှူးကောင်းတစ်ယောက် ဘယ်လိုဖြစ်လာမှာလဲ ...

ခေါင်းဆောင်စားဖိုမှူးတစ်ယောက်ဖြစ်ပြီး အချောင်လိုဖို့နဲ့ ပါဝင်ပစ္စည်းတွေက်ို တွက်ကပ်နေတတ်တဲ့ အမိန့်မနာခံတဲ့ လက်ထောက်စားဖိုမှူးတွေကို က်ိုင်တွယ်ရမယ်ဆိုရင် မီးဖိုချောင်က ဘယ်လိုဖြစ်လာမလဲ ... သေချာပေါက်ကို ဆိုးရွားတဲ့လေထုကြီးဖြစ်နေမှာပဲ ...

ပုဖန် တစ်ကြိမ်ခန့်စစ်ဆေးကြည့်လိုက်သောအခါ အနည်းဆုံး လက်ထောက်စားဖိုမှူးတစ်ဝက်ခန့်က အလုပ်ကို ဖြတ်လမ်းနည်းဖြင့်လုပ်ပြီး ပါဝင်ပစ္စည်းများကိုလည်း ခိုကပ်ထားကြသည်။ တစ်နည်းအားဖြင့်ဆို‌ရသော်  ထိုစားဖိုမှူးများက အလုပ်ကိုသေသေချာချာ မလုပ်ပေ။

အဘယ့်ကြောင့်ဆိုသော် ထိုလူများက မီးဖိုချောင်တွင်သာ အမြဲချက်ပြုတ်နေရသောကြောင့် ပါဝင်ပစ္စည်းများ ကိုင်တွယ်ပုံကိုနေသားကျသွားပြီး အမှတ်တမဲ့ဖြင့် အဆင့်တစ်ချို့ကို ကျော်သွားခြင်းဖြစ်သည်။

ဥပမာအားဖြင့်ပြောရသော် အခွံအားလုံးပြောင်စင်အောင် ခွာရမည့် ပါဝင်ပစ္စည်းများပေါ်တွင် အခွံများကျန်နေခြင်းမျိုးဖြစ်သည်။ ထို့အပြင် အခွံခွာပြီးပါကလည်း သေချာစွာ မဆေးကြောကြပေ။

အခြားသူများအတွက် ထိုလုပ်ငန်းစဉ်များမှာ သတ်မပြုမိဖွယ် သို့မဟုတ် အရေးမကြီးသည့်ကိစ္စများဟုလည်း တွေးနိုင်သည်။ သို့ရာတွင် ပုဖန်အတွက် ထိုအဆင့်များက ကျန်ခဲ့၍မရပေ။ အဆက်မပြတ်တိုးတက်စေရန်အတွက် ချက်ပြုတ်ရာတွင် အလွန်တင်းကြပ်သော လိုအပ်ချက်များရှိသည်။

ဒါကို ရိုးရိုးရှင်းရှင်း ငြင်းဆိုနိုင်ပေမယ့် အလုပ်ကို လစ်လျှူရှုပြီး ပါဝင်ပစ္စည်းတွေကို တွန့်တိုနေမယ်ဆိုရင် ဒါဟာ လက်ခံနိုင်စရာ မရှိပါဘူး...

အချက်အပြုတ် နတ်ဘုရား ( ပုဖန် ) Book 2 ( Ch 996 -      ) (ခွင့်ပြုချက်ရပြီး)Where stories live. Discover now