1181 - 1185

297 29 2
                                    

အခန်း ၁၁၈၁
နယ်ပယ်သခင်တိထိုက် တွေးလိုက်မိတယ် ...

ပုဖန်က သူ့ကိုဖောက်ခွဲပြီးသတ်ပစ်ပြီးရင် သူ့ရဲ့ အဖော်အချွတ်အနုပညာကိုလက်ဆင့်ကမ်းယူချင်တယ်လို့ နယ်ပယ်သခင်တိထိုက် တွေးလိုက်မိတယ် ... မဟုတ်ရင်သူကဆွေးမြေ့အိုးကို ချက်မယ်တဲ့လား ...

ဒီအိုးရဲ့ကြောက်စရာစွမ်းအားကြီးကို သူကောင်းကောင်းသိတယ် ... ဒါက သူတော်စင်ငယ်တစ်ယောက်ကိုတောင် သတ်ပစ်နိုင်တယ်လေ ...

အခု ပုဖန်က သူ့ကို အဲ့ဒီဆွေးမြေ့အိုးကြီးကို စားခိုင်းတယ်တဲ့လား ...

နယ်ပယ်သခင်တိထိုက်၏ မျက်နှာက နီရဲလာသည်။ သူက ပုဖန်ကို ခြောက်သွေ့အိုးသာ ချက်ခိုင်းခြင်းဖြစ်သည်။ ဆွေးမြေ့အိုး မဟုတ်ပေ။

ဘေးမှလူများက ပုဖန်လက်ထဲမှ ဆွေးမြေ့အိုးကို မြင်ကြသည့်အခါ ကြောက်ရွံ့မှုကြောင့် တသိမ့်သိမ်တုန်နေကြသည်။ ၎င်းအတွင်းမှ အလွန်အမင်းကြောက်မက်ဖွယ်ကောင်းလှသောစွမ်းအားကို ခံစားမိကြသည်။

ဆွေးမြေ့အိုးက ပုဖန်၏ မဟာသတ်ဖြတ်ရေးလက်နက်ဖြစ်ကြောင်း  သူတို့မသိကြပေ။ ထိုသို့မဟုတ်ပါက ငတုံးများကဲ့သို့ စပ်စပ်စုစုဖြင့် ဟင်းလျာကိုကြည့်နေကြမည့်အစား ထွက်ပြေးကြမည်သာဖြစ်သည်။

သို့ရာတွင် မုန့်ချီနှင့် ကုန်းရှို့ပန်ကဲ့သို့ ဆွေးမြေ့အိုး၏စွမ်းအားကို မျက်စိနှင့်တပ်အပ်မြင်ခဲ့သူအများအပြားလည်း ရှိနေသည်။

မုန့်ချီ မျက်ဆံလှန်လိုက်သည်။ နယ်ပယ်သခင်တိထိုက်ကို အပြည့်အဝဖော်ညွှန်းသည့် စကားစုတစ်ရပ်ကို မုန့်ချီ တွေးမိသွားသည်။
' မင်းသာ မိုက်မဲတဲ့ကိစ္စတွေကို မလုပ်ရင် ဘယ်သူမှ မင်းဆီလာပြီး သောက်ခွက်ရိုက်မှာ မဟုတ်ဘူး ... ဒါပေမဲ့ လုပ်မိရင်တော့ သောက်ခွက်ရိုက်ခံရဖို့ သေချာသလောက်ပဲ '

' ပုဖန်ကို ဘာလို့ ခြောက်သွေ့အိုးကိုချက်ခိုင်းလိုက်တာလဲနယ်ပယ်သခင်ရယ် ... ဒီဟင်းပွဲက ကမ္ဘာငယ်လေးတစ်ခုလောက်ကို ဖျက်ဆီးပစ်နိုင်တာသိရဲ့သားနဲ့ စိတ်ဓာတ်ကျမှုတွေ ခံစားပြီး မြည်းကြည့်ချင်တာလား ... အခုတော့ ဆန္ဒတွေ ပြည့်ဝသွားပြီးမလား ... သူကဆွေးမြေ့အိုးကြီး ပြင်ဆင်လာပြီလေ '

အချက်အပြုတ် နတ်ဘုရား ( ပုဖန် ) Book 2 ( Ch 996 -      ) (ခွင့်ပြုချက်ရပြီး)Hikayelerin yaşadığı yer. Şimdi keşfedin