အခန်း ၁၄၄၆
ငါဆိုတဲ့ အူသံက မလုပ်ရဲတဲ့အရာမရှိဘူးရေကန်အတုက ပေါက်ကွဲသွသည်။ အတွင်းမှရေများက မိုးရွာသွန်းသကဲ့သို့ ကောင်းကင်မှ ကျဆင်းလာသည်။
ပုဖန်က ရေကန်၏အလယ်တည့်တည့်တွင် ရပ်နေ၍ ရေများက သူ့အပေါ်ကျလာသည်။ လေထဲတွင်ပြည့်နေသည့် ကြောက်မက်ဖွယ်ဖိအားက အားလုံးကို ထိတ်လန့်သွားစေသည်။ အားလုံး၏ရင်ထဲတွင် ကျောက်တုံးတစ်တုံးကို ဖိထားသကဲ့သို့ အသက်ရှုရ ခက်ခဲလာသည်။
မော့မိသားစုရဲ့ အဆင့်မြင့်နတ်ဘုရားတဲ့လား...
မင်းသား၅၏မျက်လုံးများ အရောင်လက်သွားပြီး ခုံတွင် ပြန်မှီနေလိုက်သည်။ အဆင့်မြင့်နတ်ဘုရားများက မိသားစုတိုင်း၏ ထိပ်တန်းအင်အားများဖြစ်ကြပြီး ၎င်းတို့ကို ပိုင်ဆိုင်ထားသောမိသားစုများကိုသာ သူကောင်းမျိုးမိသားစုများဟု ခေါ်သည်။ နတ်ဘုရားမင်းဆက်၏ ထိပ်တန်းသူကောင်းမျိုးမိသားစုသုံးစုတွင်ဆိုလျှင် အပြည့်စုံဆုံးအဆင့် နတ်ဘုရားများပင်ရှိသည်။
မော့မိသားစုက အဆင့်မြင့်နတ်ဘုရားတစ်ပါးတည်းသာ ပေါ်ထွက်လာသော်လည်း အလွန်ကြောက်စရာကောင်းနေပြီးဖြစ်သည်။ နတ်တစ်ပိုင်းတစ်ယောက်က အဆင့်မြင့်နတ်ဘုရားတစ်ပါးကို တိုက်ခိုက်နိုင်စရာအကြောင်းမရှိပေ။ အိမ်ရှေ့စံမင်းသားသည်ပင် ထိုသို့ပြုလုပ်နိုင်စွမ်းမရှိပေ။
" အဲဒါ လွန်ခဲ့တဲ့ ၅နှစ်ကမှ အဆင့်မြင့်နတ်ဘုရားဖြစ်လာတဲ့ မော့ဖုန်းပဲ... သူက ဒီနယ်ပယ်မှာ လူသစ်ဆိုပေမယ့် ဒီကောင်လေးကိုရင်ဆိုင်ဖို့ဆို လုံလောက်နေပြီ..."
မင်းသား၅၏ဘေးမှ လူအိုကြီးက ပြောလိုက်သည်။တော်ဝင်မိသားစုများထဲတွင် သူကောင်းမျိုးမိသားစုတိုင်းက ထိပ်တန်းတိုက်ခိုက်ရေးသမားများ၏ အသေးစိတ်မှတ်တမ်းများရှိသည်။ နတ်ဘုရားမင်းဆက်တစ်ခုလုံးကို အုပ်ချုပ်ရန်ဆိုပါက တော်ဝင်မိသားစုက အရာအားလုံးကို ထိန်းချုပ်နိုင်ရမည်ဖြစ်သည်။
" စိတ်ဝင်စားစရာပဲ... အခု အဆင့်မြင့်နတ်ဘုရားပါ ထွက်လာပြီဆိုတော့ အဲ့စားဖိုမှူးက မကြာခင် သေတော့မှာပေါ့..."
မင်းသား ၅က ပြောလိုက်သည်။ သူ့လေသံထဲတွင် နောင်တရသည့် အရိပ်အယောင်များ ပါဝင်နေသည်။
YOU ARE READING
အချက်အပြုတ် နတ်ဘုရား ( ပုဖန် ) Book 2 ( Ch 996 - ) (ခွင့်ပြုချက်ရပြီး)
Adventureအဇူး လေးမှာပြောစရာရှိပါတယ်။ ဒါလေးကတော့ လူတိုင်းသိကြမဲ့ IQ team လေးက ဘာသာပြန်ခဲ့တဲ့ အပုဒ်တွေထဲက တစ်ပုဒ်ဖြစ်ပါတယ်။Completed ဖြစ်ပြီးသားပါ။ ဒါလေးကိုကြိုက်လို့ IQ Team က အရှင်းလေးဆီကနေ တင်ပြဖို့ခွင့်သွားတောင်းလာပြီး ဒီမှာပြန်လာတင်ပေးခြင်းဖြစ်ပါတယ်။ ဒီ၀တ...